သင့်ရဲ့တစ်နေ့တာကို အကောင်းဆုံးစတင်ဖို့ နည်းလမ်း ၁၀ချက်

သင့်ရဲ့တစ်နေ့လုံးကို အကောင်းဆုံးကြိုးစားနိုင်ဖို့ အတွက် သင့်ရဲ့တစ်နေ့တာကို စတင်ချိန်ဟာ အရေးကြီးပါတယ်။ အဲဒါကြောင့် မနက်ခင်းမှာ သင့်ရဲ့တစ်နေ့တာလုံးကို ဘယ်လိုစတင်သင့်သလဲဆိုတဲ့ အချက် ၁၀ချက်ကို ဖော်ပြပေးလိုက်ပါတယ်။


၁) alarm ကို ပိတ်ပြီး ပြန်မှိန်းတာမျိုး မလုပ်မိပါစေနဲ့။
Alarm ပိတ်ပြီးပြန်အိပ်တာက သင့်ကိုပိုပြီး ထိုင်းမှိုင်းလေးလံသွားစေပါတယ်။ ထိုကဲ့သို့ပြုလုပ်လိုက်ခြင်းက သင့်ရဲ့တစ်နေ့တာကိုစတင်ဖို့ အကောင်းဆုံးမဖြစ်နိုင်တော့ဘဲ မလန်းမဆန်းနဲ့ နောက်ကျမှအိပ်ရာနိုးတာမျိုးဖြစ်နိုင်ပါတယ်။
၂) ရေသောက်ပါ။
မနက်အိပ်ရာနိုးနိုးချင်း ရေသောက်တဲ့အကျင့်ကိုလုပ်တာ ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
၃) အိပ်ရာနိုးနိုးချင်း ဖုန်းမသုံးမိပါစေနဲ့။
အိပ်ရာနိုးနိုးချင်း ဖုန်းသုံးလိုက်တာက ကျန်တဲ့အရာတွေလုပ်ဖို့ လေးလံသွားသလို၊ လူမှုကွန်ရက်ထဲမှာပဲ တဝဲ၀ဲလည်နေရင်း တစ်နေ့လုံးအတွက်လုပ်စရာရှိတာကို ပြင်ဆင်ဖို့တောင် သတိမရတတ်တော့ပါဘူး။
၄) ဒီနေ့တစ်နေ့လုံး လုပ်စရာရှိတာကိုသာ အာရုံစိုက်ပါ။
အလုပ်တွေအများကြီးကိုတွေးနေတာက သင့်ကိုပိုပြီး စိတ်ဖိစီးစေပါတယ်။ ဒီနေ့အတွင်း အပြီးလုပ်ရမယ့်အလုပ်တွေနဲ့ လုပ်သင့်တဲ့အလုပ်တွေကိုသာ နံပါတ်စဉ်တပ်ပြီး အာရုံစိုက်လိုက်တာက သင့်ကိုစိတ်ဖိစီးမှုသက်သာစေနိုင်သလို၊ အလုပ်တွေလည်း တွင်ကျယ်စေပါတယ်။
၅) နေရောင်ခြည်အလင်းရောင် ရပါစေ။
အိပ်ရာနိုးနိုးချင်း alarm ကိုပြန်မပိတ်ဘဲ ချက်ချင်းထပြီး ဖုန်းကိုလည်း အာရုံမရောက်စေဘဲ နေရောင်ခြည်အလင်းရောင်ကို ခံယူလိုက်တာ သင့်ကိုလန်းဆန်းသွားစေသလို၊ သင့်စိတ်ကိုလည်း ကြည်လင်ပြီး ရှေ့ဆက်လုပ်ရမယ့်အလုပ်တွေကို အာရုံစိုက်ရတာအဆင်ပြေစေပါလိမ့်မယ်။
၆) အကြောအခြင်ပြေလျော့ပါစေ။
အကြောအခြင်ပြေလျော့အောင် တစ်ကိုယ်လုံးက အကြောတွေကို ဆန့်တာမျိုးကလည်း သင့်ကိုလန်းဆန်းစေသလို၊ ထိုင်းမှိုင်းလေးလံနေတာတွေ ကင်းစေပါတယ်။
၇) အိပ်ရာသိမ်းပါ။
အိပ်ရာနိုးနိုးချင်း အိပ်ရာမသိမ်းဘဲနေတတ်တာက သင့်ကိုပိုပြီး စိတ်ရှုပ်စေသလို ခံစားရပါလိ့မ်မယ်။ အိပ်ရာထဲက ရှုပ်ပွနေတာတွေကို အရင်ရှင်းလိုက်ပါ။
၈) လေ့ကျင့်ခန်းလုပ်ပါ။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းက လန်းဆန်းစေပါတယ်။ တစ်နေ့တာကို ဖြတ်သန်းဖို့ စိတ်ကြည်လင်စေပါတယ်။
၉) သင့်အတွက် အရေးကြီးတဲ့အရာသုံးခုကို လုပ်ပါ။
အရင်ဆုံးလုပ်သင့်တဲ့ လုပ်ရမယ့်အရာ ၃ခုကို စဉ်းစားလိုက်ပါ။ အဲဒီ့ ၃ခုကို အရင်လုပ်လိုက်ပါ။
၁၀) သီချင်းနားထောင်ပါ။
မနက်ခင်းမှာ သာယာငြိမ့်ညောင်းတဲ့သီချင်းကိုနားထောင်ခြင်းကလည်း တစ်နေ့တာကို တက်ကြွရွှင်လန်းစွာဖြတ်သန်းဖို့ အထောက်အကူဖြစ်စေပါတယ်။
အထက်က ၁၀ချက်က ပေါ့ပေါ့ပါးပါးလုပ်လို့ရတာလေးတွေပါပဲ။ ဒါပေမယ့် လုပ်ကြည့်ပြီးရင်တော့ တစ်နေ့တာကို စိတ်ကြည်လင်ရွှင်လန်းစွာဖြတ်သန်းနိုင်ဖို့ ဘယ်လောက်ထိရောက်သလဲဆိုတာ သိလာပါလိမ့်မယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။