ရှားစောင်းလက်ပတ်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ရှားစောင်းလက်ပတ်က အနာတွေကိုသက်သာစေတဲ့အစွမ်းသတ္တိကြောင့် လူသိများပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀ခန့်လောက်ကတည်းက အသုံးပြုခဲ့ကြတယ်။ အရေပြားကနေစပြီး သင့်ခန္ဓာကိုယ်တစ်ခုလုံးထိ အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်ပါဘူး။ အခြေအနေအမျိုးမျိုးအတွက် ဆေးဘက်ဝင်တဲ့အပင်ဖြစ်ပါတယ်။


၁) အရေပြားကျန်းမာရေးအတွက် မျိုးစုံအသုံးဝင်ခြင်း
အရေပြားကိုချောမွေ့စေပြီး နေလောင်တာကို ကုသပေးနိုင်ပါတယ်။ ရှားစောင့်လတ်ပတ်ကရတဲ့ဂျယ်ကို ရေခဲသေတ္တာထဲထည့်ထားပြီး အရေပြားမှာသုတ်လိမ်းပေးနိုင်ပါတယ်။ နေလောင်နေတဲ့အရေပြားတစ်ဝိုက်ကိုလိမ်းပေးခြင်းဖြင့် အရေပြားကို အေးမြစေပြီး မိနစ်ပိုင်းအတွင်းမှာတင် နေလောင်ခြင်းကို သက်သာစေပါတယ်။ အရေပြားယားယံခြင်းကိုလည်း သက်သာစေပါတယ်။ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ နာကျင်မှုတွေကို သက်သာစေတဲ့ Cyclical acid ပါဝင်ပါတယ်။

၂) ဝက်ခြံတွေကို ကုသဖို့အသုံးဝင်ခြင်း
ရှားစောင်းလတ်ပတ်ဂျယ်က အရေပြားအတွင်းကိုထိုးဖောက်ဝင်ရောက်နိုင်ပြီး ချွေးပေါက်တွေကို သန့်စင်ပေးနိုင်ပါတယ်။ antioxidants ဖြစ်တဲ့ ဗီတာမင်အေ၊ စီ၊ ကေနဲ့ အမိုင်နိုအက်ဆစ် ၈မျိုးထဲက ၇မျိုးပါဝင်တာကြောင့် အရေပြားမှာ အနီစက်တွေကို လျှော့ချပေးနိုင်ပါတယ်။

၃) အရေးအကြောင်းတွေနဲ့ အိုမင်းရင့်ရော်ခြင်းကို သက်သာစေခြင်း
မျက်နှာပေါ်လိမ်းကျံပေးခြင်းအားဖြင့် ကော်လိပ်ဂျင်တွေပိုပြီး ထုတ်လုပ်ပေးစေနိုင်ပါတယ်။ အဲဒါကြောင့် အရေပြားကျုံ့နိုင်ဆန့်နိုင်စွမ်းကို တိုးစေပါတယ်။

၄) သွားဂျိုးတွေကို လျော့ကျစေခြင်း
ရှားစောင်းလတ်ပတ်အနှစ်ကို သွားမှာ ပွတ်တိုက်ပေးခြင်းဖြင့် သွားမှာကျန်ရှိနေတဲ့ ကျောက်တွေ၊ သွားဂျိုးတွေကိုပါးလာစေနိုင်ပါတယ်။

၅) သွေးထဲက သကြားဓာတ်ကိုလျော့ကျစေခြင်း
သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့အတွက်
အမျိုးအစား၂ဆီးချိုရောဂါကို ထိန်းညှိုပေးနိုင်တဲ့သဘာဝထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။

၆) ဆံသားကိုကောင်းမွန်စေခြင်း
ရှားစောင်းလက်ပတ်အနှစ်ကို ဆံပင်မှ သုတ်လိမ်းပေးခြင်းပြီး ခဏထားပြီးနောက် ရေဆေးချလိုက်ပါ။ ဆံသားမှာ ရှားစောင်းလတ်ပတ်အနှစ်တွေ မကြွင်းကျန်ခဲ့ပါစေနဲ့။ ရှားစောင်းလက်ပတ်အနှစ်က ဆံသားကိုနူးညံံ့ပျော့ပျောင်းစေပါတယ်။

၇) နှုတ်ခမ်းအတွင်းသားကွဲခြင်းကိုသက်သာစေခြင်း
ရေဓာတ်ချို့တဲ့မှုကြောင့်ဖြစ်ပေါ်တဲ့ နှုတ်ခမ်းအတွင်းသားမှာ အသားပဲ့ခြင်းဖြစ်ပေါ်တာမျိုးကို လိမ်းပေးနိုင်ပါတယ်။ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ရှားစောင်းလကတ်ပတ်အနှစ်ဖြင့်သုတ်လိမ်းပေးခြင်းက အခြားသော ဆေးဝါးတွေထက် အနာကျက်မြန်စေပါတယ်။

၈) ဗောက်ထခြင်းကို သက်သာစေခြင်း
ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြားမှာလိမ်းပေးခြင်းအားဖြင့် ဦးရေပြားမှာ မှိုစွဲခြင်းနဲ့ ဘက်တီးရီးယားတွေကိုသေစေတဲ့အစွမ်းသတ္တိရှိတဲ့အတွက် ဗောက်ထခြင်းကိုသက်သာစေပါတယ်။ ရေဓာတ်ပြည့်ဝစေခြင်းကြောင့် ဦးရေပြားခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ ဆံသားသန်စွမ်းမှုကိုလည်း လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆံသားတွေကိုသန်စွမ်းစေပါတယ်။

၉) အသည်းလုပ်ဆောင်ချက်ကိုထိန်းသိမ်းပေးခြင်း
ရှားစောင်းလက်ပတ်ကိုဖျော်ရည်က အသည်းကို ရေဓာတ်ပြည့်ဝစေတဲ့အတွက် အာဟာရပြည့်ဝစေပြီး အသည်းလုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်ဖို့ အားပေးပါတယ်။ ဗီတာမင် ဘီ၊ စီ၊ အီးနဲ့ဒီ အပြင် ဖောလစ်အက်ဆစ်ပါဝင်ပါတယ်။ ကယ်လဆီယမ်၊ ကော့ပါး၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီစ်၊ ဆီလီနီယမ်နဲ့ ခရိုနီယမ်တို့လည်း ပါဝင်ပါတယ်။
https://kaboutjie.com/health-safety/10-benefits-of-aloe-vera/?utm_medium=social&utm_source=pinterest&utm_campaign=tailwind_tribes&utm_content=tribes&utm_term=428390848_14607362_462076 လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။