ရည်မှန်းချက်ရှိသူနဲ့မရှိသူကြားခြားနားချက်

ရည်မှန်းချက်ရှိခြင်းက ဘဝအတွက် ဘယ်လိုအရေးပါသလဲဆိုတာမျိုးဖော်ပြပေးခဲ့ဖူးပါတယ်။ တကယ်တော့ ရည်မှန်းချက်ရှိခြင်းက ဘဝကို ရှင်သန်ဖို့အဓိပ္ပါယ်ရှိစေသလို၊ မျှော်လင့်ချက်အသစ်တွေပေါ်ပေါက်လာစေပါတယ်။ အင်အားအသစ်တွေလည်းဖြစ်ပေါ်စေပါတယ်။ အဲဒါနဲ့ခြားနားစွာ ရည်မှန်းချက်မရှိတဲ့သူတွေရဲ့ဘဝကျပြန်တော့ အင်မတန်လွတ်လပ်ပေါ့ပါးပါတယ်။ ဒါပေမယ့် ဘဝက အဓိပါ္ပယ်မဲ့လှပါတယ်။ ရည်မှန်းချက်ရှိသူနဲ့မရှိသူရဲ့ခြားနားချက်ကိုဖော်ပြပေးလိုက်ပါတယ်။


၁) ဘဝကိုရှင်သန်ပုံအဓိပါ္ပယ်ချင်းကွာခြားပါတယ်။
ဘဝအတွက် ရည်မှန်းအတိုင်း လိုက်ပါရှင်သန်နေတဲ့သူတွေက တခုဖြစ်မြောက်လာတိုင်း အားအင်အသစ်တစ်ခုတိုးလာစေပြီး ဘဝမှာ ရှင်သန်ရတာ ပျော်ရွှင်စေပါတယ်။ အဓိပ္ပါယ်ရှိသလိုလည်း ခံစားရစေပါတယ်။ ရည်မှန်းချက်မရှိသူကတော့ ဘဝကို အဓိပါ္ပယ်မဲ့ အလိုက်သင့်ရှင်သန်နေတာမို့ ဘဝက အဓိပ္ပါယ်မရှိပါဘူး။ နေ့ရက်တိုင်းမှာလည်း အားအင်းအသစ်ခွန်အားအသစ်တွေနဲ့ မနိုးထနိုင်ပါဘူး။ သူ့မှာ ရည်မှန်းထားတာမရှိတဲ့အတွက် စိတ်အားတက်ကြွစွာ ဘာကိုမှလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အောင်မြင်မှုအသစ်တွေလည်း မရနိုင်တဲ့အတွက် ဘဝကိုရှင်သန်ရတာ အဓိပ္ပါယ်မဲ့နေမှာပါ။

၂) စိတ်ဓာတ်တက်ကြွက်မှုကွာခြားပါတယ်။
ရည်မှန်းချက်ရှိသူဟာ သူ့ရဲ့မနက်ဖြန်တိုင်းမှာ ဘာတွေထပ်လုပ်မယ်ဆိုတဲ့ အကြံသစ်တွေနဲ့နိုးထတာမို့ စိတ်ဓာတ်တက်ကြွမှုရှိနေပါတယ်။ ရည်မှန်းချက်မဲ့သူကတော့ နိုးထလာပေမယ့် နောက်တစ်နေ့မှာဘာလုပ်ရမှန်းမသိနိုင်ပါဘူး။ အဲဒါကြောင့် ရည်မှန်းချက်ရှိသူက အသစ်တွေကို ကြိုးစားဖို့ စိတ်ဓာတ်တက်ကြွမှုရှိပေမယ့် ရည်မှန်းချက်မရှိသူကတော့ ဘာဆိုဘာမှ နားမလည်ပါဘူး။ ကောက်ရိုးမီးလိုမျိုး မီးတောက်တဲ့အချိန်ပဲ ဝုန်းခနဲထတောက်တာမျိုးပါ။ မနက်ဖြန်တိုင်းမှာ ဘာလုပ်မလဲဆိုပြီး နိုးထလာတာမဟုတ်တဲ့အတွက် သူရဲ့မနက်ဖြန်တိုင်းမှာ စိတ်ဓာတ်တက်ကြွမှုမရှိနိုင်ပါဘူး။

