သင့်ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကို မြင့်တင်ပေးနိုင်တဲ့အကောင်းဆုံးအစားအစာများ

သင့်ခန္ဓာကိုယ်မှာ ခုခံအားစနစ်ကောင်းမွန်နေတဲ့အခါမှာ သင့်ရဲ့ကျန်းမာရေးကို ပိုကောင်းအောင် ကူညီနိုင်ပါတယ်။ ခုခံအားကောင်းစေတဲ့အစားအစာတွေ ရှိပါတယ်။ သင့်ရဲ့ကိုယ်တွင်းအဂါၤ ၊ ဆဲလ်များ၊ တစ်ရှုးစများ၊ ပရိုတင်း စတဲ့အရာတွေမှာ ခုခံအားစနစ်ပါဝင်ပါတယ်။ ထိုအရာတွေကနေတဆင့် ရောဂါပိုးတွေက ဗိုင်းရပ်စ်၊ ဘက်တီးရီးယားအဖြစ်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သယ်ဆောင်ပြီး ခန္ဓာကိုယ်မှာ ရောဂါကူးစက်စေတာဖြစ်ပါတယ်။ အဲဒါကြောင့် ရောဂါပိုးတွေက ခုခံအားကောင်းတဲ့စနစ်နဲ့ထိတွေ့တဲ့အခါ တုံ့ပြန်တိုက်ခိုက်ခြင်းကိုခံရပါတယ်။ ခုခံအားစနစ်ကနေ ပဋိဇီဝပစ္စည်းတွေထုတ်လုပ်ပေးပါတယ်။ ထိုပစ္စည်းတွေကနေ ရောဂါပိုးတွေကို သတ်ပြစ်နိုင်တာဖြစ်ပါတယ်။ ခုခံအားကို ကောင်းမွန်စေတဲ့အစားအစာတွေက လူရဲ့ခုခံအားကို မြင့်တင်ပေးနိုင်ပါတယ်။ ထိုအစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဘလူးဘယ်ရီသီးများ
ဘလူးဘယ်ရီသီးတွေမှာ antioxidant အစွမ်းသတ္တိတွေပါဝင်တာမို့ ခုခံအားတိုးစေပါတယ်။ anthocyanin လို့ခေါ်တဲ့ antioxidant အစွမ်းပါဝင်ပါတယ်။ ၂၀၁၆တုန်းက လေ့လာချက်တစ်ခုအရ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးပါဝင်တယ်လို့သိရပါတယ်။ အဲဒါကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ၊ အအေးမိဖျားနာတာတွေကို သက်သာစေနိုင်ပါတယ်။
၂) အနက်ရောင် ချောကလက်
Theobromine ခေါ်တဲ့ antioxidant ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်က ခုခံအားစနစ်ကို တိုးမြင့်စေပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ခန္ဓာကိုယ်ကဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်ပေးနိင်ပါတယ်။
ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲကဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါတွေပြန့်နှံ့စေနိုင်ပါတယ်။
၃) နနွင်း
နနွင်းကိုဟင်းချက်ရာမှာ ထည့်သုံးတတ်ကြပါတယ်။ ဆေးဝါးအဖြစ်လည်း တစ်ချို့နေရာတွေမှာ သုံးပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းက ခုခံအားကိုလည်း မြင့်တင်ပေးနိုင်ပါတယ်။ antioxidant အစွမ်းတွေပါဝင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။
၄) အဆီများတဲ့ငါး
ဆော်လမွန်၊ တူနာ၊ ဆာဒင်းငါး နဲ့အခြားအဆီများငါးတွေမှာ omega-3 fatty acids ပါဝင်မှုများပြားတာကြောင့် ခုခံအားကျဆင်းတဲ့အခါမှာအဖြစ်များတဲ့ ခန္ဓာကိုယ်အဆစ်အမြစ်ယောင် ရောဂါမျိုးကို သက်သာစေနိုင်ပါတယ်။
၅) ပန်းပွင့်စိမ်း
ပန်းပွင့်စိမ်းမှာ ဗီတာမင်စီပါဝင်ပါတယ်။ sulforaphane ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် ခုခံအားကောင်းဖို့ ပုံမှန်စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။
