တစ်ယောက်တည်းဖြစ်နေပေမယ့် အထီးမကျန်ဘဲအချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချမလဲ

များသောအားဖြင့်က lonely ဆိုရင် အထီးကျန်နေတယ်လို့ချည်းထင်တတ်ကြပါတယ်။ တကယ်တော့ lonely ဆိုတိုင်း အထီးမကျန်ပါဘူး။ ကိုယ်တစ်ယောက်တည်းရှိနေတာမှန်ပေမယ့် ကိုယ့်စိတ်ထဲက ကိုယ်ချစ်ခင်နှစ်သက်တာလေးတွေလုပ်ခွင့်ရနေမယ်ဆိုရင် အချိန်ကုန်လို့ကုန်မှန်းတောင်မသိ၊ ကိုယ့်ဘေးမှာ ဘယ်သူမှရှိမှန်းမရှိမှန်းလည်း မသိတော့ပါဘူး။ အဲဒါကြောင့် lonely ဖြစ်တိုင်း အထီးကျန်နေတာမဟုတ် freedom ဆိုတဲ့လွှတ်လပ်ခြင်းတောင်ပိုရနိုင်ပါသေးတယ်။ အဲဒီ့တော့ အဖော်အပေါင်းတွေအားလုံးနဲ့ date လုပ်လို့မရလို့ အားမငယ်ပါနဲ့။ တစ်ယောက်တည်း အချိန်ကို အကျိုးရှိရှိအသုံးချလို့ရပါတယ်။ နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါတယ်။


၁) စာဖတ်မယ်
တစ်ယောက်တည်းရှိနေတဲ့အခါ အများဆုံးလုပ်ဖြစ်တာကတော့ စာဖတ်ဖြစ်တာပါပဲ။ အပေါင်းအသင်းတွေနဲ့ဆိုရင်တောင်မှ ကျန်တဲ့လူတွေအကြောင်းပြောကြ၊ ဆိုကြ၊ စကြနောက်ကြ၊ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဖေ့ဘုတ်ပေါ်ကအကြောင်း စသဖြင့် ရေပက်မဝင်အောင်ပြောနေမိလို့ စာဖတ်ချိန်ရလိုက်မှာတောင်မဟုတ်ပါဘူး။ ဖတ်မယ်လို့ရည်ရွယ်ထားပြီး မဖတ်ရသေးတဲ့စာအုပ်တွေကို ဖုန်းထဲထည့်ထားလိုက်ပါ။ ကျန်တဲ့အပေါင်းအသင်းတွေကို စောင့်နေတဲ့အချိန်မျိုးမှာ ဖုန်းထုတ်ပြီးစာဖတ်လိုက်ပါ။ ဒါမှမဟုတ် စာအုပ်တစ်အုပ်လောက် အိတ်ထဲဆောင်ထားလိုက်ပါ။ တစ်ယောက်တည်းဖြစ်နေတဲ့အချိန် စာဖတ်နေလိုက်ပါ။ ဘယ်လောက်အကျိုးရှိလိုက်သလဲ။
၂) သီချင်းနားထောင်မယ်
အေးငြိမ့်တဲ့သီချင်းသံက စိတ်ဖိစီးမှုကိုပြေလျော့စေပါတယ်။ သင်တစ်ယောက်တည်းရှိနေလို့ တစ်ယောက်ယောက်ကိုများရင်မဖွင့်ရဘူးလို့ အားမငယ်ပါနဲ၊ သီချင်းအေးအေးလေးတွေဖွင့်ထားပြီး အေးဆေးနားထောင်ကြည့်လိုက်ပါ။ စိတ်လက်ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။ တစ်ယောက်တည်းလည်း ကိုယ့်ကိုယ်ကိုယ်ကုစားနိုင်ပါတယ်နော်။ အသည်းကွဲနေတာကိုတော့ အသည်းထပ်ကွဲစေမယ့်သီချင်းမျိုးတွေတော့ နားမထောင်နဲ့ပေါ့။ ပိုဆိုးသွားနိုင်ပါတယ်နော်။
၃) အပင်လေးတွေစိုက်မယ်
အိမ်တွင်းအပင်လေးတွေစိုက်ထားတာ လေကိုသန့်စင်ပေးနိုင်သလို၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ အပင်လေးတွေစိုက်ခြင်းက သင့်ကိုစိတ်ကြည်နူးစေပါတယ်။ ကျန်းမာရေးလည်းကောင်းစေပါတယ်။ အိမ်တွင်းအပင်မဟုတ်လည်း မီးဖိုချောင်သုံးအပင်လေးတွေ ဥပမာ။ ငရုတ်ပင်၊ ရုံးပတီ၊ ခရမ်းချဉ်၊ ကြွက်သွန်စတာလေးတွေစိုက်ကြည့်ပါ။
၄) စိတ်ကူးမိရာလေးတွေရေးမယ်
ခုခေတ်က လူတိုင်းနီးပါးပေ့ချ်တစ်ခုတော့ရှိနေကြသလိုဖြစ်နေပါပြီ။ ကိုယ့်စိတ်ကူးလေးတွေကို ဝေမျှတာမျိုးလုပ်ကြည့်ပါ။ ဒါပေမယ့် သင့်စိတ်ကူးက အခြားလူကိုထိခိုက်တာ၊ အခြားလူတွေအတွက် လက်မခံသင့်တဲ့အမြင်မှား၊ အယူအဆအမှားတွေတော့မဖြစ်ဖို့လိုပါတယ်။ ပေါ့ပေါ့ပါးပါးလေး fan ဖြစ်တာလေးတွေလည်း မျှဝေနိုင်ပါတယ်။
၅) စားချင်တာလေးတွေချက်စားမယ်
နောက်တခုကတော့ ကိုယ်စားချင်တဲ့အစားအစာတွေကို ကိုယ့်ဟာကိုယ် ဗီဒီယိုကြည့်ပြီးလုပ်စားကြည့်လို့ရပါတယ်။ ပျော်စရာလည်းကောင်းသလို၊ ဈေးလည်းသက်သာပြီး တစ်ယောက်တည်းလည်း အဝအလင်စားနိုင်ပါသေးတယ်။ အချိန်ဘယ်လိုကုန်လို့ကုန်သွားမယ်မှန်းတောင်သိမှာမဟုတ်ပါဘူး။
၆)ကိုယ်ဝါသနာပါရာလေးတွေသင်ယူမယ်
ကိုယ်ဝါသနာပါတဲ့အရာလေးတွေနဲ့ပတ်သက်တာလေးတွေဖတ်မယ်။ ဗီဒီယိုဖိုင်တွေကြည့်ပြီးသင်ယူမယ်။ ဥပမာ။ handmade လုပ်ပုံလေးတွေ၊ ပန်းချီ၊ အိမ်သုံးပစ္စည်းလုပ်ပုံလေးတွေပေါ့
၇) ရုပ်ရှင်ကြည့်မယ်
ကိုယ်ကြည့်မယ်ဆိုပြီးဆေ့ထားတဲ့ ဇာတ်လမ်းတွဲတွေ မုန့်စားရင်းကြည့်ဖို့အချိန်ရတာပေါ့။ အပေါင်းအသင်းအစုံအလင်နဲ့ဆို စကားများနေတာနဲ့တင် ကြည့်နိုင်မှာမဟုတ်ပါဘူးနော်။
အဲဒီလို အထီးမကျန်ဖို့ စာဖတ်သူတွေရော တစ်ယောက်တည်းအချိန်တွေကို ဘာတွေလုပ်ပြီးဖြတ်သန်းဖြစ်ကြလဲ မန့်ခဲ့ကြပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။