၃) ဘဝကို ရှုမြင်ပုံခြင်း ကွာခြားပါတယ်။
ရည်မှန်းချက်ရှိသူရဲ့ဘဝက နာကျင်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေနဲ့ပြည့်နေပါစေ။ သူ့ဟာသူပြန်အားပေးပြီး နိုးထမှာဖြစ်ပါတယ်။ မနက်ဖြန်ရှိနသေရွေ့ သူ့ဘဝလည်း အောင်မြင်နိုင်မှာပါလို့ ယုံကြည်ပြီး ဘဝကို စိတ်ပျက်စရာရှိတောင် ပြန်လညတိုက်ပွဲဝင်နိုင်မယ့်သူမျိုးပါ။ ရည်မှန်းချက်ရှိသူကတော့ ဘဝကို ဘာဆိုဘာမှသုံးစားမရ၊ စိတ်ပျက်စရာနဲ့ကြုံတာနဲ့တင် သူ့အတွက် အရာအားလုံးက နာကျင်မဆုံးဖြစ်နေမှာပါ။ ပြန်လည်အဖတ်ဆည်ပြီး ကြိုးစားဖို့ အမြင်ရှိမှာမဟုတ်ပါဘူး။

၄) အောင်မြင်ပုံခြင်းကွာခြားပါတယ်။
ရည်မှန်းချက်ရှိသူရဲ့အောင်မြင်မှုက သူ့ရဲ့အတွင်းစိတ်ထဲက နက်ရှိုင်းစွာခံစားပြီး နားလည်ပြီးမှ ကြိုးစားအားထုတ်မှုရဲ့သင်္ကေတမို့ သူ့အတွက်အောင်မြင်မှုက အဓိပ္ပါယ်ပေါင်းများစွာလေးနက်မှုရှိသလို၊ အောင်မြင်မှုနဲ့အတူ သူ့ရဲ့ဘဝလည်း တိုးတက်သထက် တိုးတက်လာပါတယ်။ ရည်မှန်းချက်မရှိသူကတော့ နဂိုထဲက ဘာမှဖြစ်ချင်သူမဟုတ်တဲ့အတွက် သူရဲ့အောင်မြင်မှုက ရပ်ကွက်ထဲက လူငယ်ချင်းအပြန်အလှန်စကားနိုင်လုလို့ အနိုင်ရတာမျိုးလောက်သာ ဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် အောင်မြင်မှုခြင်းကလည်း မတူနိုင်သလို၊ အကျိုးသက်ရောက်ပုံခြင်းက မတူနိုင်ပါဘူး။

၅) အချိန်ကိုအကျိုးပြုပုံခြင်းကွာခြားပါတယ်။
ရည်မှန်းချက်ရှိသူက သူ့ဘဝရဲ့အချိန်တိုင်းကို အကျိုးရှိစွာအသုံးချမှာမို့ အချိန်ကုန်ရကျိုးနပ်မှာပါ။ ရည်မှန်းချက်မရှိသူကတော့ ပုံမှန်ရနေတဲ့လစာလောက်နဲ့ ပုံမှန်အလုပ်သွားအလုပ်ပြန်လောက်သာစိတ်ဝင်စားပြီး အချိန်တန်လစာတိုးဖို့စောင့်နေတဲ့သူတွေလိုပါပဲ။ ဘာကိုအကျိုးရှိအောင် ကြိုးစားရမလဲဆိုတာ နားမလည်နိုင်ပါဘူး။ အဲဒီ့အတွက် ဘဝရဲ့နေဝင်ချိန်မှာ ကွာခြားသွားမှာပါ။ ရည်မှန်းချက်ရှိသူက ဘဝမှာ တစ်စုံတစ်ယောက်အဖြစ် နေထိုင်သွားရမှာဖြစ်သလို သေဆုံးမသွားခင်မှာလည်း အခြားသူများအကျိုးကို နိုင်သလောက်ဆောင်ရွက်ပေးနိုင်မှာပါ။ ရည်မှန်းချက်မရှိသူကတော့ အခြားသူများအကျိုးလည်း မလုပ်နိုင်သလို မိသားစုအကျိုးရှိအောင်တောင်ဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး။
စာဖတ်သူတို့ကော ရည်မှန်းချက်ရှိတဲ့သူနဲ့မရှိတဲ့သူကို ပတ်ဝန်းကျင်မှာမြင်ဖူးကြလား။ ဘာတွေထပ်ပြီး ကွာခြားနိုင်သေးလဲ။ ဗဟုသုတရအောင် မန့်ခဲ့ကြပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။