ရာသီလာချိန်စားပေးသင့်သောအစားအစာများ

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဟာ အရမ်းကို ထူးဆန်းအံ့အားသင့်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။ လူသားတစ်ယောက်ကနေ အခြားလူတစ်ယောက် သန္ဓေတည်ခွင့် ၊ မွေးဖွားခွင့် စတဲ့အရာတွေအားလုံးကို ဖြစ်ပေါ်ခွင့်ပေးထားတာမို့ ရာသီသွေးသံသရာကိုလည်း ခံစားရပြန်ပါတယ်။ အဲဒီ့အချိန်မှာ စိတ်ခံစားချက်ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ စတဲ့ဝေဒနာပေါင်းစုံကိုလည်း ခံစားကြရပါတယ်။ အဲဒီ့အချိန်ဟာ ခန္ဓာကိုယ်ထဲက သံဓာတ်ဆုံးရှုံးမှုများစေတဲ့အချိန်လည်းဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ့အချိန်မှာစားသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


သံဓာတ်ပြည့်သောအစားအစာများ
သံဓာတ်ဆုံးရှုံးမှု့များတာကြောင့် အမဲသား၊ ကြက်သား၊ အစိမ်းရောင်အရွက်၊ ကြက်ဥအနှစ်၊ စတဲ့အစားအစာတွေကို သံဓာတ်အားဖြည့်ပေးနိုင်ဖို့ စားပေးသင့်ပါတယ်။

Vitamin C ကြွယ်ဝသောအစားအစာများ
ကိုက်လန်၊ ငရုတ်ပွ၊ ပန်းပွင့်စိမ်း၊ နာနာတ်သီးနဲ့ ချဥ်သောအသီးများစားပေးခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဆဲလ်တွထုတ်လုပ်ပေးဖို့ရာအထောက်အကူပြုပါတယ်။

Vitamin B12 / B6 ကြွယ်ဝသောအစားအစာများ
တူနာငါး ၊ ဆောလမွန်၊ ဂျင်း၊ နနွင်း၊ ကြက်သွန်ဖြူ ၊ ဖရုံစေ့နဲ့ ပဲအမျိုးမျိုး၊ အစေ့အဆံများ စတဲ့ Vitamin B12 / B6 ပါဝင်တဲ့အစားအစာတွေစားပေးခြင်းက သွေးအားကောင်းဖို့ကူညီပေးနိုင်သလို၊ မောပန်းခြင်း၊ ပင်ပန်းခြင်း၊ အာရုံကြောဆိုင်ရာပြဿနာတွေခံစားရခြင်းကနေ သက်သာစေနိုင်ပါတယ်။ ဂျင်းနဲ့နနွင်းလို အစားအစာမျိုးတွေက ခန္ဓာကိုယ်ရောင်ရမ်းခြင်းကိုသက်သာစေနိုင်တာမို့ ကိုက်ခဲနာကျင်နေချိန်မှာ စားသုံးဖို့ သင့်တော်ပါတယ်။
အထက်ကဖော်ပြထားတဲ့အစားအစာတွေမှာ သံဓာတ်ပြည့်ဝပြီး အမျှင်ဓာတ်ပါဝင်တာမို့ သွေးအားနည်းနေတဲ့အချိန်မှာ ပိုပြီး စားသုံးပေးခြင်းဖြင့် တဖက်တလမ်းက အထောက်အကူဖြစ်စေပါတယ်။ အစာလည်းဆေးဆေးလည်းအစားဆိုသလို ကိုယ်နှစ်သက်တာလေးရွေးချယ်စားသောက်ရင်း ဂရုစိုက်လို့ရပါတယ်လို့ဖော်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။