ရင်ကျပ်ပန်းနာရှိသူတို့ ရှောင်ကျဉ်သင့်သည့်အရာများ

ပန်းနာရင်ကျပ်ရောဂါသည် များသောအားဖြင့် ငယ်စဉ်ကတည်းက ဖြစ်လေ့ဖြစ်ထရှိသောရောဂါဖြစ်ပါတယ်။ အဓိကက ဓာတ်မတည့်ခြင်းနဲ့ မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်တတ်ပါတယ်။ ရင်ကျပ်ရှိသူက မိမိနဲ့မတည့်တဲ့အနံ့၊ အငွေ့၊ စသတို့ကို မှတ်သားထားပြီး ရှောင်ကြည်မှဖြစ်မှာပါ။ များသောအားဖြင့်တော့ စူးရှတဲ့အနံများ၊ အမွှေးနံ့ ဒါမှမဟုတ် အနံဆိုးများ၊ အမှုန်အမွှားများ၊ တိရိစ္ဆာန်အမွှေးအမျှင်များ စသည်တို့ကြောင့်အဖြစ်များတတ်ပါတယ်။ အဲဒါကြောင့်ရင်ကျပ်ရှိသူတွေမှာ အကြမ်းဖျင်းရှောင်ကြည်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) လူစုလူဝေးများတဲ့နေရာတွေ ရှောင်ပါ။
၂) လူအများ ဆေးလိပ်သောက်တတ်တဲ့နေရာတွေ ရှောင်ပါ။
၃) အိပ်ရာ၊ အိပ်ခန်းထဲကို အိမ်မွေးတိရိစ္ဆာန်တွေကို မဝင်ပါစေနဲ့။
၄) အိမ်သန့်ရှင်းရေးသုံး ဓာတုပစ္စည်းတွေကို ကိုင်တွယ်ခြင်း ရှောင်ပါ။
၅) စိတ်ဖိစီးမှုကို လျော့ချပါ။
၆) လေထုထဲက သန့်စင်မှုကို သတိထားပါ။ (လေထုမသန့်ရှင်းတဲ့အခါ ဓာတ်မတည့်ခြင်းဖြစ်နိုင်လို့ပါ)
၇) သင့်ပတ်ဝန်းကျင်ကလူတွေကို သင့်မှာ ရင်ကျပ်ရောဂါရှိကြောင်း အသိပေးထားပါ။
၈) တစ်ပတ်မှာ အနည်းဆုံးတစ်ခါလောက်တော့ အိပ်ရာတွေကို ရေနွေးနဲ့လျှော်ဖွတ်ပါ။
၉) သင့်အိမ်ထဲမှာ ဆေးလိပ်သောက်ဖို့ ခွင့်မပြုပါနဲ့။
၁၀) သန့်ရှင်းရေး လုပ်ရတဲ့အခါ mask တပ်ထားပါ။
၁၁) တစ်ပတ်မှာ နှစ်ကြိမ်ခန့် ုဖုန်စုပ်စက်ဖြင့် စုပ်ပါ၊ ဒါမှ မဟုတ် သန့်ရှင်းပါ။
အထက်ပါအချက်လေးတွေက အကြမ်းဖျင်းဖော်ပြထားတာဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်တဲ့အတွက် မိမိနဲ့ မတည့်တဲ့၊ ရင်ကျပ်စေတဲ့အကြောင်းအရာတွေကို မှတ်သားထားပြီး သတိတရနဲ့ ရှောင်ရှားသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။