သင့်ကလေး အနိုင်ကျင့်ခံနေရမှန်းသိသာစေသော လက္ခဏာ (၇) ခု

သင့်ကလေး အနိုင်ကျင့်ခံနေရကို သိဖို့ ဒါမှမဟုတ် အဲဒီ့ပြဿနာကိုဖြေရှင်းဖို့က မိဘတွေအတွက် ခက်ခဲပါတယ်။ သင့်ကလေးကို မျက်ခြေမပြတ်ရင်းနှီးစွာဆက်ဆံတတ်ခြင်းက သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို ရိပ်မိစေဖို့ အကောင်းဆုံးအချက်ပါပဲ။ သင့်ကလေးအနိုင်ကျင့်မှန်းသိသာစေတဲ့ လက္ခဏာ ၇ခု ကိုဖော်ပြပေးလိုက်ပါတယ်။


၁) ကလေးအတွက် အိပ်စက်ခြင်းမှာ ပြဿနာရှိခြင်း
မကြာသေးမီက ကလေး ၃၄၁ယောက်ကို လေ့လာချက်တွေအရ အိပ်စက်ခြင်းပြဿနာရှိနေပါတယ်လို့ အမေရိကန်ပြည်ထောင်စုရှိ မီချီဂန်တက္ကသိုလ်(University of Michigan) က တွေ့ရှိခဲ့ပါတယ်။ အိပ်စက်ချိန်ပြဿနာတွေက အနိုင်ကျင့်ခံရခြင်း ဒါမှမဟုတ် အဲဒါနဲ့ပတ်သက်နေတဲ့ပြဿနာတစ်ခုခုနဲ့ ဆက်နွယ်နေပါတယ်။ သင့်ကလေးက အိပ်စက်ချိန်မှာ ပြဿနာရှိနေခဲ့ရင် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အနိုင်ကျင့်ခံရခြင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းတစ်ခုခုကို စဉ်းစားသင့်ပါတယ်။

၂) ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာတွင် ပြဿနာရှိခြင်း
စိတ်ရှုပ်ထွေးနေတာမျိုး၊ အနှောင့်အယှက်ပေးတတ်တာမျိုး၊ အခြားသူများကို ကိုယ်ချင်းမစာတတ်တာမျိုး၊ စည်းကမ်းမလိုက်နာတော့တာမျိုး၊ စတဲ့အပြုအမူမျိုးတွေဖြစ်လာတဲ့အခါ ကျောင်းက အကြံပေး ဒါမှမဟုတ် ဆရာတွေနဲ့ ဆွေးနွေးသင့်ပါတယ်။ အနိုင်ကျင့်ခံရတတ်တဲ့ကလေးတွေက ထိုအပြုအမူတွေဖြစ်လာပြီး စိတ်အလိုမကျဖြစ်နေတတ်ကြောင်း D. Janell Dietz (ကျောင်းဆရာမ၊ ကျောင်းပညာရေး အကြံပေးသူ) ကပြောပြထားပါတယ်။ ။ အဲဒါကြောင့် အိမ်ပြန်လာတဲ့အခါ ကိုယ့်ကလေးရဲ့အပြုအမူဘယ်လိုဖြစ်နေတတ်သလဲဆိုတာ မိဘများအနေနဲ့ ဂရုတစိုက်စောင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။

