သင့်ရဲ့အလုပ်ပြီးမြောက်နိုင်စွမ်းရည်ကို ဖျက်ဆီးနိုင်သော အကျင့်ဆိုး ၆ခု

သင့်ရဲ့အလုပ်တွေမပြီးမြောက်ဘူး၊ သင့်အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းနေတယ်၊ သင့်မှန်းသလောက်မဖြစ်ဘူး လို့ ခံစားနေရတယ်ဆိုရင် သင့်မှာ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းကို ဖျက်ဆီးနိုင်တဲ့အကျင့်ဆိုးတွေရှိနေသလား ပြန်စဉ်းစားသင့်ပါတယ်။ သင့်ရဲ့အလုပ်တွေပြီးမြောက်ချင်တယ်၊ သင်မှန်းထားတာတွေ ဖြစ်မြောက်ချင်တယ်၊ သင့်ရဲ့အလုပ်လုပ်နိုင်စွမ်းတွေ ပြန်ပြီး တိုးတက်ချင်တယ်ဆိုရင် သင့်ကိုသင်ဆန်းစစ်ရမှာဖြစ်ပါတယ်။ သင့်ကိုသင်စည်းကမ်းသတ်မှတ်ပြီး ဆုံးဖြတ်ခိုင်မာအောင် ချသင့်ပါတယ်။ အဲဒါကြောင့် သင့်မှာ အောက်ပါအကျင့်ဆိုးတွေ ရှိနေသလား ပြန်စဉ်းစားကြည့်လိုက်ပါအုံးနော်။


၁) လူမှုကွန်ရက် အသုံးများခြင်း
ပထမဆုံး သင်စဉ်းစားသင့်တာက ဒီနေ့အသုံးများနေတဲ့ ဖုန်းပါပဲ။ ဖုန်းထဲကနေ လူမှုကွန်ရက်အသုံးများနေတယ်ဆိုရင် သင့်အလုပ်တွေပြီးမြောက်ဖို့ အနှောင့်အယှက်ဖြစ်စေမှာပါပဲ။ လူမှုကွန်ရက်ထဲက noti တွေကို မကြည့်ရမနေနိုင်တဲ့ FOMO ဆိုတဲ့ ရောဂါစွဲနေတာမျိုး ဖြစ်နေသလား။ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ပါ။ အွန်လိုင်းကနေ တခုခုသင်ယူဖို့၊ သတင်းတွေကြည့်ဖို့၊ မေးလ်ပို့ဖို့၊ မေးလ်စစ်ဖို့သာ ကိုယ့်ကိုကိုယ်သတ်မှတ်ထားပေမယ့် တကယ်တမ်းမှာတော့ သူငယ်ချင်းတွေနဲ့ စကားပြောလိုက်၊ ပို့စ်တွေလိုက်ဖတ်လိုက်နဲ့တင် အချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။
အဲဒါကြောင့် ကိုယ့်ရဲ့ အွန်လိုင်းအသုံးပြုမယ့်အချိန်ကို သတ်မှတ်ပါ။ သတ်မှတ်ချိန်အတွင်း တခြားအလုပ်တခုခုကို အာရုံစိုက်ပါ။ သတ်မှတ်ချိန်မှာ လုံးဝအွန်လိုင်းမသုံးဖို့ စည်းကမ်းလိုက်နာပါ။ အွန်လိုင်းကို မသုံးမဖြစ် သုံးရမယ့်ကိစ္စ ဥပမာ မေးလ်ပို့ခြင်း၊ မေးလ်စစ်ခြင်း၊ စတာတွေအတွက် သုံးပါ။

