သြဇာသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

သြဇာသီးကို sugar apple, sugar pineapple လို့လည်းခေါ်ပြီး ရုက္ခဗေဒနာမည် Annona Squamosa လို့လည်းခေါ်ပါတယ်။ သြဇာသီးမှာ လိမ္မော်သီးထက် ဗီတာမင်စီများစွာပါဝင်ပါတယ်။ Vitamin C ၊Manganese ၊ Carbohydrate ၊ Vitamin B6 ၊ Fiber စတဲ့ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။ သြဇာသီးမှာလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိသလို သြဇာရွက်ကလည်း ဆေးဘက်ဝင်ပါတယ်။


၁) ဆံသားနဲ့ အရေပြားကျန်းမာစေပါတယ်။
သြဇာသီးက အရေပြားနဲ့ဆံသားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ဗီတာမင်အေနဲ့ antioxidants တွေများပြားစွာပါဝင်မှုကြောင်း တစ်ရှုးတွေကို ပြန်လည်ဖြစ်ပေါ်စေပြီး ဆဲလ်ဖြစ်တည်မှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားတောက်ပစေပြီး နူးညံစေပါတယ်။ ဆံသားကိုလည်း ချောမွေ့နက်မှောင်စေနိုင်ပါတယ်။ ဗီတာမင်အေကြောင့် ကြွက်သားတွေကို တင်းရင်းသန်မာစေပါတယ်။ ကော်လိပ်ဂျင်တွေထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ အရေပြား ကျုံ့နိုင်ဆန့်နိုင်အားကိုကောင်းမွန်စေပါတယ်။ အရေးအကြောင်းတွေနည်းပါးစေပါတယ်။

၂) အသက်ရှုလမ်းကြောင်းဆိုင်ရာတွေကို သက်သာစေပါတယ်။
အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေကိုသက်သာစေပါတယ်။ ဗီတာမင်ဘီဆစ်ပါဝင်မှုကြောင့် ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ရင်ကြပ်လူနာတွေအတွက် အထောက်အကူဖြစ်စေပြီး ခုခံအားကောင်းစေပါတယ်။

၃) သွေးဖိအားလျော့ကျစေပါတယ်။
သွေးဖိအားများခြင်းက အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။ သွေးဖိအားများခြင်းက အသံတိတ်လူသတ်သမားလို့တောင်ပြောနိုင်ပါတယ်။ သြဇာသီးက ထိုပြဿနာတွေကို ကူညီပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်များစွာပါဝင်မှုကြောင့် နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ပိုတက်ဆီယမ်ပမာဏများခြင်းက ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးနိုင်ပြီး သွေးဖိအားကိုလည်း ထိန်းညှိုပြီးသားဖြစ်စေပါတယ်။

၄) နှလုံးကျန်းမာရေးကိုလည်း ကာကွယ်ဖို့အထောက်အကူဖြစ်စေပါတယ်။
မဂ္ဂနီဆီယမ်က နှလုံးကြွက်သားတွေပြေလျော့စေဖို့ အဓိက လိုအပ်ပါတယ်။ ဖိအားများခြင်းက နှလုံးကိုအလုပ်လုပ်ရတာ ခက်ခဲလာစေပါတယ်။ မဂ္ဂနီဆီယမ်က ဖိအားတွေကိုထိန်းညှိုပေးနိုင်ပြီး နှလုံးကြွက်သွားတွေ အလွန်အကျွံ့အလုပ်လုပ်စေခြင်းမှာ ပြေလျော့စေပါတယ်။ အဲဒါကြောင့်နှလုံးရှော့ဖြစ်ခြင်းအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။ သြဇာသီးတစ်လုံးမှာ မဂ္ဂနီဆီယမ်ဓာတ် ၁၀ရာခိုင်နှုန်းပါဝင်ပါတယ်။ သွေးဖိအားလျော့ကျခြင်းကလည်း နှလုံးထိခိုက်ဖို့ အခွင့်အလမ်းနည်းပါးစေပါတယ်။

