သရက်ရွက်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

သရက်သီးမှာ ဗီတာမင်စီ ၊ အေ နဲ့ ကျန်းမာရေးအတွက်အကျိုးပြုတဲ့အာဟာရတွေအများကြီးပါသလိုပဲ သရက်ရွက်မှာလည်း ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ vitamins C, B နဲ့ A ပါဝင်တဲ့အပြင် flavonoids နဲ့ phenols ဆိုတဲ့ဓာတ်တွေလည်းပါဝင်ပါတယ်။ ဆေးဘက်ဆိုင်ရာအရဆိုရင် အရွက်နုတွေက ပိုပြီး ဆေးဖက်ဝင်တယ်လို့ဆိုပါတယ်။


၁) ဆီးချိုသွေးချိုကိုထိန်းချုပ်နိုင်ခြင်း
သရက်ရွက်တွေက ဆီးချိုသွေးချိုအတွက် အရမ်းအသုံးဝင်ပါတယ်။ anthocyanidins ဆိုတဲ့ဓာတ်က ဆီးချိုသွေးချိုရောဂါ စတင်ချိန်မှာတင် ကုသနိုင်ပါတယ်။

၂) သွေးဖိအားထိန်းပေးနိုင်ခြင်း
သရက်ရွက်က သွေးဖိအားကျခြင်းကို ကူညီနိုင်ပါတယ်။ သွေးကြောတွေပြေလျော့စေပြီး သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။

၃) စိတ်သောကတွေကိုပြေလျော့စေခြင်း
စိတ်သောကတွေကြောင့် စိတ်ဖိစီးခြင်းကို သရက်ရွက်က သက်သာစေတယ်လို့ဆိုပါတယ်။ ရေချိုးဇလုံထဲထည့်ပြီး ရေစိမ်ချိုးခြင်းအားဖြင့် ကိုယ်ရောစိတ်ပါလန်းဆန်းစေတယ်လို့ဆိုပါတယ်။

၄) သည်းခြေကျောက်တည်ခြင်းကိုကုသနိုင်ခြင်း
သရက်ရွက်မှာ သည်းခြေနဲ့ ကျောက်ကပ်ကျောက်တည်ခြင်းကို ကုသနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။ သရက်ရွက်ကို သေချာသန့်စင် အခြောက်ခံ အမှုန့်ကြိတ်ပြီး နေ့စဉ် ရေနဲ့ရောသောက်ပေးခြင်းအားဖြင့် သည်းခြေနဲ့ကျောက်ကပ်ကျောက်ကြေစေတယ်လို့ဆိုပါတယ်။

၅) အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေကိုကုသနိုင်ခြင်း
သရက်ရွက်ကို ပြုတ်ပြီး သရက်ရွက်ပြုတ်ရည်ကို ပျားရည်တစ်ဇွန်ခတ်သောက်ပေးခြင်းအားဖြင့် ချောင်းဆိုးသက်သာစေတယ်လို့ဆိုပါတယ်။ အသံဝင်ခြင်းကို သက်သာစေပါတယ်။

၆) နေလောင်ခြင်းကို သက်သာစေခြင်း
နေလောင်ထားတဲ့နေရာကို သရက်ရွက်ကိုကြိတ်ခြေပြီး ပွတ်လိမ်းပေးခြင်းအားဖြင့် နေလောင်ခြင်းကို သက်သာစေတယ်လို့ဆိုပါတယ်။ အရေပြားကိုချောမွေ့လာစေပြီး သက်သာစေတယ်လို့ဆိုပါတယ်။
https://food.ndtv.com/food-drinks/10-unknown-benefits-of-mango-leaves-dont-throw-them-away-1657768 လင့်မှဘာသာပြန်ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။