Vitamin A,B,C,D,E,K ပါဝင်သောအသီးအနှံများ

ဒီတစ်ခါမှာတော့ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေ စတဲ့ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့အသီးအနှံတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အဲဒါမာ ဗီတာမင်အေ ဆိုတာနဲ့ ဘာအသီးအနှံတွေဆိုပြီး တွဲမြင်သွားစေချင်တဲ့ စေတနာနဲ့ပါ။


ဗီတာမင် အေ
Retinol ဓာတ်လို့လည်း ခေါ်ပါတယ်။ ဥနီများ၊ အစိမ်းရောင်အသီးအရွက်များနဲ့ ကန်စွန်ဥများမှာ ပါဝင်ပါတယ်။ အမြင်အာရုံအတွက် အဓိကကောင်းမွန်စေပါတယ်။ ဗီတာမင်အေချို့တဲ့ တဲ့အခါ
xerophthalmia လို့ခေါ်တဲ့ အမြင်အာရုံနဲ့ဆိုင်တဲ့ရောဂါဖြစ်ပွားနိုင်ပါတယ်။
ဗီတာမင် ဘီ
Vitamin B complex လို့လည်းခေါ်ပါတယ်။ တိရိစ္ဆာန်တွေရဲ့အသားနဲ့ နို့်ထွက်ပစ္စည်းတွေမှာ အဓိက ပါဝင်ပါတယ်။ အစားအစာကနေ ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်တာမို့ ခန္ဓာကိုယ်ခွန်အားဖြစ်စေပါတယ်။ Vitamin B1, B2, B3, B5, B6, B7, B9 နဲ့ B12 အထိ အားလုံးက ဗီတာမင် ဘီအုပ်စုထဲမှာ အကျုံးဝင်ပါတယ်။
ဗီတာမင် စီ
Ascorbic acid လို့လည်းခေါ်ပါတယ်။ ရှောက်၊ သံပုရာမျိုးနွယ်ဝင်အသီးတွေနဲ့ ဘယ်ရီသီးတွေ၊ ခရမ်းချဉ်သီးတွေမှာ အဓိကပါဝင်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အရေးကြီးသလို အကြောင်းကြောင်းကြောင့် ဒဏ်ရာအနာတရဖြစ်ခြင်းမှ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကို ထိန်းသိမ်းပေးဖို့ အရေးပါပါတယ်။
ဗီတာမင် ဒီ
Calciferol လို့လည်းခေါ်ပါတယ်။ ဆော်လမွန်ကဲ့သို့ အဆီများတဲ့ငါးနဲ့ ကြက်ဥအနှစ်၊ ဒိန်ခဲတွေမှာ အဓိကပါဝင်ပါတယ်။ သွားနဲ့အရိုးတွေကို သန်မာဖို့ ကူညီပေးပါတယ်။ ဗီတမင်ဒီချို့တဲ့ရင် သူငယ်နာ၊ အရိုးပျော့ရောဂါဖြစ်ပွားနိုင်ပါတယ်။
ဗီတာမင် အီး
Tocopherol လို့လည်းခေါ်ကြပါတယ်။ ဗံဒါစေ့၊ မြေပဲဆံနဲ့ ပဲပုပ်စေ့မှထွက်တဲ့အဆီ တို့မှာ ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကို လှုံ့ဆော်နိုင်စွမ်းရှိပြီး ဗီတာမင်အီးချို့တဲ့ရင် အာရုံကြောပျက်စီးတဲ့ရောဂါမျိုးတွေဖြစ်ပွားနိုင်ပါတယ်။
ဗီတာမင် ကေ
Phylloquinone လို့လည်းခေါ်ပါတယ်။ ဂေါ်ဖီထုပ်များ၊ ကိုက်လန်နဲ့ ဟင်းနုနွယ်ရွက်တို့မှာ ပါဝင်ပါတယ်။ သွေးကြောပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်ကေ ချို့တဲ့ခြင်းက hemorrhage လို့ခေါ်တဲ့ သွေးကြောပေါက်ခြင်း၊ သွေးကြောပိတ်ခြင်းနဲ့ဆိုင်ရာ ရောဂါမျိုးဖြစ်ပွားနိုင်ပါတယ်။
အခုလောက်ဆိုရင်တော့ ဗီတာမင် တွေအကြောင်း သိသင့်သလောက်သိသွားပြီထင်ပါတယ်။ ဗီတာမင်တစ်မျိုးနဲ့ အသီးအနှံတွေကိုလည်း သိသွားလို့ ကျန်းမာရေးအတွက် သင့်တော်သလို စားသုံးနိုင်ကြပါစေနော်။
https://www.pinterest.com/pin/735986764081024275/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။
#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။