၃) ကျောင်းသွားချင်စိတ်မရှိခြင်း
ကျောင်းကပြန်လာတဲ့အခါမျိုးမှာ သင့်ကလေးရဲ့အပြုအမူတွေက တစ်စုံတစ်ခုဖြစ်နေပုံရတယ်ဆိုရင် အနိုင်ကျင့်ခံရခြင်းက ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေနိုင်ပါတယ်။
၊ ကျောင်းသွားချိန်မျိုးမှာ စိတ်ဒုက္ခရောက်နေဟန်ရှိပြီး မှန်ကန်တဲ့အပြုအမူမျိုး ကျောင်းသွားဖို တက်ကြွမှုမရှိတာမျိုးမရှိဘူးဆိုရင် အနိုင်ကျင့်ခံရတာမျိုးဖြစ်နိုင်ချေရှိနေပါပြီ။ တစ်ခုသတိထားသင့်တာက သင့်ကလေးက ကျောင်းမှာ ရန်ဖြစ်ခဲ့တာမျိုး၊ အခြားသူများကို စိုးမိုးခြယ်လှယ်ချင်စိတ်နဲ့ပြုမူတာမျိုး ဒါမှမဟုတ် အခြားကလေးတွေကို နှောင့်ယှက်တတ်လာတာမျိုး၊ ရန်လိုနေတာမျိုး ဖြစ်နေခဲ့တယ်ဆိုရင်တော့ သင်ကိုယ်တိုင်က အခြားသူများကို အနိုင်ကျင့်တဲ့အပြုအမူမျိုးလုပ်နေမိသလား၊
သင်ကိုယ်တိုင်က အခြားသူများကို အနိုင်ကျင့်မှုပုံစံသက်ရောက်တဲ့ ဆုံးမမှုမျိုးနဲ့ ဆုံးမမိနေလားလို့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်ပါတယ်။ ပြောချင်တာက တစ်ခုခုဆို ပြန်ချခဲ့ဖို့၊ ပြန်လုပ်ခဲ့ဖို့ သွန်သင်မိနေရင် ချက်ချင်းပြုပြင်သင့်ပါတယ်။ သင့်ကလေးက အခြားသူများကို အနိုင်ကျင့်တဲ့သူဖြစ်နေခဲ့ရင်လည်း မကောင်းသလို၊ သင့်ကလေးက အနိုင်ကျင့်ခံလာရရင်လည်း မကောင်းပါဘူးလို့ Dr. Dietz က သတိပေးထားပါတယ်။

၄) လူအများကြားထင်ပေါ်ချင်စိတ်ဖြစ်လာခြင်း
နောက်ထပ်လက္ခဏာတစ်ခုကတော့ လူအများကြားမှာ အရမ်းထင်ပေါ်ချင်စိတ်ဖြစ်နေတာမျိုးပါ။ အဲဒါက သူ့စိတ်ထဲမှာ အနိုင်ကျင့်ခံ အလှောင်ပြောင်ခံခဲ့ရတာမျိုးကို စိတ်ထဲစွဲနေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအပြုအမူမျိုးက ကလေးရဲ့စိတ်ထဲမှာ မလုံခြုံမှုခံစားနေရကြောင်းပြောပြနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ကလေးက လူအများကြားမှာ ထင်ပေါ်ခြင်းက ဘယ်လောက်ကောင်းကြောင်းမျိုးပြောဆိုနေတာမျိုးဆို သတိထားပါ။ ကလေးရဲ့ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ ဖြစ်ဖြစ်၊ သင့်ကလေးရဲ့ သူငယ်ချင်းအုပ်စုထဲမှာပဲဖြစ်ဖြစ် ကလေးကို အနိုင်ကျင့်လှောင်ပြောင်နေသူရှိသလား စုံစမ်းသင့်ပါတယ်။
၅) သင့်ကလေးရဲ့သူငယ်ချင်းထံတွင် ရန်လိုသောအပြုအမူများပြသနေခြင်း

သင့်ကလေးရဲ့အပေါင်းအသင်းထံတွင် ရန်လိုသောအပြုအမူမျိုး၊ အနှောင့်အယှက်ပေးတဲ့အပြုအမူမျိုး မြင်ရတယ်ဆိုရင် သင့်ကလေးကို ထိုအပေါင်းအသင်းနဲ့မပတ်သက်ဖို့ ပြောဆိုရတာ ခက်ခဲသလို၊ သင့်ကလေးပါ အနိုင်ကျင့်တတ်တဲ့သူတစ်ယောက်ဖြစ်လာစေနိုင်သလို၊ သင့်ကလေးကိုယ်တိုင်လည်း အနိုင်ကျင့်ခံရတဲ့သူဖြစ်နိုင်ပါသေးတယ်။ Dr. Dietz.က သင့်ကလေးရဲ့အပေါင်းအသင်းမှာ အနိုင်ကျင့်တတ်သူပါဝင်နေခြင်းက သင့်ကလေးထံတွင်လည်း ဆိုးရွားတဲ့အပြုအမူတွေပါ အတုမြင်အတတ်သင်လာနိုင်ပါတယ်လို့ သတိပေးထားပါတယ်။

