ရိုးရှင်းသောဘဝကိုနေထိုင်နိုင်ဖို့ ဒီအချက် ၄ ချက်ကိုလိုက်နာပါ။

အကောင်းမြင်ခြင်းနဲ့ အဆိုးမြင်ခြင်းကြားမှာ ခြားနားမှုရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ အဲဒါက အဖြူနဲ့အမည်း၊ အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှားလိုပါပဲ။ အဲဒါကြောင့် ပိုကောင်းတဲ့ဘဝကို နေထိုင်နိုင်ဖို့ အကောင်းမြင်တတ်ဖို့ လိုပါတယ်။ အကောင်းမြင်တတ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့က သင်ဘာလုပ်လုပ်၊ ဘယ်နေရာရောက်ရောက်၊ သင်ဘယ်သူပဲဖြစ်နေနေ သင့်ကိုယ်သင်ထိန်းချုပ်ဖို့ပဲ လိုတာပါ။ လောကမှာ ဘယ်အရာကိုမှ ကျွန်တော်တို့မထိန်းချုပ်နိုင်ဘူးမဟုတ်လား၊ အဲဒီ့တော့ ကိုယ့်ကိုကိုယ်ပဲ အကောင်းမြင်တတ်အောင် ထိန်းချုပ်လိုက်ရတာပေါ့။ အဲလိုထိန်းချုပ်နိုင်ဖို့အတွက် အရိုးရှင်းဆုံး အချက် ၄ချက် ဖော်ပြပေးလိုက်ပါတယ်။ သင့်ရဲ့အဆိုးမြင်နေတဲ့စိတ်တွေ အကောင်းဘက်ကို စတင်ပြောင်းလဲကြည့်လိုက်ပါ။


၁) သင့်ရဲ့စိတ်ကို ထိန်းချုပ်ပါ။
ကျွန်တော်တို့ရဲ့ အပြုအမူတွေ၊ တုံ့ပြန်မှုတွေကို ကျွန်တော်တို့ရဲ့အလေ့အကျင့်တွေကပဲ ထိန်းချုပ်နိုင်တယ်ဆိုတာ သိပါသလား။
ဥပမာဆိုရရင် မနက်စောစောထမယ်ဆိုတဲ့အတွေးနဲ့ alarm ပေးထားပြီး alarm ကိုပိတ်ပြီး ပြန်အိပ်ခြင်းက မကောင်းတဲ့ တုံ့ပြန်မှုကိုဖြစ်စေတာပါပဲ။ မနက်စောစောထမယ်ဆိုတဲ့အတွေးကိုတော့ သင်က alarm ပေးခြင်းနဲ့ ပြီးမြောက်အောင်လုပ်ယူတယ်၊ ဒါပေမယ့် alarm ကိုပိတ်ပြီးပြန်အိပ်လိုက်တာက သင့်ရဲ့မကောင်းတဲ့အကျင့်ဖြစ်သွားပါပြီ။ အဲဒါကို ထိန်းချုပ်ဖို့အတွက် သင့်ကိုသင်ထိန်းချုပ်ဖို့လိုပါတယ်။ အဲဒါကြောင့် သင့်ကိုသင်ပြောဖို့က “မနက် အိပ်ရာစောစောထဖြစ်အောင်ထမယ်၊ alarm မြည်တနဲ့ထဖြစ်အောင်ထမယ်” ပြီး သင့်ကိုသင်သတိပေးပြီး တကယ်လုပ်ဖို့ သတိပေးထားပါ။ အဲဒါက သင့်ကိုသင်ထိန်းချုပ်ဖို့အတွက် အလွယ်ဆုံးအဆင့်ပါပဲ။
၂) အကောင်းမြင်တဲ့စကားလုံးတွေကို မှတ်သားထားပါ။
အကောင်းမြင်စေတဲ့စကားလုံးတွေကို မှတ်သားထားဖို့ သင့်ရဲ့ဦးနှောက်ကို
တွန်းအားပေးပါ။ သင့်စကားလုံးတွေက သင့်ကို ပြောင်းလဲပေးပါလိမ့်မယ်။
သင့်ရဲ့စိတ်ဓာတ်ကို အကောင်းမြင်တဲ့စကားလုံးတွေနဲ့ ပြန်ပြီးတည်ဆောက်ဖို့ ကြိုးစားပါ။
အကောင်းမြင်တဲ့စကားလုံးတွေကို သင်က စတင်ပြီးအသုံးပြုလိုက်တာနဲ့ သင့်ကိုယ်ပိုင်အတွေးအပေါ်မှာ အကျိုးသက်ရောက်မှုရှိရုံမက သင့်ပတ်ဝန်းကျင်က လူတွေအတွက်လည်းပဲ
ပိုပြီး သက်ရောက်မှုရှိပါတယ်။ (ငါမလုပ်နိုင်ဘူးလို့….တွေးမယ့်အစား၊ ငါလုပ်နိုင်တယ်….လို့ တဖွဖွရွတ်ကြည့်တာမျိုးက တကယ်အကျိုးသက်ရောက်မှုရှိတာကို လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။)
အကောင်းမြင်ပြီးပျော်ရွှင်တတ်တဲ့သူတွေက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာသာမကဘူး သူတို့ပတ်ဝန်းကျင်က အခြားသူများကိုပါ သူတို့ရဲ့အပျော်တွေကူးစက်လာတတ်ပါတယ်။ အပြုံးတစ်ခုက အမြဲတမ်းအခြားအပြုံးတစ်ခုနဲ့တွေ့ဆုံရတာပါပဲ။ အကောင်းမြင်စိတ်က ပိုပြီးကောင်းတဲ့အရာတစ်ခုနဲ့သာ တွေ့ဆုံစေမှာပါ။
၃) အရေးကြီးတာကိုသာ အာရုံစိုက်ပါ။
သင့်ဘဝမှာ ကောင်းခြင်းတွေကော ဆိုးခြင်းတွေကို ယှဉ်တွဲလျက်ဖြစ်နေနိုင်တယ်ဆိုတာ