၂) မကောင်းတဲ့အိပ်စက်ခြင်း အကျင့်ဆိုး
ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဘူးဖြစ်နေတာ၊ ဒါမှမဟုတ် အိပ်ရေးမဝတာ ကလည်း အကျင့်ဆိုးတစ်ခုပါပဲ။ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်နော်။ တစ်နေ့တာလုံး ထိုင်းမှိုင်းလေးလံခြင်း၊ မောပန်းခြင်းကို ခံစားရစေပါတယ်။ အလုပ်မတွင်ကျယ်တော့ပါဘူး။ ဘာကိုမှ တက်ကြွစွာအလုပ်လုပ်ချင်စိတ်မရှိတော့ပါဘူး။ အဲဒါကြောင့်အလုပ်တွေမပြီးစီးနိုင်ပါဘူး။ သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကျဆင်းစေပါတယ်။ အလုပ်ကိုအာရုံစိုက်လုပ်နေရသော်လည်း အမှားတွေများလာပါတယ်။
အဲဒါကြောင့် အိပ်သင့်တဲ့အချိန်ထက်လည်း ပိုမအိပ်သင့်သလို၊ အိပ်ရေးမဝတာလည်း မဖြစ်သင့်ပါဘူး။ အိပ်ချိန်ကို သတ်မှတ်ပြီး မနက်အိပ်ရာထချိန်ကိုလည်း သတ်မှတ်ထားပြီး alert ပေးထားသင့်ပါတယ်။

၃)ပုံမုန်ချိန်မသတ်မှတ်ထားခြင်း
ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာ ဘာကိုအပြီးသတ်ပြီး၊ ဘယ်အချိန်မှာ အလုပ်ကိုရောက်အောင်သွားမယ် စသဖြင့် ပုံမှန်ချိန်မသတ်မှတ်ထားခြင်းက သင့်ကို တစ်နေ့တာလုံး ကမောက်ကမဖြစ်စေပါတယ်။ မနက်ခင်းကို အချိန်သတ်မှတ်ပြီး အိပ်ရာမထနိင်ရာကစပြီး ရုံးဖြစ်ဖြစ် ကျောင်းဖြစ်ဖြစ်နောက်ကျမယ်၊ အလုပ်တွေကို အလောသုံးဆယ်လုပ်ရမယ်၊ အဲဒီလိုနဲ့ သင့်မှာ အလုပ်တွေအစီစဉ်မကျရာကနေ အားလပ်ချိန်မရှိ၊ ပျော်စရာ လွတ်လပ်စွာ ရယ်မောနိုင်တဲ့အချိန်မရှိဖြစ်လာမယ်။
အဲဒါကြောင့် သင့်ရဲ့မနက်ခင်းကတည်းက ပုံမှန်အချိန်လေးသတ်မှတ်ထားခြင်းက တခုပြီးတခု အေးဆေးစွာပြီးဆုံးသွားနိုင်ခြင်းက သင့်ကိုစိတ်လက်ပေါ့ပါးစေပါတယ်။ အဲဒါကြောင့် အချိန်ဇယားတစ်ခုသတ်မှတ်ထားသင့်ပါတယ်။ အဲဒါက သင်ကို သင်လုပ်ရမယ့်တာဝန်တွေကိုလည်း မမေ့စေတော့ပါဘူး။ အကြမ်းဖျင်းအားဖြင့် ၁) ညပိုင်းအချိန်ဇယား ၂) မနက်ခင်းအချိန်ဇယား ၃) အလုပ်အချိန်ဇယားရယ်လို့ သတ်မှတ်ထားကြည့်ပါ။ သင့်ရဲ့ကိုယ်ပိုင်အချိန်လေးတွေထွက်လာပါလိမ့်မယ်။ သင်စိတ်ဝင်စားတဲ့အရာလေးတွေကို လုပ်ဖို့ပါ အချိန်ရလာပါလိမ့်မယ်။

