သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့်အစားအစာ ၇ မျိုး

ဆံပင်ကျွတ်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်သလို၊ ဆံပင်ကို တင်းကြပ်စွာစည်းနှောင်ထားခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက်တမျိုးကတော့ မျိုးရိုးကြောင့် ဆံပင်ကျွြတ်ခင်းပါပဲ။ သင့်ရဲ့မျိုးရိုးကိုသင်မပြောင်းလဲနိုင်တဲ့အတွက်တော့ သင့်ဆံပင်ကျွတ်ခြင်းကို သက်သာစေမယ့် နည်းလမ်းကိုသာ သင်သုံးနိုင်မှာပါ။


သင့်ခန္ဓာကိုယ်က ဗီတာမင်တွေနဲ့ အခြားကွန်ပေါင်းတွေ လျှော့နည်းနေတာမျိုးဖြစ်လာတဲ့အခါမှာလည်း သင့်ဆံပင်တွေကျွတ်နိုင်ပါတယ်။ သင့်ရဲ့နေ့စဉ်စားသုံးနေတဲ့အစားအစာကို ပြောင်းလဲခြင်းဖြင့်လည်း သင့်ဆံပင်ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ဆံပင်ကျွတ်ခြင်းကိုသက်သာစေမယ့် အရေးကြီးတဲ့ဗီတာမင်နဲ့ ဓာတ်ပေါင်းတွေပါဝင်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) သံဓာတ် (Iron)
သံဓာတ်ပြည့်ဝတဲ့အစားအစာကိုစားသုံးခြင်းက သင့်မှာသံဓာတ်ချို့တဲ့နေတာကို ကူညီပေးနိုင်ပါတယ်။ ဟင်းနုနယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဆံသားကျန်းမာရေးကို ကူညီနိုင်ပါတယ်။ အမဲသားစားခြင်းကလည်း သံဓာတ်ကိုရရှိနိုင်ပါတယ်။

၂) ဇင့်ဓာတ် (Zinc)
ဇင့်ဓာတ်က ဆံသားကျွတ်လွယ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ လေ့လာချက်တွေအရ ဆံသားကျွတ်လွယ်ခြင်းက ဇင့်ပမာဏလျော့နည်းနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကမာကိုကြိုက်တယ်ဆိုရင်တော့ သင့်အတွက်ဇင့်ဓာတ်အပြည့်အဝရနိုင်ပါတယ်။ ကမာကိုမစားတဲ့လူတွေအတွက်ကတော့ ဥအမျိုးမျိုး၊ ပဲ၊ အနီရောင်အသား၊ ဟင်းနုနယ်ရွက် စတာတွေကနေ ဇင့်ဓာတ်ကိုရနိုင်ပါတယ်။

၃) ဗီတာမင် အေ (Vitamin A)
ဗီတာမင်အေပေါများတဲ့အစားအစာတွေက တနည်းအားဖြင့် beta-carotenes ပါဝင်တာပါပဲ။
ဗီတာမင်အေက သင့်ဆံသားအတွက်ကောင်းသလို သင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။ Beta-carotene က မျက်လုံးအတွက်လည်းကောင်းမွန်စေသလို၊ ခုခံအားလည်းကောင်းစေပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄) ဗီတာမင် ဒီ (Vitamin D)
ဗီတာမင် ဒီ ကအရေးကြီးတဲ့လိုအပ်ချက်ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့ခြင်းက သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဒီကြွယ်ဝစွာရရှိစေပါတယ်။ အပြင်ထွက်ပြီး နေပူစာလှုံခြင်းက ဗီတာမင်ဒီရရှိစေပါတယ်။ အဲလိုမှမဟုတ်ဘဲ အစားအစာကနေရချင်ရင်တော့ တူနာငါး၊ ဆောလမွန်ငါးနဲ့ အမဲအသည်း၊ ကြက်ဥအနှစ်တွေကနေ ရနိုပါတယ်။ နို့၊ အုတ်ဂျုံမှုန့်နဲ့ လိမ္မော်ရည်တွေကနေလည်း ရနိုင်ပါတယ်။

၅) ဆီလီနီယမ်ဓာတ် (Selenium)
ဆီလီနီယမ်ဓာတ်က အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ်။ ခုခံအားကောင်းစေဖို့နဲ့ ဆံသားအတွက်အရေးပါပါတယ်။ ထိုဓာတ်ပါဝင်တဲ့အစားအစာတွေက မှို၊ ဝက်သား၊ အမဲသား၊ ကြက်ဆင်သား၊ နေကြာစေ့နဲ့ အခြားအစေ့အဆံများမှာပါဝင်ပါတယ်။

၆) ဘိုင်အိုတင် (Biotin)
ဘိုင်အိုတင်ဆိုတဲ့ဓာတ်က ဗီတာမင်ဘီအုပ်စုထဲကတစ်ခုပဲဖြစ်ပါတယ်။ ဘီဆဲဗင်းလို့လည်းခေါ်ကြပါတယ်။ ထိုဓာတ်ချို့တဲ့ခြင်းက ဆံသားကျွတ်လွယ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ အရေပြားကျန်းမာရေးထိခိုက်ခြင်းတို့ဖြစ်တတ်ပါတယ်။ ကြက်ဥ၊ ကန်စွန်းဥနဲ့ ဟင်းနုနယ်မှာ ပါဝင်ပါတယ်။

၇) အိုမီဂါ (Omega Oils)
omega-3 နဲ့ -6 က သင့်နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဆံသားကျွတ်လွယ်ခြင်းနဲ့ ဆံသားပြန်လည်သန်စွမ်းဖို့ အသုံးဝင်ပါတယ်။
ဆော်လမွန်ငါးစားခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ အခွံမာသီး၊ အစေ့များနဲ့ နေကြာဆီ၊ ဖရုံစေ့ဆီ၊ အုန်းဆီ၊ စပျစ်စေ့ဆီ၊ နှမ်းဆီစတဲ့အဆီတွေမှာလည်း ပါဝင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။