၆) အိမ်တွင် အနိုင်ကျင့်ခံရခြင်း
လေ့လာတွေ့ရှိချက်တွေအရ အနိုင်ကျင့်ခံရခြင်းက ပြင်ပမှာထက် အိမ်တွင်းမှာလည်း ဖြစ်နိုင်ချေရှိပါတယ်လို့ ပြောပြထားပါတယ်။ မိဘဆွေမျိုးအသိုင်းအဝန်းကြားမှာ မသိလိုက်မိဘဲ ကလေးကို အနိုင်ကျင့်နေတဲ့အပြုအမူမျိုးကို ပြုလုပ်မိတတ်ကြပါတယ်။ ဥပမာ။ ကလေးမကြိုက်တာတစ်ခုခုကို စနောက်တာမျိုး၊ ကလေးအရမ်းကြိုက်နှစ်သက်တဲ့အရာတစ်ခုခုကို ဖျက်ဆီးပစ်လိုက်တာမျိုး၊ ကလေးကို အနိုင်ကျင့်ပြီး ကလေးမလုပ်ချင်တဲ့အရာတွေကို ခိုင်းစေတာမျိုး စသည်ဖြင့်ပေါ့။

၇) သင့်ကလေးနဲ့ သင်ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိခြင်း
သင့်ကလေးက အခြားသူများအပေါ် မစာနာမထောက်ထားတတ်ခြင်းလက္ခဏာသည် သင့်ရဲ့ကလေးကိုအုပ်ထိန်းမှုပုံစံနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်လို့ Dr. Dietz ကပြောပြထားပါတယ်။ ကောင်းမွန်တဲ့အုပ်ထိန်းမှုပုံစံ (ကလေးနဲ့ရင်းနှီးပွင့်လင်းစွာ နွေးထွေးတဲ့ဆက်ဆံမှုပုံစံ) က ထိုပြဿနာများစွာကို ဖြေရှင်းပေးနိုင်ပါတယ်။ “ ကလေးတစ်ယောက် အနိုင်ကျင့်တတ်သူဖြစ်လာခြင်းမှာ မိဘဆိုတာ အဓိက သော့ချက်ပါပဲ။ ကလေးဆိုတာ သူတို့အပေါ်မိဘရဲ့ဆက်ဆံပုံကို ကြည့်ပြီး နမူနာယူတတ်တာမို့ မိဘရဲ့ဆက်ဆံပုံစံအတိုင်း အခြားသူများအပေါ်ဆက်ဆံတတ်ခြင်းဖြစ်ပါတယ်” လို့ Dr. Dietz ကပြောပြထားပါတယ်။
အဲလိုပဲ သင့်ကလေးနဲ့ သင့်ကြားမှာ ရင်းနှီးပွင့်လင်းပြီး နွေးထွေးတဲ့ဆက်ဆံမှုပုံစံရှိထားရင် သင့်ကလေးအပေါ် အခြားသူများက အနိုင်ကျင့်မှုရှိနေရင်တောင် သင်ကအရင်ဆုံးသိရှိတဲ့သူဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် အထက်က လက္ခဏာတွေဖြစ်ပေါ်နေတယ်ဆိုရင် သင့်ကလေးရဲ့အပေါင်းအသင်း၊ ပတ်ဝန်းကျင်ကို လေ့လာဖို့လိုသလို၊ သင့်ကလေးအပေါ် သင့်ရဲ့အုပ်ထိန်းမှုပုံစံကိုပါ ပြန်လည်ဆန်းစစ်သင့်ပါတယ်။ သင့်ရဲ့အုပ်ထိန်းမှုပုံစံအမှားကြောင့် သင့်ကလေးက အခြားသူများကို အနိုင်ကျင့်တတ်သူဖြစ်လာခြင်းက ရေရှည်အတွက် မကောင်းသလို၊ သင့်ကလေးက အနိုင်ကျင့်ခံရသူဖြစ်နေခဲ့လျှင်လည်း လုံးဝမကောင်းနိုင်ပါဘူး။

https://www.everydayhealth.com/kids-health-pictures/7-signs-that-your-kid-is-a-bully.aspx#you-dont-have-a-good-relationship-with-your-child လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။