၅) ကိုလက်စထရောကို လျော့ကျစေပါတယ်။
ကိုလက်စထရောပမာဏများခြင်းက အန္တရာယ်ရှိစေပါတယ်။ ဗီတာမင်ဘီသရီးချို့တဲ့ခြင်းက မကောင်းတဲ့ကိုလက်စထရောတွေကိုတိုးလာစေပါတယ်။ Niacin ဆိုတဲ့ဓာတ်က မကောင်းတဲ့ကိုလက်စထရောတွေကို ၂၀ရာခိုင်နှုန်းခန့်လျော့ကျစေဖို့ကူညီနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက်ကောင်းမွန်စေတဲ့ကိုလက်စထရောတွေကို မြင့်တင်ပေးနိုင်ပြီး သွေးစီးဆင်းမှုကို အဆင်ပြေစေပါတယ်။ သွေးစီးဆင်းလည်ပတ်မှုကောင်းမွန်တဲ့အခါ နှလုံးက လိုအပ်တဲ့အောက်ဆီဂျင်ကို ကောင်းစွာရရှိစေပါတယ်။ အဲဒါကြောင့် နှလုံးရဲ့လုပ်ဆောင်ချက်တွေပုံမှန်ဖြစ်စေပြီး နှလုံးရှော့ဖြစ်ခြင်းနဲ့ နှလုံးရောဂါဖြစ်ပွားဖို့အခွင့်အလမ်းနည်းပါးစေပါတယ်။

၆)အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။
ကော့ပါးနဲ့အမျှင်ဓာတ်ပါဝင်မှုက အစာခြေစနစ်ကိုအထောက်အကူဖြစ်စေပါတယ်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အူမကြီးကို သက်တောင့်သက်သာဖြစ်စေပါတယ်။ အူမကြီးရောင်ရမ်းခြင်းရောဂါမျိုးမဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။

၇) သွေးထဲကသကြားဓာတ်ပမာဏကို ထိန်းပေးပါတယ်။
အမျှင်ဓာတ်များပြားစွာပါဝင်မှုကြောင့် အမျိုးအစားနှစ်ဆီးချိုရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သြဇာသီးက သွေးထဲကသကြားဓာတ်ကို စုပ်ယူနိုင်ပါတယ်။

၈) သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပေါ်တဲ့သွေးအားနည်းခြင်းကိုလည်း သက်သာစေပါတယ်။ သံဓာတ်ပါဝင်မှုများပြားတဲ့အတွက် သွေးအားနည်းခြင်းကိုလည်း ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

၉) ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
ကင်ဆာရောဂါဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေကို လျော့ကျစေနိုင်ပါတယ်လို့ မကြာသေးမီကလေ့လာတွေ့ရှိခဲ့ပါတယ်။ acetogenin နဲ့ alkaloids ဓာတ်ပါဝင်မှုကြောင့် ကင်ဆာဖြစ်ပေါ်စေတဲ့ tumor cells တွေကြီးထွားမှုကို ကာကွယ်ပေးပါတယ်။

၁၀) ကိုယ်ဝန်ဆောင်မိခင်အတွက် အကူအညီဖြစ်စေပါတယ်။
ဖောလိတ်ဓာတ်က ကိုယ်ဝန်ဆောင်တွေရဲ့ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါပဲ။ သန္ဓေသားသေဆံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဖောလိတ်ဓာတ်များစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် ကူညီပေးပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းအန္တရာယ်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ သင်္ဘောသီးနဲ့ ထောပတ်သီးတို့မှာလည်း ဖောလိတ်ဓာတ်ပါဝင်ပါတယ်။

၁၁) အရိုးအဆစ်အမြစ်နာကျင်ခြင်းကိုလည်းသက်သာစေပါတယ်။
သြဇာရွက်က အရိုးအဆစ်တွေနာကျင်ခြင်းကိုသက်သာစေတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ နာကျင်မှုကို သက်သာစေပြီး မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် ခန္ဓာကိုယ်ထဲက အရည်တွေနဲ့ electrolyte တွေကို မျှတစေပါတယ်။ အဆစ်အမြစ်အရိုးတွေနာကျင်ခြင်းနဲ့ရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။
https://www.healthbenefitstimes.com/sugar-apple/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။