သင့်ရည်းစားဟောင်း ချစ်သူအသစ်ရရှိသွားသောအခါ ခံစားရခက်တဲ့နေ့ရက်တွေကို ဘယ်လိုကျော်လွန်ဖြတ်သန်းမလဲ။

“ချစ်တိုင်းလဲ မညား၊ စကားကိုသာ တီးတိုးရေရွတ်မိတာ ..” အချစ်ဟာ ပျော်ရွှင်ဖို့ကောင်းပေမယ့် အချစ်ရဲ့နောက်ဆက်တွဲ အဖြစ်အပျက်တွေကတော့ အမြဲတမ်းစိတ်ချမ်းမြေ့စရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ အပေါ်က သီချင်းလေးလိုပေါ့ ချစ်သောသူတိုင်းလဲ ပေါင်းဖက်ရချင်မှ ပေါင်းဖက်ရတာပါ။ ကွဲကွာခြင်းဆိုတာလဲ သဘာဝတစ်ခုပဲလေ။ ချစ်သူနဲ့ ကွေကွင်းရတဲ့ ခံစားချက်ဟာ ကြေကွဲဖို့ကောင်းပါတယ်။ ပိုဆိုးတာက သင့်ရဲ့ရည်းစားဟောင်းက ချစ်သူအသစ်ရသွားတဲ့အခါမျိုးမှာ သင့်ရင်ထဲမှာ အင်မတန်ခံစားရခက်မှာပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာ ဘာဆက်လုပ်ရမလဲ။ အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ပါ။


၁။ ကိုယ့်ရင်ထဲက ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ခ ျခံစားလိုက်ပါ။ ငိုချင်နေရင် ငိုလိုက်ပါ။ ရင်ထဲရှင်းသွားအောင် ငိုချလိုက်။ အော်ချင်ရင် အော်ဟစ်လိုက်ပါ။ ကိုယ့်ရဲ့ အပြုအမူက သူတစ်ပါးကို စိတ်အနှောင့်အယှက်၊ အထိအခိုက်မဖြစ်ရင်ပြီးတာပါပဲ။ သင့်အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ တွေ့ပါ။ ညဘက်ဆုံပြီး စကားတွေပြောကြပေါ့။ မြိုသိပ်မထားပါနဲ့။ ငါအဆင်ပြေပါတယ်ကွာဆိုပြီး ဟန်ဆောင်မနေပါနဲ့။ ခံစားစရာရှိတာကို ခံစားလိုက်တော့မှ သင်လဲကြေကွဲမှုတွေကို ဖြတ်ကျော်နိုင်သွားမှာ ဖြစ်ပါတယ်။
၂။ ပထမတော့ သင့်အထက်အရင် သူကချစ်သူအသစ်ရသွားတာကို မတရားဘူးလို့ သင်တွေးကောင်းတွေးမိနိုင်တယ်။ ငါကတော့ ခံစားနေရတုန်းမှာ သူကတော့ငါ့ကို မေ့ပစ်လိုက်နိုင်ပြီလားဆိုပြီး မကေ ျမနပ်ဖြစ်ကောင်း ဖြစ်မိပါလိမ့်မယ်။ ဒါပေမယ့် လမ်းခွဲပြီးသွားဆိုတာကို မမေ့ပါနဲ့၊ သင်ရော သူရော လွတ်လပ်သူတွေဖြစ်သွားပါပြီ။ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်သွားပြီတာတောင် သင့်ကိုပဲ သတိရနေပေးဖို့ ဘယ်မျှော်လင့်လို့ရပါ့မလဲ။ တချို့တွေက လွယ်လွယ်ကူကူမေ့နိုင်သွားချိန်မှာ တချို့အတွက်တော့ အချိန်တွေအကြာကြီး မေ့မရနိုင်တာဖြစ်တတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ဒါကို သင်သိထားဖို့ လိုပါတယ်။
