သင့်ရဲ့စိတ်ကို မိနစ် ၂၀အတွင်းမှာ ပြန်လည်ကောင်းမွန်စေမယ့် အရာ ၅ခု

အတွေးအခေါ်ဆိုတာက သင့်ရဲ့စိတ်သဘောထားပဲဖြစ်ပါတယ်။ စိတ်ပညာရှင် Carol Dweck ကပြောခဲ့ပါတယ်။ Carol Dweck ကနှစ်ပေါင်းများစွာကြာအောင် စိတ်ပညာနဲ့ပတ်သက်တဲ့လေ့လာချက်တွေလုပ်နေတာပဲဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက် အလုပ်ကြိုးစားခြင်းနဲ့ခံနိုင်ရည်ရှိခြင်းက ဦးနှောက်ဉာဏ်ရည်နဲ့ ပါရမီထက်ပိုပြီး အရေးကြီးပါတယ်။ သင့်ရဲ့စိတ်ထားကို ပြောင်းလဲလိုက်တဲ့အခါ သင့်ရဲ့ရှင်သန်ပုံလည်း ပြောင်းလဲသွားတာပါပဲ။ ကျွန်တော်တို့ရဲ့စိတ်သဘောထားတိုးတက်လာအောင် အောက်ပါအချက်လေးတွေကို လိုက်နာကြည့်နိုင်ပါတယ်။


၁) ငါးမိနစ်ခန့် အသက်ရှုကြည့်ပါ။
လေ့လာချက်တွေအရ မိနစ်အနည်းငယ်လောက် အသက်ကို ရှုသွင်းရှုထုတ်လုပ်ကြည့်ခြင်းက ကျွန်တော်တို့ရဲ့ဦးနှောက်ကို ပွင့်လန်းစေနိုင်တယ်လို့တွေ့ရပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ ထိုင်နေတာ ဒါမှမဟုတ် မတ်တပ်ရပ်နေတာမျိုး၊ သင့်ရဲ့စိတ်ကို တည်ငြိမ်ရှင်းလင်းနေအောင် ထားပါ။လေကိုရင်ခေါင်းထဲထိရောက်အောင် ရှုသွင်းလိုက်ပါ။ တရားထိုင်တာမျိုးမလုပ်ချင်ရင် ဒီလေ့ကျင့်ခန်းကိုလုပ်လို့ရပါတယ်။ ၅မိနစ်နဲ့ ၁၀မိနစ်ကြား လုပ်ကြည့်ပါ။ စိတ်ဖိစီးမှုတွေများလာတဲ့အခါမျိုးမှာ ဒီလေ့ကျင့်ခန်းကိုလုပ်ကြည့်လိုက်ပါ။

၂) သင့်အတွေးတွေကို ပြန်ဆန်းစစ်ပါ။ (၅မိနစ်ခန့်)
မနက်ခင်းမှာသင့်အတွေးတွေကို ပြန်ဆန်းစစ်ကြည့်ပါ။ ကျွန်တော်တို့ အတွေးတွေမှာ စွမ်းအင်ရှိပါတယ်။ အတွေးတွေကနေ ခံစားချက်တွေဖြစ်လာပါတယ်။ ထိုခံစားချက်တွေကနေမှတဆင့် အပြုအမူတွေ၊ လုပ်ဆောင်ချက်တွေကို ဦးတည်လာတာဖြစ်ပါတယ်။ အဲဒီ့အပြုအမူတွေနဲ့ လုပ်ဆောင်ချက်တွေကပဲ ကျွန်တော်တို့ရဲ့နေ့ရက်တွေမှာ အကောင်းအဆိုးဖြစ်ပေါ်လာစေပါတယ်။ ကျွန်တော်တို့ရဲ့အတွေးတွေကို ရွေးချယ်ခြင်းက ကျွန်တော်တို့ရဲ့ဘဝကို စွမ်းအင်တွေအမျိုးမျိုးဖြစ်ပေါ်လာစေတာပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့အတွေးတွေကို ပြန်လည်သုံးသပ်ဖို့အချိန်ယူသင့်ပါတယ်။

