သင့်ကလေးကို နေ့စဉ်ပြောသင့်သော စကား ၉မျိုး

သင်ပြောလိုက်တဲ့စကားတွေက သင့်ရဲ့ကလေးအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ သင်ကောင်းကောင်းပြောဆိုလိုက်တဲ့စကားတစ်ခွန်းက ကလေးအတွက် အများကြီး အကျိုးရှိပြီး ကလေးကိုပြုပြင်ပေးနိုင်သလို၊ သင်ရဲ့ဆိုးဝါးတဲ့စကားတစ်ခွန်းကနေလည်း ကလေးအတွက် ဘဝတစ်ခုလုံးအထိ သက်ရောက်မှုရှိနေနိုင်ပါတယ်။ ကလေးတစ်ယောက်ကို ထိန်းကျောင်းတဲ့အခါ ချစ်ခင်မှုနဲ့အဓိကထားသွန်သင်ဆုံးမနိုင်တာမို့ ကလေးကို နေ့စဉ်ပြောသင့်သောစကားများကို ဖော်ပြလိုက်ရပါတယ်။


၁) ချစ်တယ် လို့ပြောပေးပါ။
ချစ်တယ်….ဆိုတဲ့စကားကို သင့်ကလေးကို သင်ကြိုက်တဲ့အချိန် မကြာခဏပြောပေးသင့်ပါတယ်။ အဲဒါက သင့်ကလေးအတွက် မိဘတွေက သူ့ကိုအမြဲချစ်ခင်ပေးနေတယ်ဆိုတာကိုတွေးမိနေပြီး သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုတိုးစေပါတယ်။
၂) ကောင်းတဲ့အပြုအမူအတွက် ချီးကျူးပေးပါ။
ကလေးက ကောင်းတဲ့အပြုအမူမျိုး ပြုမူတဲ့အခါ ဖြစ်စေ…. ကောင်းတဲ့စကားမျိုးပြောတဲ့အခါ ဖြစ်စေ ထိုအရာကကောင်းတဲ့အပြုအမူဖြစ်ကြောင်း၊ အဲလိုအပြုအမူမျိုးပြုလုပ်တဲ့အခါ မိဘများမှနှစ်သက်ကြောင်း သိအောင်ပြောပေးပါ။
၃) ကောင်းတဲ့အပြုအမူတွေက မိဘများကို ပျော်ရွှင်စေကြောင်းပြောပေးပါ။
ကောင်းတဲ့အပြုအမူမျိုးတွေ၊ ကောင်းတဲ့စကားမျိုးတွေ ပြောတဲ့အခါ မိဘများမှာ ပျော်ရွှင်ရကြောင်း၊ တန်ဖိုးထား ကြည်နူးမိကြောင်း ကလေးသိအောင် ပြောပြပေးပါ။
၄) ကလေးအတွက် ဂုဏ်ယူကြောင်းပြောပြပါ။
သူတို့လေးတွေအတွက် ခက်ခဲပေမယ့် အောင်မြင်အောင် လုပ်ဆောင်နိုင်တဲ့ ကောင်းတဲ့အချက်တွေအတွက် မိဘတွေ ဆီက ဂုဏ်ယူတယ်ဆိုတဲ့စကားမျိုးကို လိုချင်တတ်ကြပါတယ်။ အဲဒါကြောင့် ကောင်းတဲ့လုပ်ဆောင်ချက်တွေအတွက် ဂုဏ်ယူကြောင်းပြောပေးပါ။
၅) သူတို့လေးတွေဟာ မိဘတွေအတွက် အထူးတလည်ရရှိထားတဲ့လက်ဆောင်ဖြစ်ကြောင်း သိပါစေ။
သူတို့လေးတွေဟာ မိဘတွေအတွက် အထူးပြုလူသားတွေဖြစ်ကြောင်း၊ သူတို့လေးတွေဆီက ရတဲ့ခွန်အားတွေက ဘယ်သူနဲ့မှ ပြိုင်လို့မရနိုင်ကြောင်း၊ သူတို့လေးတွေက မိဘတွေအတွက် အထူးတလည်ရရှိထားတဲ့ လက်ဆောင်ဖြစ်ကြောင်း သူတို့လေးတွေကိုပြောပြပေးပါ။
၆) မိဘကို အမြဲမလိမ်ဘူးဆိုတာ ယုံကြည်ကြောင်း ပြောပြပေးပါ။
ယုံကြည်မှုတည်ဆောက်ဖို့အတွက် ကလေးကိုယုံကြည်ကြောင်းပြောပြပေးပါ။ ကလေးက ဘယ်အရာကိုမဆို မိဘကို အမှန်အတိုင်းပြောမယ်ဆိုတာကို ယုံကြည်ကြောင်းပြောပြပေးပါ။ အဲဒါမှ တကယ်တမ်းအကြောင်းအရာတစ်ခုခုဖြစ်လာရင် မိဘကိုသာ အမှန်အတိုင်းပြောပြတတ်မှာပါ။
၇) သူတို့နဲ့ပတ်သက်ပြီး အမြဲယုံကြည်ကြောင်းပြောပေးပါ။
တစ်ခုခုဆို သူတို့လုပ်နိုင်ကြောင်း အမြဲယုံကြည်ကြောင်းပြောပေးပါ။ “သားလုပ်နိုင်တယ်….အဲဒါကိုမေမေယုံတာပေါ့” “ဒီပုံမျိုး သားလည်းဆွဲနိုင်တယ်ဆိုတာ မေမေယုံတယ်” အဲလိုမျိုးပြောပေးခြင်းက သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုပိုများလာစေပါတယ်။
၈) သူတို့ကို အမြဲအားပေးပါ။
တစ်ခုခုဆို သူတို့လက်မလျော့တတ်ဘဲ အစကပြန်လည်ကြိုးစားချင်စိတ်ဖြစ်အောင် သူတို့ကို အားပေး ပေးပါ။ မိဘရဲ့အားပေးခြင်း၊ ယုံကြည်ခြင်း၊ ဖေးမခြင်းက အခြားသူများထက်ကို သူတို့အတွက် အားဖြစ်စေမှာပါ။
၉) သူတို့လေးတွေအတွက် ကျေးဇူးတင်ကြောင်းပြောပေးပါ။
ဘာမှမရှိရင်တောင် သူတို့လေးတွေရှိနေခြင်းက ကျေးဇူးတင်စရာကောင်းနေကြောင်း၊ သူတို့ကိုကျေးဇူးတင်ကြောင်း အထူးတလည်ပြောပြပေးပါ။ သူတို့ရဲ့နေ့ရက်တွေတိုင်းကို သူတို့အကောင်းဆုံးဖြတ်သန်းနိုင်လာပါလိမ့်မယ်။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။