တစ်ပတ်လုံးမှာ လုပ်နိုင်စွမ်းအားအမြင့်ဆုံးဖြစ်ဖို့ လုပ်သင့်တဲ့အချက် ၆ချက်

သင့်ရဲ့တစ်ပတ်တာကို စတင်ရမယ့် တနင်္လာနေ့မှာကတည်းက တစ်ပတ်လုံးဘာတွေလုပ်မယ်၊ ဘာကိုဦးစားပေးရမယ်ဆိုတာမျိုးတွေကို ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။ အဲလို ကြိုတင်စီစဉ်ထားခြင်းက သင့်အတွက် အလုပ်တွေပုံနေတာမျိုး၊ ဝတ္တရားလစ်ဟင်းတာမျိုးတွေလည်း မဖြစ်နိုင်သလို သင့်ကိုလည်း စိတ်ဖိစီးမှုနည်းပါစေပါတယ်။ အဲဒါကြောင့် တစ်ပတ်လုံး လုပ်နိုင်စွမ်းအားအမြင့်ဆုံးဖြစ်နိုင်ဖို့ ကြိုတင်လုပ်သင့်တဲ့အချက် ၆ချက်ကိုဖော်ပြလိုက်ပါတယ်။


၁) လစဉ် ရည်မှန်းချက်သတ်မှတ်ထားပါ။
သင့်ရဲ့တစ်လလုံးအတွက် ရည်မှန်းချက် သတ်မှတ်ထားပါ။
၂) လုပ်ဆောင်ချက်တွေအတွက် စာရင်းလုပ်ထားပါ။
သင့်ရဲ့တစ်လလုံးဆိုင်ရာ ရည်မှန်းချက် တစ်ခုချင်းစီ ဖြစ်မြောက်ဖို့အတွက် ဘာတွေလုပ်ဆောင်မလဲ၊ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို စာရင်းလုပ်ပြီး ရေးမှတ်ထားပါ။
၃) အချိန်သတ်မှတ်ပါ။
လုပ်ဆောင်ချက်တစ်ခုချင်းစီအတွက် အချိန်သတ်မှတ်ထားပါ။ ဘယ်အချိန်မှာပြီးသင့်သလဲ…၊ ဘယ်အချိန်မှာပြီးရမလဲဆိုတာမျိုး သတ်မှတ်ပါ။
၄) သင့်ရဲ့တစ်ပတ်စာကို အချိန်ဇယားဆွဲပါ။
တစ်ပတ်လုံးမှာ သင်လုပ်ကိုလုပ်ရမယ့်အရာတွေကို တစ်ပတ်လုံးအတွက် အချိန်ဇယားဆွဲထားပါ။
၅) ကြိုတင်စီစဉ်ပါ။
သင်လက်ရှိလုပ်နေတဲ့အရာအားလုံးကို ပြီးဆုံးအောင် သေချာသတ်မှတ်လုပ်ဆောင်ပါ။ ခုလက်ရှိမပြီးဆုံးနိုင်တဲ့ကိစ္စမျိုးတွေ၊ ဒါမှမဟုတ် ခုလက်ရှိလုပ်ဖို့မလိုအပ်သေးတဲ့ကိစ္စမျိုးတွေကို နောက်တစ်ပတ်အစီအစဉ်ထဲထည့်ပါ။
၆) နောက်တစ်ပတ်အတွက် အစီအစဉ်ဆွဲထားပါ။
တနင်္ဂနွေနေ့ရောက်တဲ့အခါ သင့်ရဲ့ တစ်ပတ်စာ အစီအစဉ်တွေကို နံပါတ်စဉ် ၃မှ ၆အတိုင်း ပြန်ပြီး အချိန်ဇယားဆွဲပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။