၃) သင့်လုပ်နိုင်ခဲ့တာတွေကို ချရေးပါ။ (၃မိနစ်ခန့်)
နေ့ရက်တိုင်းမှာ သင်လုပ်နိုင်ခဲ့တာတွေ ၅ခုခန့်ကို ချရေးကြည့်ပါ။ ဘဝနဲ့ပတ်သက်ပြီး အကောင်းမြင်တတ်တဲ့စိတ်ထားကို ဖြန့်ဝေခြင်းက ကျွန်တော်တို့ရဲ့ခံစားချက်တွေကို ပိုကောင်းလာစေပါတယ်။ ကောင်းမွန်စွာအိပ်စက်ခြင်း (အိပ်ရေး၀၀အိပ်စက်ခြင်းက) ခုခံစွမ်းအားတိုးစေပြီး စိတ်ခံစားချက်ကိုလည်း ပိုကောင်းစေပါတယ်။ နေ့ရက်တိုင်းမှာ မတူတဲ့အရာတွေမှာ ကြိုးစားကြည့်ပါ။ တစ်ပတ်ပြီးလို့ နောက်ဆုံးရက်မှာ သင်ရေးခဲ့တာတွေကို ပြန်ဖတ်ကြည့်ပါ။ အရမ်းကို အံ့အားသင့်စရာကောင်းတာ တွေ့ရပါလိမ့်မယ်။

၄)တစ်နေ့တာအတွက် သင်လုပ်မယ့်အကြံအစည်တွေကို ကြိုတင်စဉ်းစားကြည့်ပါ။ (၅မိနစ်ခန့်)
မနက်ခင်းမှာ အိမ်ကနေမထွက်ခွာခင် သင်တစ်နေ့လုံးဘာလုပ်မလဲဆိုတာကို ကြိုတင်တွေးတောပါ။ ကြိုတင်ဆုံးဖြတ်ချက်ချထားပါ။ ဒီနေ့တစ်နေ့လုံး အစကနေ အဆုံးထိ အကောင်းဆုံးဖြစ်အောင် တုံ့ပြန်မှုတွေ၊ အပြုအမူတွေကိုပဲ ပြုလုပ်မယ်လို့ ဆုံးဖြတ်ထားပါ။ သင့်ရဲ့လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ သင့်ရဲ့အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ သင်ဒီနေ့ကိုဘယ်လိုရှေ့ဆက်မလဲဆိုတာကိုကြိုတင်သတ်မှတ်ပြီး သင့်ကိုသင်ဆုံးဖြတ်ထားပါ။

၅) ဆူညံမှုတွေကို ရပ်တန့်ပစ်ပါ။ (၂မိနစ်ခန့်)
သင့်ရဲ့မနက်ခင်းကို စတင်ဖို့ တစ်စုံတစ်ခုကို နားထောင်ပါ။ သင်အကြိုက်ဆုံးသီချင်းကို နားထောင်တာမျိုး၊ သင့်သင်ခန်းစာတွေကို အသံသွင်းထားတာကို နားထောင်တာမျိုး စသဖြင့်ပေါ့ ။ သတင်းတွေတော့မဟုတ်ပါဘူး။ သတင်းတွေက များသောအားဖြင့် အကောင်းဘက်ကနည်းပါတယ်။ သင့်ကိုအရမ်းစိတ်ရှုပ်စေပြီး ဆူညံနေတယ်ထင်ရတာမျိုးတွေကို ရပ်တန့်ပစ်ပါ။ အဲဒီ့လို ဆူညံမှုတွေက စိတ်ရှုပ်ထွေးမှု့ကိုပိုဖြစ်စေပါတယ်။ အဲဒါကြောင့် ဘာမှနားထောင်ချင်စိတ်မရှိရင်လည်း ခဏတဖြုတ်ပဲဖြစ်ဖြစ် တိတ်ဆိတ်စွာ နေလိုက်ပါ။
အထက်ပါ မိနစ်၂၀ခန့်သင့်ကိုသင်အချိန်ပေးလိုက်ပါ။ အဲဒါက သင့်ကိုပိုပြီး အကောင်းမြင်စိတ်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ၂ပတ်ခန့်အဲဒီအကျင့်လေးဖြစ်လာအောင် လုပ်ယူကြည့်လိုက်ပါ။ အံအားသင့်ဖွယ် ခြားနားချက်ကို သင်မြင်လာရပါလိမ့်မယ်။ သင့်ရဲ့ လုပ်နိုင်စွမ်းအားတွေနဲ့ သင့်ရဲ့စိတ်နေစိတ်ထားတွေပါ ပြောင်းလဲသွားပါလိမ့်မယ်။
https://www.success.com/5-things-you-can-do-to-improve-your-mindset-in-20-minutes/ မှကိုးကားဖောြ်ပခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။