သွားပုံမှန်တိုက်ခြင်း၏ကျေးဇူးများ

သွားကျန်းမာရေးနဲ့ခံတွင်းကျန်းမာရေးက ဆက်စပ်နေပါတယ်။ ခံတွင်းကျန်းမာရေး၊ အာခံတွင်းသန့်ရှင်းရေး၊ သွားကျန်းမာရေးကို ဂရုစိုက်ခြင်းက သင်မထင်မှတ်ထားတဲ့အကျိုးတွေအများကြီးရှိပါယ်။ သွားကိုဂရုမစိုက်ပစ်ထားမိခြင်းက ဆိုးကျိုးတွေအများကြီးရှိပါတယ်။


၁) ဦးနှောက်
သွားနဲ့သွားဖုံးဝန်းကျင်ယောင်ရမ်းခြင်းကြောင့် လေဖြတ်နိုင်ခြေမြင့်မားနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အာခံတွင်းအတွင်းက အန္တရာယ်ရှိတဲ့ဘက်တီးရီးယားတွေက သွေးခဲခြင်းကိုဖြစ်ပွားစေနိုင်ပြီး ဦးနှောက်ကိုထိခိုက်စေနိုင်တဲ့အတွက် လေဖြတ်နိုင်ချေဖြစ်ပွားဖို့ အလားအလာများပါတယ်။
အဲဒါကြောင့် သွားနဲ့သွားဖုံးကျန်းမာရေးကို ဂရုစိုက်ခြင်းကြောင့် ဦးနှောက်တွင်သွေးခဲခြင်းများ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်ပြီး လေဖြတ်ခြင်းအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။
၂) အဆုတ်
သွားကျန်းမာရေးကို ဂရုမစိုက်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ဆိုးဝါးစေနိုင်ပြီး အန္တရာယ်ပေးနိုင်တဲ့ဘက်တီးရီးယားတွေက အဆုတ်ဆီကို ကူးစက်ပြန့်ပွားသွားနိုင်ပါတယ်။ အဆုတ်ဆီကို ထိုဘက်တီးရီးယားတွေရောက်သွားတဲ့အခါ အဆုတ်တစ်ရူးတွေကို ပျက်စီးစေတဲ့ panuemonia လို့ခေါ်တဲ့ ရောဂါမျိုးဖြစ်ပွားနိုင်ပါတယ်။ လည်ချောင်းနာခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုး၊ နှာစေး၊ ရင်ဘတ်နာခြင်း စတဲ့လက္ခဏာတွေနဲ့ အသက်ရှုမဝခြင်းစတဲ့ရောဂါမျိုးတွေဖြစ်ပွားနိုင်ပါတယ်။
အဲဒီ့တော့ သွားပုံမှန်တိုက်ပြီး ကျန်းမာရေးကို ဂရုစိုက်ခြင်းက အဆုတ်ရောဂါတွေဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၃) နှလုံး
သွားဖုံးနဲ့သွားကျန်းမာရေးကို အလေးမထားခြင်းက နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်ပွားနိုင်တဲ့အပြင် နှလုံးရောဂါကြောင့် သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်ပါတယ်။ အမှန်တော့ အူထဲမှာဖြစ်ပွားတတ်တဲ့ရောဂါတွေထက် နှလုံးမှာ ပိုပြီးရောဂါဖြစ်ပွားနိုင်ချေက နှစ်ဆခန့်ရှိပါတယ်။
၄) ကျောက်ကပ်
ဘက်တီးရီးယားတွေက ခန္ဓာကိုယ်ထဲကို ပါးစပ်ကနေတဆင့် ဝင်ရောက်တာဖြစ်ပါတယ်။ အာခံတွင်းနဲ့ သွားကျန်းမာရေးကို ဂရုမစိုက်တဲ့အခါ ကူးစက်မှုဖြစ်ပွားတာက ပိုလွယ်ပါတယ်။ အဲဒီလို ကူးစက်မှုဖြစ်ပွားတာက ကျောက်ကပ်ကို လာရောက်ထိခိုက်နိုင်ပါတယ်။
၅) ပန်ကရိယ
အာခံတွင်းမသန့်ရှင်းခြင်းကြောင့် ဆီးချိုရောဂါဖြစ်ပွားမှုမြင့်တက်စေနိုင်ပါတယ်။ အာခံတွင်းက ဘက်တီးရီးယားတွေက သွေးထဲကသကြားဓာတ်ထိန်းချုပ်နိုင်မှုကို နှောင့်ယှက်နိုင်ပါတယ်။ ဆီးချိုရောဂါနဲ့ ပန်ကရိယကင်ဆာဖြစ်ပွားမှုက တိုက်ရိုက်ဆပ်စပ်နေပါတယ်။ အဲဒါအပြင် သွေးထဲက သကြားဓာတ်များလာမှုကြောင့် နှလုံးနဲ့အဆုတ်ရောဂါတွေဖြစ်ပွားမှုတွေကို ပိုဆိုးလာစေနိုင်ပါတယ်။
၆) ကိုယ်ဝန်ဆောင်
သွားနဲ့သွားဖုံးကျန်းမာတဲ့ မိခင်တွေကထက် သွားနဲ့သွားဖုံးကျန်းမာရေးကို ဂရုမစိုက်တဲ့မိခင်တွေမှာ အချိန်မတိုင်မီ ကလေးမွေးဖွားခြင်းအန္တရာယ် မြင့်မားနိုင်ပါတယ်။ ခံတွင်းနဲ့ပတ်သက်တဲ့ရောဂါဖြစ်တတ်တဲ့အမျိုးသမီးတွေမှာလည်း ရင်သားကင်ဆာဖြစ်ပွားဖို့ ရာခိုင်နှုန်းများတာကို လေ့လာတွေ့ရှိရပါတယ်။
သွားနဲ့သွားဖုံး၊ အာခံတွင်း ကျန်းမာရေးကို ဂရုမစိုက်ခြင်းကြောင့် ဆိုးကျိုးတွေက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ခုလောက်ဆို သိသွားလောက်ပါပြီ။ အဲဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပြီး သွားကျန်းမာရေးကို အလေးထားခြင်း၊ ပုံမှန်သွားတိုက်ခြင်းနဲ့ သွားဆေးခန်းကို ပုံမှန်ပြသခြင်းက အထက်က ရောဂါတွေဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်မှာပဲဖြစ်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ဘက်တီးရီးယားတွေက အာခံတွင်းမသန့်ရှင်းရာကနေ တဆင့်ဝင်ရောက်နိုင်တာမို့ အားလုံးပဲ သတိထားပြီး သွားနဲ့သွားဖုံး၊ အာခံတွင်းသန့်ရှင်းရေးကိုလည်း တစ်ကိုယ်ရေသန့်ရှင်းရေးကဲ့သို အရေးကြီး ဂရုစိုက်သင့်ပါတယ်လို့ တိုက်တွန်းလိုက်ပါတယ်။
Pinterest.com မှကူးယူဖော်ပြခြင်းဖြစ်ပါတယ်။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။