သင့်ဘဝတိုးတက်ဖို့ နည်းလမ်း ၁၃ချက်

လူတိုင်းက ဘဝတိုးတက်ချင်ကြမှာပါ။ ဒါပေမယ့် လက်တွေ့တော့ တိုးတက်ဖို့လမ်းညွှန်ချက်တွေကို မလိုက်နာနိုင်ကြပါဘူး။ ရိုးရှင်းပြီး လိုက်နာလို့လွယ်မယ်ထင်ရတဲ့ အချက် ၁၃ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁) အကြောက်တရားကို ရင်ဆိုင်လိုက်ပါ။ အကြောက်တရားကို သင်ဘယ်လိုကျော်လွှားအောင်မြင်နိုင်မလဲ။ အကြောက်တရားတွေကို ဖယ်ထုတ်မပစ်လိုက်ပါနဲ့၊ ရင်ဆိုင်ပစ်လိုက်ပါ။ “ငါက ဘာကိုကြောက်နေရမှာလဲ။ အဲဒါကို အံ့အားသင့်စရာကောင်းလောက်အောင် ငါပြောင်းလဲပစ်နိုင်တယ်” လို့ပြောပြီး သင့်ရဲ့အကြောက်တရားကို ဒီနေ့ပဲရင်ဆိုင်လိုက်ပါ။ ၂) ဦးတည်ချက်ကို ပြောင်းလဲနိုင်ရန် သင့်ရဲ့စိတ်စွမ်းအင်ကို အကျင့်လုပ်ပေးပါ။ သင်လိုချင်တာကို လက်လျှော့ဖို့ပြောတာမဟုတ်ပါဘူး။ အခုသွားနေတဲ့လမ်းကြောင်းက အလုပ်မဖြစ်ဘူးဆိုရင် လွန်ခဲ့တဲ့ခြောက်နှစ်လောက်ကတည်းက လုပ်နေတဲ့ လမ်းဟောင်းကြီးကို ခုချိန်မှာ အသစ်ပြောင်းဖို့ပြောချင်တာပါ။ ပန်းတိုင်ကို အသစ်တစ်ခုသတ်မှတ်မယ်၊ အဲဒီ့ပန်းတိုင်ကို သွားမယ့်လမ်းကြောင်းအသစ်ကိုရွေးပြီး လမ်းကြောင်းမတူအောင် သွားပါ။ အဲဒီလိုအပြောင်းအလဲကို အကျင့်လုပ်ပေးဖို့ သင့်ရဲ့စိတ်စွမ်းအင်ကို အသုံးချပါ။ လွန်ခဲ့တဲ့နှစ်က လုပ်ခဲ့တဲ့ အမှားတွေကို ပြန်သုံးသပ်၊ ပြန်ပြုပြင်ရှင်းလင်းအောင်လုပ်ပြီး နောင်နှစ်အတွက် ခုကတည်းက အသစ်ကစလိုက်တော့။ အဲဒါက သင့်ကို ခြားနားအောင်လုပ်ပေးပါလိမ့်မယ်။ ၃) အမှားတွေကို ဝန်ခံပါ။ တခါတရံမှာ အခြားသူတွေကို ဝန်ခံဖို့လိုပါတယ်။ အကောင်းဆုံးစကားလုံးတစ်ခုကတော့ “ကျွန်တော်ဝမ်းနည်းပါတယ်” ဆိုတာပါ။ အဲဒီ့စကားလုံးက ဆက်ဆံရေးအားလုံးကို အသစ်ကပြန်စဖို့ပြောချင်တာပါ။ သင့်ရဲ့ပတ်ဝန်းကျင်အပေါ်မှာ မှားနေတာတွေကော၊ သင့်ကိုယ်သင်အပေါ်မှားနေတာတွေကောပေါ့။ သင့်ရဲ့အမှားတွေကို သင့်ဟာသင်ဆန်းစစ်ပြီး ဝန်ခံ၊ ပြုပြင်ပါ။ သင့်ကိုသင်ပြောပါ။ “ငါ့မှာ ငွေလေးအနည်းငယ်ပဲရှိတယ်၊ ဘဏ်ထဲမှာငွေတစ်ပြားမှမရှိဘူး။ ဒီလိုဖြစ်ပျက်တာကို ထပ်ပြီး မလိုချင်တော့ဘူး” အဲလိုဝန်ခံပြီး အဲလိုဘယ်တော့မှ ထပ်မဖြစ်တော့အောင် ပြုပြင်ပါတော့။ ၄) သင့်ရဲ့ပန်းတိုင်ကို ပြန်ပြီး သတ်မှတ်ပါ။ နည်းလမ်းတစ်ခုကို ပြန်စတင်ပါ။ ပိုပြီးမြင့်တဲ့ရည်မှန်းချက်ကိုရောက်ဖို့ ပိုပြီး မြင့်မားတဲ့ရည်မှန်းချက်ကို သတ်မှတ်ပါ။ သင့်ကိုသင်လုပ်နိင်တယ်လို့ထင်တဲ့ အကွာအဝေးထက်ကို ဝေးဝေးကို ပိုရောက်အောင် သွားပါ။ ၅) ကိုယ့်ကိုကိုယ် ယုံကြည်ပါ။ ဖြစ်နိုင်တာကို သင်ယုံကြည်ပါ။ ဒီနေ့ထက်မနက်ဖြန်က ပိုကောင်းစေရမယ်ဆိုတာ သင်ယုံကြည်ထားလို့ရပါတယ်။ သင့်ကိုသင်ယုံကြည်ပါ။ သင်မသင်ယူနိုင်တဲ့ အတတ်ပညာဆိုတာမရှိပါဘူး။ သင်မကြိုးစားနိုင်တဲ့ စည်းကမ်းဆိုတာမရှိပါဘူး။ သင်မတတ်နိုင်တဲ့ သင်ခန်းစာဆိုတာမရှိပါဘူး။ သင်မဖတ်နိုင်တဲ့ စာအုပ်ဆိုတာလည်း မရှိပါဘူး။ ၆) ဉာဏ်ပညာရှိဖို့အတွက် မေးမြန်းပါ။ အသိဉာဏ်အတွက် မေးမြန်းတာက သင့်အတွက် အဖြေတွေကို ဖန်တီးပေးမှာပါ။ ဒီနေ့နဲ့ မနက်ဖြန်မှာ စိန်ခေါ်မှုတွေအတွက် ဉာဏ်ပညာရှိဖို့ ဆွေးနွေးပါ၊ မေးမြန်းပါ။ မလွယ်ကူလေလေ သင့်အတွက် အသိပညာပိုရလေလေပါပဲ။ ၇) သင့်ရဲ့အချိန်တွေကို အလကားမဆုံးရှုံးပါစေနဲ့။ တခါတရံမှာ ကျွန်တော်တို့က အလကားအချိန်တွေကုန်တတ်ကြပါတယ်။ သာမန်လူတစ်ယောက်က ပြောတတ်ပါတယ်။ “င့ါမှာ အချိန်အနှစ် ၂၀ လောက်ကျန်ပါသေးတယ်” ဆိုပြီးတော့ပေါ့။ သင့်မှာအချိန်အနှစ် ၂၀ ရနေပေမယ့် တစ်နှစ်ပြီး တစ်နှစ်သာ ကုန်ဆုံးသွားမှာပါ။ အနှစ် ၂၀ ထပ်တိုးပြီး တစ်ခါတည်းရတာမဟုတ်ပါဘူး။ အဲဒါက သင့်ကိုထင်ယောင်ထင်မှားဖြစ်စေပြီး သင့်ရဲ့အချိန်တွေကို အကျိုးမဲ့ကုန်ဆုံးပစ်မိတတ်ပါတယ်။ ၈) သင့်ရဲ့အကျိုးအမြတ်တွေကို