သင့်ကို ကျရှုံးအောင်နှောင့်ယှက်နေသောအကျင့် ၆ခု

သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်လား ဒါမှမဟုတ် ရည်မှန်းချက်ရှိပြီး ထိုရည်မှန်းချက်ကိုအကောင်အထည်ဖော်ရာမှာ ဘာလို့များ မအောင်မြင်နိုင်သေးတာပါလဲလို့ အတွေးခက်နေလား။ တခါတလေ ကိုယ့်ကိုကိုယ်ကျရှုံးအောင်လုပ်နေမိတဲ့အကျင့်ဆိုးတွေ ကိုယ်တောင်မသိလိုက်ဘဲ ရှိနေတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာ သင့်ကိုကျရှုံးအောင်လုပ်နေမိတဲ့အကျင့် ၆ခုကိုဖော်ပြပေးထားပါတယ်။


၁) ကိုယ့်ကိုကိုယ်သံသယဝင်ခြင်း
သင့်ရဲ့ပန်းတိုင်ကို ပြန်ပြီးမေးခွန်းထုတ်နေပြီး သင့်ကိုသင်ပြန်သံသယဝင်နေတယ်ဆိုရင် သင့်ရဲ့အဆိုးမြင်တဲ့ခံစားချက်က ပိုပြီး ခိုင်မာလာပါလိမ့်မယ်။ မကောင်းတဲ့ဘက်ကချည်းတွေးနေတဲ့အခါ ထိုအဆိုးမြင်တဲ့အတွေးကို မငြင်းပယ်နိုင်တော့ပါဘူး။ အဲဒါဆိုရင် သင့်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို တိကျသေချာစွာမချမှတ်နိုင်တော့ပါဘူး။ သင့်ကိုသင်မကောင်းဘက်ကတွေးတဲ့အတွေးတွေ ရိုက်ခတ်ပါများလာတဲ့အခါ သင်မအောင်မြင်နိုင်တော့ပါဘူး။ အောင်မြင်ချင်တယ်ဆိုရင် သင်ကိုယ်သင်ယုံကြည်မှုရှိပြီး သင့်ရဲ့အောင်မြင်မှုကို စိတ်ကူးယဉ်ပြီး ခံစားကြည့်ပါ။
၂) ကမ္ဘာကြီးက သင့်ကိုမျက်နှာသာပေးတယ်လို့တွေးခြင်း
လူတော်တော်များများက မတူညီတဲ့အခြေအနေတွေကို အပြစ်တင်ကြတယ်၊ ဒါမှမဟုတ် မှားယွင်းတဲ့အရာတွေဖြစ်လာတဲ့အခါ ပေးလာတဲ့အခြေအနေပေါ်မှာ တာဝန်ယူတာဝန်ခံနိုင်ခြင်းမရှိကြပါဘူး။ တခါတရံမှာ အဲဒါက ကံဆိုးစေတတ်ပါတယ်။ ဒါပေမယ့် အခြားသူတွေက ထိုအခြေအနေတွေနဲ့ကြုံရတဲ့အခါမျိုးမှာ သင်က လှောင်ပြောင်တာ၊ ရှုံ့ချတာမျိုး မလုပ်သင့်ပါဘူး။ (ကိုယ့်ကိုမှ ကမ္ဘာကြီးက မျက်နှာသာပေးတယ်ဆိုတာမရှိပါဘူး၊ သင်လည်းတစ်နေ့ သူတို့လိုအခြေအနေမျိုးကြုံလာနိုင်ပါတယ်။)
၃) အခြားသူများရဲ့ထောက်ခံမှု ရှာဖွေနေခြင်း
အခြားသူတွေဘယ်လိုတွေးမလဲဆိုတာ အာရုံစိုက်နေပြီး အခြားသူတွေက ထောက်ခံတာကို သင်စောင့်နေမယ်ဆိုရင်တော့ သင့်ကိုသင်ရှေ့ဆက်အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ တခါတရံမှာတော့ အခြားသူများရဲ့အမြင်ကို နားထောင်တာက ကောင်းပေမယ့် သင့်ပတ်ဝန်းကျင်ကလူတွေရဲ့ထောက်ခံမှုကိုအမြဲစောင့်နေစရာမလိုပါဘူး။
၄) ရည်မှန်းချက်ကို တိတိကျကျမသတ်မှတ်ခြင်း
လူတော်တော်များများက ရည်မှန်းချက်ရှိ၊ အိပ်မက်တွေရှိပါတယ်။ အမှန်တကယ်လိုချင်တဲ့အရာနဲ့ပတ်သက်တဲ့အယူအဆတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် သေချာရှင်းလင်းတဲ့ အမြင်နဲ့ စီစဉ်မှုမရှိဘူးဆိုရင်တော့ အဲဒီ့ရည်မှန်းချက်ကို သင်ရောက်နိုင်မှာမဟုတ်ပါဘူး။ အဲဒီ့ရည်မှန်းချက်ကို ရောက်နိုင်မယ့်ပထမဆုံးခြေလှမ်းကတောသင့်ရည်မှန်းချက်ကို သေချာတိကျစွာသတ်မှတ်ဖို့ပါပဲ။
၅) စိတ်အနှောင့်အယှက်ဖြစ်နေခြင်း
လူမှုကွန်ရက်ခေတ်မှာ ကျွန်တော်တို့အားလုံးစိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင်က အများကြီးကိုအာရုံစိုက်နေတယ်ဆိုရင် သင့်ရဲ့အတွေးတွေအပေါ်မှာ အာရုံစိုက်ဖို့ခက်ခဲ့ပါလိမ့်မယ်။ သင့်ကိုအနှောင့်အယှက်ဖြစ်စေတဲ့အရာတွေအပေါ်မှာ အာရုံစိုက်တာကို ရပ်ပစ်လိုက်ပါ။ သင့်ရဲ့ရည်မှန်းချက်ကိုသာ အာရုံစိုက်ပြီး ဇောက်ချလုပ်ဖို့ပဲ စဉ်းစားပါ။ သင့်စိတ်အနှောင့်အယှက်ဖြစ်လာပြီလို့ခံစားရတယ်ဆိုရင် သင့်ရဲ့စိတ်ကိုတည်ငြိမ်ဖို့ကြိုးစားပါ၊ သင့်ရဲ့အလုပ်နဲ့ပတ်သက်တာကိုပိုပြီး များများလုပ်ဖို့ အာရုံပြောင်းပါ။
၆) ကိုယ့်ကိုကိုယ်အတွက် အသစ်တွေမသင်ယူခြင်း
သင်ဘယ်လိုအောင်မြင်လာမလဲဆိုတာထက်၊ ပိုပြီးအသိပညာနဲ့ပြည့်ဝအောင် ရှာဖွေလေ့လာသင့်တယ်။ စာဖတ်ခြင်းကနေ ကျွန်တော်တို့အတွက် ကိုယ့်ဟာကိုယ်သင်ယူနိုင်ပြီး အသိပညာတွေတိုးစေနိုင်ပါတယ်။ အဲဒါအပြင် မတူညီတဲ့ရှုထောင့်တွေက အမြင်သစ်တွေလည်းရနိုင်ပါတယ်။
https://beinspiredchannel.com/destructive-habits-successful/ လင့်မှ ဘာသာပြန်ဖော်ပြထားတာဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။