၄) တပြိုင်တည်း အလုပ်တွေစုပြုံလုပ်ခြင်း
တပြိုင်တည်း အလုပ်တွေ နှစ်မျိုး သုံးမျိုးလုပ်ခြင်းက ဘယ်အလုပ်ကိုမှ ရေရာစွာမပြီးမြောက်စေတဲ့တရားခံပါပဲ။ တပြိုင်တည်း အလုပ်တွေလုပ်ခြင်းက အလုပ်ပိုပြီးတယ်လို့ ထင်ရပေမယ့် တကယ်တော့ ဘယ်အလုပ်မှ မပြီးဘဲ တပိုင်းတစဖြစ်စေပါတယ်။ သင့်ဦးနှောက်ကလည်း တပြိုင်တည်း အလုပ်နှစ်မျိုး၊ သုံးမျိုး တခါတည်း မှတ်သားရတဲ့အတွက် ဖိအားတွေဖြစ်လာပြီး ဘယ်အရာကိုမှ သေချာမှတ်မိတာမရှိနိုင်တော့ပါဘူး။ အဲဒီ့အခါ မေ့လွယ်တာတွေဖြစ်လာပါတယ်။
အဲဒါကြောင့် တစ်ခုဆို တစ်ခုကိုပဲ ပြီးမြောက်အောင် အာရုံစိုက်ပြီး သေချာအချိန်သတ်မှတ်ပြီးလုပ်သင့်ပါတယ်။အဲဒါက ပိုပြီး အလုပ်ပြီးမြောက်စေတာ သင်တွေ့ရပါလိမ့်မယ်။

၅) အချိန်ဆွဲတတ်ခြင်း
ဘယ်တော့မှလုပ်လိုက်မယ်၊ အချိန်ရပါသေးတယ်….ဘယ်အချိန်လောက်မှ ကပ်လုပ်လိုက်ရင်ပြီးတာပဲ…..စတဲ့ အချိန်ဆွဲချင်စိတ်ကို ဖျောက်ပစ်မှရမှာပါ။ ခုချက်ချင်းလုပ်မယ်ဆိုတဲ့စိတ်ကိုမွေးပါ။ အလုပ်တစ်ခုကို ပြီးဆုံးအောင် မလုပ်ရသေးဘဲ ရုတ်တရက် တခြားကို အာရုံရောက်သွားပြီး “အလုပ်မပြီးလည်း ကိစ္စမရှိသေးပါဘူး။ စောပါသေးတယ်….” ဆိုတာမျိုး တွေးမိတတ်ပါတယ်။ အဲဒါက အချိန်ဆွဲတတ်တဲ့အကျင့်ပါပဲ။ အဆုံးသတ် အချိန်နီးကပ်လာပြီဆိုမှ အသည်းအသန်လုပ်တတ်ခြင်းက အကျင့်ဆိုးပါ။ ထိုအကျင့်ကို ဖျောက်ပါ။ ကိုယ့်ကိုကိုယ် ခုချက်ချင်းလုပ်ဖို့ သတိပေးပါ။

၆) လုပ်ရမယ့်အလုပ်တွေကိုစာရင်းမလုပ်ထားခြင်း
အရေးကြီးတာကနေ အရေးမကြီးတာတွေထိ အစဉ်လိုက် စာရင်းလေး လုပ်ထားခြင်းက အလုပ်ကို တခုပြီး တခုလုပ်ဖို့ တိုက်တွန်းစေပါတယ်။ အလုပ်ကိုလည်း တစုတစည်းထဲမြင်ရလို့ မေ့တာမျိုးမဖြစ်တော့ပါဘူး။ တခြားကိုလည်း အာရုံမရောက်တော့ပါဘူး။

အဓိကကတော့ သင့်ကိုသင် ထိန်းချုပ်နိုင်မှုရှိပြီး သင့်အတွက် သင်သတ်မှတ်ထားတဲ့စည်းကမ်းကို သင်ကိုယ်တိုင်မဖောက်မဖျက်လိုက်နာနိုင်ဖို့ပဲဖြစ်ပါတယ်။ အထက်က ဖော်ပြထားတဲ့အချက်လေးတွေထဲက သင့်မှာဘယ်လိုအကျင့်ဆိုးတွေက နှောင့်ယှက်နေသလဲဆိုတာ ဆန်းစစ်ကြည့်ပြီး ပြုပြင်ဖို့ ၊ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ဖို့ ကြိုးစားကြည့်ပါ။ သင့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေကို ဖျောက်ဖျက်ဖို့ကြိုးစားကြည့်ပါ။ သင့်အလုပ်တွေထင်ထားတာထက်ပိုပြီးစီးလာတာမြင်ရပါလိမ့်မယ်။
https://www.thoughtsabove.com/habits-killing-your-productivity/ လင့်မှာ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။