သင့်ကလေးတွေကို ငွေကြေးကအရေးကြီးကြောင်းမသင်ပေးပါနဲ့။

သင့်ကလေးတွေကို ငွေကြေးကအရေးကြီးကြောင်းမသင်ပေးပါနဲ့။


၁) ပျော်ရွှင်တတ်ဖို့သင်ပေးပါ။
ကလေးကို ငွေကသာလျှင်အရာရာကိုဆုံးဖြတ်ပေးနိုင်ကြောင်းသင်ပေးလိုက်တဲ့အခါ ငွေကိုသာအဓိထားပြီး ကျန်တဲ့တန်ဖိုးရှိသောအရာအားလုံး (ငွေနဲ့ဝယ်မရတဲ့အရာများ) ကို တန်ဖိုးမထားတော့ပါဘူး။ ငွေကိုသာ အရေးကြီးတယ်ထင်တဲ့အခါ ကိုယ်ကျင့်တရား၊ ချစ်ခြင်းမေတ္တာ၊ ဖေးမနားလည်မှု၊ ကြင်နာတရား၊ သနားဂရုဏာ စတဲ့လူသားဆန်ခြင်းအားလုံးပျောက်ဆုံးသွားပြီး ငွေကိုသာရှာဖွေတတ်လာပါလိမ့်မယ်။ အဲဒီ့အခါ အခြားလူတွေအပေါ်ရက်စက်ဖို့လည်း ဝန်မလေးတဲ့လူသားတွေဖြစ်လာနိုင်ပါတယ်။ ငွေနဲ့လဲမရတဲ့ပျေ်ရွှင်မှုုလည်း နားလည်မတော့ပါဘူး။
အဲဒီ့အတွက် စစ်မှန်တဲ့ပျော်ရွှင်မှုကိုသာ သိအောင်သင်ပေးပါ။
၂) ငွေကြေးမဟုတ်တဲ့ တန်ဖိုးကိုသာ သိတတ်ဖို့သင်ပေးပါ။
အခြားလူတွေကို ကူညီဖေးမခြင်း၊ အကြင်နာတရားနဲ့ဆက်ဆံခြင်း၊ အခြားလူအပေါ် ထိခိုက်နစ်နာမှုမရှိစေဘဲ စိတ်ကြည်နူးပျော်ရွှင်ရခြင်း၊ ကိုယ့်ကြောင့် အခြားလူတွေအကျိုးရှိသွားတဲ့အခါ ပျော်ရွှင်ရခြင်း၊ ကိုယ့်ထက်သာလွန်သူကို မုဒိတာပွား၍ပျော်ရွှင်ရခြင်း၊ ကိုယ့်ထက်နိမ့်ကျသူကို အကြင်နာတရားဖြင့် ဖေးမကူညီခြင်းကြောင့် ပျေ်ရွှင်ရခြင်း၊ စတဲ့ပျော််ရွှင်မှုတွေနဲ့ ပျော်ရွှင်တတ်ဖို့သင်ပေးပါ။ ငွေကြေးမဟုတ်တဲ့ တန်ဖိုးရှိသောအရာတွေကို နားလည်ခံစားတတ်သူအတွက် ငွေကြေးဟာ အသက်ရှင်သန်ဖို့ရာ အထောက်အကူပြုရုံသက်သက်အဖြစ်သာ နားလည်လာပါလိမ့်မယ်။ ငွေကြေးထက်ပိုတန်ဖိုးရှိတဲ့အရာတွေကိုလည်း တန်ဖိုးထားတတ်လာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။