သင့်ဆံပင် ရှည်လျား၊နက်မှောင် အုံထူစေဖို့ လုပ်သင့်သည့်အချက်များ

ဆံသားကို နက်မှောက်ပြီး အုံထူစေဖို့ အိမ်မှာတင်လုပ်လို့ရတဲ့ နည်းလမ်းကောင်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။


ကြက်ဆူဆီနဲ့ ကြက်သွန်နီအရည်

ကြက်သွန်နီ ကို ကြိတ်ပြီး ရလာတဲ့အရည်မှာ ဆံသားပြန်လည်သန်စွမ်းဖို့အားပေးတဲ့ collagen တွေပါဝင်ပါတယ်။ ကြက်ဆူဆီက ဆံသားကို ကျန်းမာသန်စွမ်းစေပါတယ်။ ကြက်ဆူဆီကို ပန်းကန်လုံးလေးထဲ ထည့်ပြီး ကြက်သွန်နီအရည်နဲ့ရောလိုက်ပါ။ ထိုအရည်ဖြင့် ဆံသားကို ဂွမ်းစလေးနဲ့ သုတ်လိမ်းပေးပါ။ အထူးသဖြင့် ခြောက်သွေ့အက်ကွဲနေတဲ့ဆံသားနေရာကို လိမ်းကျံပေးသင့်ပါတယ်။ လိမ်းကျံပြီး ၂နာရီ နဲ့ ၃နာရီကြားထားပြီးနောက် ခေါင်းလျှော်လို့ရပါပြီ။

အုန်းဆီနဲ့ ဆီးဖြူသီး

အုန်းဆီက ပရိုတင်းနဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ပျက်စီးနေတဲ့ဆံသားကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး ဆံသားကို နက်မှောင်သန်စွမ်းစေဖို့ အကောင်းဆုံးပါပဲ ။ ဆံပင်ကျွတ်များခြင်းကိုလည်း သက်သာစေပြီး ဆံသားအသစ်တွေပြန်လညဖြစ်ပေါ်ဖို့ အားဖြစ်စေပါတယ်။ ဆီးဖြူသီးက ဆံပင်ကို အမြစ်ကစပြီး သန်စွမ်းစေနိုင်ပါတယ်။ ဆီးဖြူသီးကို ကြိတ်ထားတဲ့အမုန့်ကို အုန်းဆီနဲ့ရောလိုက်ပါ။ ပျက်စီးနေတဲ့ဆံသားကို ထိုအဆီဖြင့်လိမ်းကျံလိုက်ပါ။ ၂နာရီခန့်အကြာတွင် ခေါင်းလျှော်လို့ရပါပြီ။

အုန်းဆီနဲ့ ပဲနံ့သာစေ့

အုန်းဆီနဲ့ ပဲနံ့သာစေ့ကို ရောကြိတ်ပြီး ပျက်ဆီးနေတဲ့ဆံသားမှာလိမ်းကြံခြင်းဖြင့် ဆံသားကျိုးကြေ ခြောက်သွေ့ခြင်းကို သက်သာစေနိုင်ပါတယ်။ ညမအိပ်မီ ပျက်စီးနေတဲ့ဆံသားမှာ လိမ်းကျံပြီး ခေါင်းကိုပေါင်းထားလိုက်ပါ။ နောက်နေ့မနက်တွင်ခေါင်းလျှော်လိုက်ရုံပါပဲ။ ဆံပင် ကျွတ်ခြင်းကို သက်သာစေနိုင်ပါတယ်။

ပူဒီနာရွက်အဆီ

ပူဒီနာရွက်မှရတဲ့အဆီသည် ဆံသားကြမ်းတမ်း ခြောက်သွေ့ခြင်းအတွက် အကူအညီဖြစ်စေပါတယ်။ ဦးရေပြားကို အေးစေတဲ့အတွက် ဗောက်ထခြင်းကို သက်သာစေနိုင်ပါတယ်။ ခြောက်သွေ့အက်ကွဲတဲ့ဆံသားကို သက်သာစေနိုင်ပြီး ဆံပင်ကို သန်စွမ်းစေနိုင်ပါတယ်။ ကျန်းမာလှပတဲ့ဆံသားကို ရရှိစေနိုင်ပါတယ်။ ပူဒီနာအဆီကို သင့်ရဲ့ခေါင်းလျှော်ရည် ဒါမှမဟုတ် ပျော့ဆေးမှာ ရောထည့်ပြီး သုံးနိုင်ပါတယ်။ ၄ - ၆စက်ခန့် ထည့်ပြီး သုံးနိုင်ပါတယ်။ ခေါင်းလျှော်ရည်က natural organic သဘာဝခေါင်းလျှော်ရည်ဖြစ်ပါစေ။ ဆံသားကို ထိုခေါင်းလျှော်ရည် ဒါမှမဟုတ် ပျော့ဆေးနဲ့ လိမ်းကျံပြီးနောက် မိနစ်အနည်းငယ်ထားလိုက်ပါ။ အထူးသဖြင့် အဖျားကွဲနေတဲ့ဆံသားကို လိမ်းကျံပေးပါ။ ခေါင်းလျှော်ပြီးနောက်မှာ သင့်ဆံသားကို ပြုပြင်ပြီး ဖြစ်သွားမှာပါ။ ပုံမှန်လို ပူဒီနာဆီ ၂စက်ခန့် သင့်ရဲ့ခေါင်းလျှော်ရည်မှာ ထည့်ပြီးလျှော်နိုင်ပါတယ်။
အိမ်တွင်းမှာတင် ရနိုင်ပြီး လုပ်ကြည့်လို့ လွယ်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
http://theindianspot.com/all-natural-hair-remedies-for-longer-thicker-hair/ လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။