သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအရည်အချင်းတွေ တိုးတက်စေမယ့် နည်းလမ်း ၁၀ချက်

ကိုယ်တိုင်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းတွေ တိုးတက်အောင် လုပ်နိုင်မှ ဘဝမှာ တိုးတက်အောင်မြင်နိုင်တာပါ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်းတွေဆိုရင် အများသားပဲမဟုတ်လား။ အဓိက အချက် ၁၀ချက်ကို ပြောပြချင်ပါတယ်။


၁) အောင်မြင်တဲ့သူတွေဆီကနေပဲ မသင်ယူပါနဲ့။ ကျရှုံးသူတွေဆီကနေလည်း သင်ယူပါ။
၂) လူအများလုပ်တိုင်း လိုက်မလုပ်ပါနဲ့။ သင့်ရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့လုပ်ပါ၊ သင်အမှန်တကယ်နှစ်သက်တာကိုသာ လုပ်ပါ။
၃) သင့်ရဲ့စိတ်ကူးအိပ်မက်ကို ပုံဖော်ပါ။ သင့်ထံကို အောင်မြင်မှုက လိုက်ပါလာပါလိမ့်မယ်။
၄) သင့်ကိုသင် အရာအားလုံးလုပ်ကိုင်နိုင်တယ်လို့ ယုံကြည်မှုရှိရှိ အလုပ်လုပ်ပါ။
၅) အကောင်းဆုံးနားထောင်နိုင်စွမ်းရှိသူဖြစ်ဖို့ အခြားသောသူများနဲ့ တွေ့ဆုံပါ။ သူတို့ဘာပြောသလဲဆိုတာ နားထောင်ပါ။
၆) သင့်ကိုသင်ချစ်ခင်ပါ၊ သင့်ကျန်းမာရေးကို ဂရုစိုက်ပါ။
၇) သိချင်စိတ်ပြင်းပြပါ။ သင်မသိသေးတာတွေအတွက် မေးခွန်းတွေမေးပါ။
၈) အသစ်အသစ်တွေကို သင်ယူပါ။ အခြားသူများကိုလည်း ပြန်လည်သင်ပြပေးပါ။
၉) ရုံးကိုအချိန်မှန်ရောက်အောင်သွားပါ။
၁၀) သင်အလုပ်လုပ်နေစဉ်မှာ ဖုန်းကို ဖုန်းပြောဖို့အတွက်သာ သီးသန့်အသုံးပြုပါ။ (အခြားကိစ္စအတွက်မသုံးပါနဲ့)
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။