သင်နားလည်သဘောပေါက်ထားပြီးဖြစ်မှာပါ။ ဒါပေမယ့် ဘယ်တစ်ခုကို သင်ထိန်းချုပ်မလဲဆိုတာက
သင့်အပေါ်အကျိုးသက်ရောက်စေမှာပါ။
သင့်စွမ်းရည်တွေကို ဘာမှအရေးမကြီးတဲ့ကိစ္စတော်တော်များများမှာ အချိန်ဖြုန်းမိတာ ဘယ်နှစ်ကြိမ်လောက်ရှိနေပြီလဲ။ တကယ်က အရာအရာတိုင်းကို ကျွန်တော်တို့
လိုက်ဂရုစိုက်နေစရာမလိုပါဘူး။ သင့်ကွယ်ရာမှာ ဘယ်သူတွေက သင့်ကိုဘယ်လိုပြောနေတယ်ဆိုတာ သင်ဂရုစိုက်နေစရာမလိုပါဘူး။ အရာရာတိုင်းမှာ လိုက်ပြီး
ဂရုစိုက်နေတဲ့အခါ သင့်စွမ်းအင်တွေအလကားဖြုန်းတီးသလိုဖြစ်နေပြီး အဆုံးသတ်မှာတော့
သင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။သင့်အတွက်ဦးစားပေးသင့်တာက ဘာလဲ၊ ဘယ်အရာက
သင့်ဘဝအတွက်အရေးကြီးတာလဲ။ သင်ဘာတွေ ဂရုစိုက်နေမိသလဲ။
အရာရာတိုင်းကိုလိုက်ဂရုစိုက်မိနေတာတွေကို ရပ်တန့်ပစ်လိုက်ပါ။
သင့်ဘဝအတွက်တကယ်အရေးကြီးတဲ့ကိစ္စမျိုးမှာသာ အာရုံစိုက်ပါ။
၄) No လို့ပြောတတ်ပါစေ။
အချို့သောလူတွေမှာ no လို့ပြောဖို့ ခက်နေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ no လို့ပြောလိုက်ခြင်းက အခြားသူများကို နှိမ်ချလိုက်သလိုမျိုး၊ အခွင့်အရေးတွေကို လက်လွှတ်လိုက်ရသလိုမျိုးကို ဖြစ်စေတယ်ထင်လို့ပါ။
Yes နဲ့ no စကားလုံးနှစ်လုံးမှာ No လို့ပြောခြင်းက မကောင်းတဲ့အပြောမျိုးဖြစ်ပြီး Yes လို့ပြောခြင်းကတော့ အကောင်းဘက်ကပြောတဲ့အဓိပါ္ပယ်လို့ တော်တော်များများက ယူဆထားလို့ပါ။ လူတွေမေ့နေတတ်ကြတာက အရာရာတိုင်းကို ကျွန်တော်တို့လိုက်ပြီး yes မပြောနိုင်ပါဘူးဆိုတာပါပဲ။
ဥပမာ သင့်ရဲ့သူဌေးက ပရောဂျက်တွေပြီးဖို့အတွက် အလုပ်နောက်ကျမှဆင်းလို့ဖြစ်မလား မေးတဲ့အခါ သင်က yes လို့ပဲဖြေချင်မှာပါ။ ဘာလို့လဲဆိုတော့ သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေချင်လို့ပါပဲ။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့ကလေးနဲ့အတူဆော့ကစားပေးမယ့်အချိန်ကို လျော့လိုက်ရပါမယ်။ သင့်ကလေးကို ကတိပေးထားတယ်ဆိုရင်တောင်မှ သင့်ရဲ့အလုပ်တွေအတွက် အချိန်ပိုပေးရတော့မယ်မဟုတ်လား။
သင်ကအမြဲတမ်းတစ်ခုကိုပဲ ရွေးချယ်နိုင်တာမဟုတ်လား၊ တစ်ခုကိုရွေးချယ်လိုက်တဲ့အခါ နောက်တစ်ခုကိုတော့ လက်လွှတ်လိုက်ရတာပါပဲ။ အားလုံးကို လုပ်နိုင်တာက အရမ်းကို ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အားလုံးကို လိုက်လုပ်ဖို့တော့ မတတ်နိုင်ပါဘူး။
အဲဒါကြောင့် no လို့ပြောတတ်ဖို့ သင်ယူသင့်ပါတယ်။ ဒီအဆင့်က အရမ်းကို ရိုးရှင်းလွယ်ကူပြီး နောက်တစ်ဆင့်ကိုတက်ဖို့အတွက် ပိုပြီးလွယ်ကူသွားစေပါလိမ့်မယ်။ သင်တကယ်လိုအပ်တာကဘာလဲ၊ တကယ်မလိုအပ်တာကဘာလဲ ဆိုတာ သဲသဲကွဲကွဲသိပြီး မလိုအပ်တာတွေအတွက်ဆို no လို့ပြောဖို့လိုအပ်ပါတယ်။
အထက်ပါအချက်တွေက အကောင်းမြင်တတ်တဲ့စိတ်ထားဖြစ်လာအောင် လုပ်ဆောင်ဖို့ အရိုးရှင်းဆုံးအဆင့်တွေပါပဲ။ လိုက်လုပ်ကြည့်ပြီး ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင် လွယ်ကူစွာပြုပြင်နိုင်ကြပါစေ။
https://www.lifehack.org/817201/positive-life လင့်မှဘာသာပြန်ဖော်ပြထားပါတယ်။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။