၃။ ချစ်သူအသစ်ထားတာဟာ ပြိုင်ပွဲတစ်ခုမဟုတ်ပါဘူူး။ ဖြစ်တတ်တာတစ်ခုက ချစ်သူ ၂ ယောက်ပြတ်သွားချိန်မှာ ဘယ်သူကတော့ မြန်မြန်မေ့နိုင်တယ်၊ ဘယ်သူကတော့ ပျော်ရွှင်နေပြီဆိုတာတွေကို စိတ်ထဲက မသိမသာပြိုင်ဆိုင်နေတတ်ကြပါတယ်။ ခံစားချက်ဆိုတာ ပြိုင်ဆိုင်လို့ရတဲ့ အရာဟုတ်လို့လား။ သင့်ကိုယ်သင်ပြန်မေးကြည့်ပါ။ သင့်ရည်စားဟောင်းအတွက် ချစ်သူအသစ်ထားတာက ပျော်ရွှင်စရာကောင်းတိုင်း သင့်အတွက်လဲ တူတူပဲလို့ ပြောလို့မရပါဘူး။ ပျော်ရွှင်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် နည်းလမ်းတွေကွဲပြားပါတယ်။ အလုပ်အပေါ်အာရုံစိုက်ထားတာက သင့်အတွက်ပျော်ရွှင်စရာ ဖြစ်နေနိုင်တာပဲ။ မပြိုင်ဆိုင်ပါနဲ့၊ ကိုယ်ပျော်ရွှင်မယ့်နည်းလမ်းကိုသာရှာဖွေပါ။
၄။ သင်တို့ ၂ ယောက်ဘာကြောင့် အဆင်မပြေဖြစ်ခဲ့ရတာလဲဆိုတာကို စိတ်အေးအေးနဲ့ စဉ်းစားကြည့်ပါ။ သူနဲ့တွဲနေတုန်းက သင့်မှာ ဘာတွေစိတ်ညစ်ခဲ့ရလဲ၊ ဘာတွေပြသနာတက်ခဲ့ရလဲ။ အကောင်းဘက်ကတွေးကြည့်မယ်ဆိုရင် အခုသင်အဲ့ဒီ့အရှုပ်အထုပ်တွေအတွက် စိတ်ညစ်စရာမလိုတော့ဘူးလေ။ သင့်နေရာမှာ တခြားတစ်ယောက်က စိတ်ညစ်နေရပြီလို့ တွေးကြည့်လိုက်ပေါ့။ သင်ကတော့ အေးအေးဆေးဆေး သာယာနေပြီလေ။
၅။ သင့်ကိုယ်သင် သင့်ရည်းစားဟောင်းရဲ့ ချစ်သူအသစ်နဲ့ နှိုင်းယှဉ်တာတွေ မလုပ်ပါနဲ့။ ပြတ်သွားပြီဆိုထဲက သင်နဲ့ သင့်ရည်းစားဟောင်းကြားက ရင်းနှီးမှုဟာ ပြီးဆုံးသွားခဲ့ပြီ။ သူ့ရဲ့ချစ်သူအသစ်နဲ့ဆို ပိုလို့တောင် မသက်ဆိုင်သေးတယ်။ သူ့ထက်သာအောင်ဆိုတဲ့ စိတ်နဲ့ ကြိုးစားစရာလဲမလိုအပ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ သင်ပျော်ရွှင်ဖို့အတွက်ပဲ သင်လုပ်ပါ။ ရည်းစားဟောင်းရဲ့ ချစ်သူအသစ်အကြောင်းကို သင်မသိလေ ကောင်းလေပါပဲ။ မဟုတ်ရင် အမုန်းတရားတွေသာ များလာပါလိမ့်မယ်။ ဒါကဘယ်သူ့အတွက်မှ မကောင်းပါဘူး။