၆) ကန်စွန်းဥ
ကန်စွန်းဥမှာ beta carotene ဓာတ်ပါဝင်မှုကြောင့် ဗီတာမင်အေရဲ့အရင်းအမြစ်ဖြစ်ပြီး အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၇) ဟင်းနုနွယ်ရွက်
• ဟင်းနုနွယ်ရွက်က ခုခံအားတိုးမြင့်ပေးနိုင်ပါတယ်။ flavonoids ၊ carotenoids ၊ vitamin C နဲ့ vitamin E ပါဝင်မှုကြောင့် ခုခံအားကို မြင့်တင်ပေးဖို့အကူအညီပေးပါတယ်။ flavonoids ဓာတ်က အအေးမိခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။
၈) ဂျင်း
ဂျင်းကို ဟင်းလျာတွေထဲမှာထည့်သွင်း ချက်ပြုတ်တတ်ကြသလို လက်ဖက်ရည်ကြမ်းအဖြစ်လည်း ထည့်သွင်းသောက်သုံးတတ်ကြပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ဓာတ်နဲ့ antioxidant ဓာတ်တွေပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာအကျိုးအများကြီးရှိပါတယ်။ အအေးမိ၊ ဖျားနာခြင်းအတွက် အထူးသင့်လျော်ပြီး အကျိုးရှိတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။
၉) ကြက်သွန်ဖြူ
အအေးမိခြင်းကို ကြက်သွန်ဖြူက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အခြားအအေးမိခြင်းနဲ့ ဖျားနာခြင်းတွေကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူက အိမ်သုံးဆေးဝါးတစ်မျိုးပါပဲ။
လေ့လာတွေ့ရှိချက်အရ ကြက်သွန်ဖြူမှာ allicin ပါဝင်မှုကြောင့် အအေးမိ၊ ဖျားနာခြင်းအန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။
၁၀) လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာ ကဖင်းဓာတ်ပမာဏအနည်းငယ်ပဲပါဝင်ပါတယ်။ ခုခံအားတိုးစေပြီး ဘလူးဘယ်ရီကဲ့သို့ အအေးမိခြင်းကို လျော့ကျစေတဲ့ flavonoids ဆိုတဲ့ဓာတ်ပါဝင်ပါတယ်။
၁၁) နေကြာစေ့
နေကြာစေ့မှာ ဗီတာမင်အီးကြွယ်ဝစွာပါဝင်ပါတယ်။ အဲဒါကြောင့် ခုခံအားတိုးစေပြီး ဖရီးရယ်ဒီကယ်တွေကို တိုက်ထုတ်နိုင်ပြီ းဆဲလ်တွေပျက်စီးခြင်းကို ကာကွယ်စေပါတယ်။
၁၂) ဗံဒါစေ့
ဗံဒါစေ့ကလည်း ဗီတာမင်အီးပါဝင်မှုများတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ မဂ္ဂနီစ်နဲ့ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်ပါဝင်မှုကြောင့် ခုခံအားစနစ်အတွက် အကျိုးရှိပါတယ်။
၁၃) လိမ္မော်သီး နဲ့ ကီဝီသီး
လိမ္မော်သီးနဲ့ ကီစီသီးတွေမှာ ဗီတာမင် စီ ကြွယ်ဝစွာ ပါဝင်မှုကြောင့် အအေးမိဖျားနာခြင်းကို တိုက်ဖျက်နိုင်ပါတယ်။ ဗီတာမင်စီက ခုခံအားစနစ်ကို တိုးမြင့်ပေးနိုင်တဲ့အတွက် အအေးမိဖျားနာခြင်းကို အလျင်မြန်သက်သာစေနိုင်ပါတယ်။
၁၄) ငရုတ်ပွ
ငရုတ်ပွမှာလည်း ဗီတာမင်စီပါဝင်မှုများပါတယ်။ ဗီတာမင်စီကြောင့် ကိုယ်ခံအားစနစ်ကို အထောက်အကူဖြစ်စေပါတယ်။
https://www.medicalnewstoday.com/articles/322412.php လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။