သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေသောအကြောင်းရင်းများ

လူတစ်ယောက်မှာ ကိုယ်ကျန်းမာရေးအများစုက အတတ်နိုင်ဆုံးကုသလို့ရချင်ရနိုင်ပေမယ့် (အကုန်လုံးကိုမဆိုလိုပါဘူးနော်) စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ခြင်းကတော့ ကုသရပိုခက်ခဲပါတယ်။ စိတ်ကအဓိကမို့ စိတ်ထိခိုက်ခြင်းကနေတဆင့် စားမဝင်အိပ်မပျော်ရာကနေ လူပါထိခိုက်လာနိုင်တာပါပဲ။ အဲဒါကြောင် စိတ်ကျန်းမာဖို့ကလည်းအရေးကြီးတဲ့အရာတစ်ခုပါပဲ။ ကိုယ်နေ့စဥ်ကြုံတွေ့နေရတဲ့အကြောင်းရင်းတွေထဲမှာ ကိုယ့်စိတ်ကျန်းမာရေးကိုထိခိုက်စေတဲ့အကြောင်းရင်းတွေကတော့ အောက်မှာဖော်ပြထားပါတယ်နော်။


၁)ကိုယ့်ကိုအထင်သေးတတ်သည့် ပတ်ဝန်းကျင်ကိုမစွန့်ခွာခြင်း
ကိုယ့်ကိုအမြဲအထင်သေးတတ်တဲ့ပတ်ဝန်းကျင်မှာ နေ့စဥ်ရှင်သန်ရခြင်းဟာလည်း တဖြည်းဖြည်းကိုယ့်ကိုဘ်ကိုယ်ယုံကြည်မှုပျောက်ဆုံးလာတတ်ပါတယ်. ကိုယ်လုပ်ချင်တာတွေရှိရင်တောင် မဝင့်မရဲဖြစ်လာတတ်ပါတယ်. ကိုယ့်ဘေးကလူတွေက ကိုယ့်ကို “လုပ်ကြည့်ပါ....ဖြစ်နိုင်တယ်” လို့အားပေးမယ့်အစား “ မလုပ်နဲ့အချိန်ကုန်တယ်၊ နင့်လိုလူမျိုးဖြစ်မှာမဟုတ်ဘူး” “နင်လား.....ငတုံး ဘာမှလုပ်မနေနဲ့ရမှာမဟုတ်ဘူး” ဆိုတဲ့ချိုးနှိမ်တဲ့စကားတွေချည်းနားရည်ဝနေပြီး ကိုယ့်ကိုယ်ကိုယ်မစွန့်စားရဲတော့သလိုဖြစ်လာစေပါတယ်။ အဲဒါကလေည်း ကိုယ့်စိတ်ကျန်းမာရေးကိုထိခိုက်စေတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်တကယ်အသုံးမဝင်၊ အသုံးမကျတဲ့လူလိုထင်လာစေပါတယ်။
၂) Social Media အသုံးများခြင်း
Social Media အသုံးများခြင်းကတော့ ဖေ့ဘုတ်ပေါ်မှာ လူတွေတင်တဲ့ အထင်ကြီးစရာ၊ အားရစရာအချို့ကို မြင်ပြီး ကိုယ့်ဘဝနဲ့မသိမသာ နှိုင်းယှဥ်စိတ်ဖြစ်လာတတ်ပြီး “ဟယ်...ငါ့ဘဝက သူတို့လောက်မအေးချမ်းပါလား” “ငါ့ဘဝကဆိုးလှချည်းလား” “ ငါက ရုပ်ဆိုးလှချည်းလား” “ ငါကမပြည့်စုံပါလား” ဆိုတဲ့အဆိုးမြင်တဲ့စိတ်တွေဝင်လာတတ်သလို၊ အားငယ်, သိမ်ငယ်လာစေနိုင်ပါတယ်.။
၃) အပြစ်ချည်းမြင်တတ်သော လက်တွဲဖော်ကိုမစွန့်ခွာခြင်း
ကိုယ့်ရဲ့ချစ်သူ၊ ရည်းစား၊ အိမ်ထောင်ဖက်က ကိုယ့်ကို အထင်သေးပြီး အပြစ်ချည်းတင်တတ်သူဆိုရင်လည်း မကောင်းတဲ့ပတ်ဝန်းကျင်နဲ့ခပ်ဆင်ဆင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အသုံးမကျသလို သိမ်ငယ်စိတ်၊ အားငယ်စိတ်ဝင်လာပြီး မချင့်မရဲဖြစ်လာနိုင်ပါတယ်။
၄) ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်နေခြင်း
ဒီအချက်ကတော့ကိုယ့်ကိုယ်ကိုယ်မကျေနပ်ခြင်း၊ သဘောမကျခြင်း၊ အလိုမကျခြင်းကနေ ဖြစ်လာတာပါပဲ။ ကိုယ့်ဘဝကို ဆိုးဝါးတယ်လို့ထင်တယ်၊ ကိုယ့်ဘဝကို အဆိုးမြင်စိတ်ကြောင့် ကိုယ့်ဘဝကို မလိုချင်တော့ဘဲ စိတ်ပျက်လာကာ အခြားသူတွေဘဝကိုအားကျလိုချင်တာမျိုးပါ။
၅) မဖြစ်လာသေးသမျှကိုကြိုတွေးပူပန်ခြင်း
အတွေးလွန်နေခြင်းကလည်း စိတ်ကျန်းမာရေးကိုထိခိုက်စေပါတယ်။ မဖြစ်လာသေးသမျှကို တွေးပူနေတာမျိုးပေါ့။ တကယ်ဖြစ်လာမယ့်အကြောင်းရင်းထက်ကို အနာဂတ်ကိုကြိုတွေးပြီး ပူလေ၊ စိတ်ထိခိုက်ရလေပါပဲ။ ခုလက်ရှိအချိန်မှာ အကောင်းဆုံးကြိုးစားဖို့ကိုလည်း မေ့ပြီး လက်ရှိအချိန်ဟာ မဖြစ်လာသေးသမျှကို ကြိုတွေးပူနေတာနဲ့တင်အချိန်ကုန်သွားတော့တာပါပဲ။
၆) ကိုယ့်ကိုယ်ကိုယ်အချိန်မပေးနိုင်ခြင်း
လူရော၊ စိတ်ပါ အရမ်းပင်ပန်းနေတဲ့အခိုက်ဆိုတာရှိတတ်ပါတယ်။ အဲဒီ့လိုအချိန်မျိုးမှာ သက်တောင့်သက်သာ လူ‌ရောစိတ်ပါအနားယူသင့်ပါတယ်။ အဲဒီလိုအချိန်မှာ အနားမယူလိုက်ရဘူးဆိုရင် လူက စိတ်ပင်ပန်းပြီး ဒေါသကြီးတာ၊ စိုးရိမ်တာ ၊ ဝမ်းနည်းလွယ်တာတွေဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အနားပေးသင့်ချိန်မှာ အချိန်လေးပေးပြီးအနားယူသင့်ပါတယ်။ အနားမယူခြင်းဟာလည်း စိတ်ကျန်းမာ‌ရေးကိုထိခိုက်နိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။