၆။ သင်နဲ့သူနဲ့ အရင်ကအတူတူသွားဖူးနေကြနေရာတွေကို မသွားတာကောင်းပါတယ်၊ သင်စိတ်ပြတ်နိုင်သွားပြီဆိုရင်တော့ တစ်မျိုးပေါ့။ ပြီးတော့ သင့်ရည်းစားဟောင်းတို့အတွဲ သွားလာနိုင်မယ်ထင်တဲ့ နေရာတွေကိုလဲ တတ်နိုင်သမျှရှောင်ပါ။ ဒါက အရှုံးပေးလိုက်တာမဟုတ်ပါဘူး။ သင်စဉ်းစားကြည့်ပါ။ မတော်တဆ တွေ့သွားခဲ့ရင်ရော ဘာထူးခြားသွားမှာလဲ။ သင်က ချစ်မိနေဆဲဆို ပိုလို့သာ စိတ်ထဲကြေကွဲရမှာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါဆိုရင် မေ့ဖျောက်ပစ်နိုင်ဖို့ဆိုတာ ပိုခက်ခဲသွားနိုင်ပါတယ်။
၇။ ရည်းစားဟောင်းရဲ့ ဖေ့စ်ဘွတ်ပရိုဖိုင်ကို ဝင်ကြည့်တာမျိုးမလုပ်ပါနဲ့။ သူဘာတွေလုပ်နေပြီလဲ၊ သူဘယ်သူနဲ့ ဘယ်တွေသွားတယ်ဆိုတာတွေကို သင်မသိချင်ပါနဲ့။ သင်နဲ့သူနဲ့က ဘာမှမသက်ဆိုင်တော့တဲ့အတွက် မသက်ဆိုင်သလိုပဲ နေတာကောင်းပါတယ်။ အွန်လိုင်းကနေ လိုက်စုံစမ်းနေမယ်ဆိုရင် သင်ပဲစိတ်ပင်ပန်းရမှာပါ။ စိတ်မထိန်းနိုင်ဘူးထင်ရင်တော့ အချိန်အတိုင်းအတာတစ်ခုအထိ ဆိုရှယ်မီဒီယာတွေ မသုံးတာအကောင်းဆုံးပါ။ သင်စိတ်ပြတ်သွားနိုင်တဲ့အခါ သင့်ရည်းစားဟောင်း ချစ်သူရတာမကလို့ အိမ်ထောင်ပဲပြုပြု သင့်စိတ်ထဲ ဘာမှခံစားရခက်တော့မှာ မဟုတ်ပါဘူး။
၈။ ကိုယ့်ဘဝကိုယ် အာရုံစိုက်ပါ။ သူနဲ့တွဲနေခဲ့တုန်းက အချိန်မပေးဖြစ်ခဲ့တဲ့အရာတွေရှိလား။ ဥပမာ သူငယ်ချင်းတွေ၊ မိသားစုတွေကို အချိန်ပေးပါ။ အလုပ်အပေါ်သေချာအာရုံစိုက်ပါ။ အချိန်မရှိလို့ မလုပ်ဖြစ်တော့တဲ့ ဝါသနာပါရာအလုပ်တွေကို ပြန်လုပ်ဖို့ အခုသင့်မှာ အချိန်တွေလုံလောက်သွားပြီလေ။ သင်တစ်ယောက်ထဲဖြစ်သွားတဲ့အခါ အကောင်းဆုံးအချက်က သင့်ဘဝကိုသင် စိတ်ကြိုက်စီမံပုံဖော်ခွင့် ရှိသွားပါတယ်။ ဒါကို ကောင်းကောင်းအသုံးချပါ။ သင့်ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် သင်မလုပ်ဖြစ်ခဲ့၊ မလုပ်နိုင်ခဲ့တာတွေကို စိတ်နှစ်ပြီး လုပ်ဆောင်လို့ရပါပြီ။
ချစ်သူနဲ့ပြတ်ထားသူတွေအတွက် အခုဒီပို့စ်လေးက တစ်စုံတစ်ရာအကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အသည်းကွဲနေတဲ့သူငယ်ခ ျင်းတွေကိုလည်းဒီပို့စ်လေးရှယ်ပေးလိုက်ပါဦးလို့။
Translated from Source: “8 sure ways to deal with an ex seeing someone new,” lovepanky.com

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။