ရင်းနှီးမြုပ်နှံပါ။ အကျိုးအမြတ်ဆိုတာက လုပ်အားခထက် ပိုပြီး ကောင်းပါတယ်။ လုပ်အားခက သင့်ကို အသက်မွေးမှုအတွက် ပြုလုပ်ပေးနိုင်တယ်။ အကျိုးအမြတ်ကတော့ သင့်ရဲ့အနာဂတ်အတွက် ပြုလုပ်ပေးနိုင်တာပါ။ အသက်မွေးဝမ်းကျောင်းအတွက် အသက်ရှင်နေရင်းနဲ့ အကျိုးအမြတ်အတွက် စပြီး ရင်းနှီးမြုပ်နှံသင့်လားဆိုရင်တော့ အဖြေက ဟုတ်ကဲ့လို့ပြောရမှာပါပဲ။ ၉) ပြင်းပြတဲ့စိတ်နဲ့ အသက်ရှင်ပါ။ သင့်ဘဝမှာ သင်ဘာပဲလုပ်လုပ် အဲဒီ့အပေါ်မှာ ပိုပြီး အာရုံစိုက်ပါ။ ပိုပြီး သန်မာပါစေ၊ ပိုပြီး ဉာဏ်ရှိပါစေ။ အရာရာတိုင်းမှာ ပိုပြီး ဖြတ်လတ်တက်ကြွပါစေ။ ပိုပြီး အာရုံစိုက်ပါ။ ပိုပြီး ခံစားပါ။ ဘာလုပ်လုပ်ဖြစ်မြောက်အောင်လုပ်ရမယ်ဆိုတဲ့ ပြင်းပြတဲ့စိတ်နဲ့ အသက်ရှင်ပါ။ ၁၀) သင့်ရဲ့နေရာကို ရှာဖွေပါ။ သင်အကောင်းဆုံးလုပ်ပေးနိုင်တဲ့ အကောင်းဆုံးနေရာကို ရှာဖွေပြီး အလုပ်လုပ်ပါ။ အကောင်းဆုံးဖြစ်အောင်အလုပ်လုပ်ပါ။ သင်တတ်နိုင်သလောက် အစွမ်းကုန် အကောင်းဆုံးဖြစ်အောင်လုပ်ပါ။ ၁၁) သင့်ကိုယ်သင်ရိုးသားဖို့လိုပါတယ်။ ရိုးသားမှုက သစ္စာရှိခြင်းလိုပါပဲ။ အခြားတစ်ယောက်ဆီက မျှော်လင့်နေလို့ မရပါဘူး။ သင်ကိုယ်တိုင်သာ ရိုးသားပြလိုက်ပါ။ ရိုးသားမှုအတွက် အကောင်းဆုံးဥပမာဖြစ်ပါစေ။ အဲဒါမှ သင့်ရဲ့နောက်လိုက်တွေက သင့်အပေါ်ရိုးသားလာမှာပါ။ သစ္စာရှိခြင်းအတွက် အကောင်းဆုံးစံပြဖြစ်ပါစေ။ သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးထဲမှာ မှ သင်က သစ္စာရှိတဲ့အကောင်းဆုံး စံပြဖြစ်ပါစေ။ သင်ကဦးဆောင်ပြီး ရိုးသားလိုက်ပါ။ ၁၂) စည်းကမ်း လိုက်နာပါ။ စည်းကမ်းကို အမှန်တကယ် သင်ကိုယ်တိုင်လိုက်နာရုံကလွဲပြီး သင့်ကို ဒီထက်ကောင်းတဲ့အကြံဉာဏ်ပေးဖို့မရှိတော့ပါဘူး။ စည်းကမ်းက မြို့ကြီးတစ်မြို့လုံးဖြစ်တည်နိုင်ပါတယ်။ စည်းကမ်းမရှိရင်လည်း မြို့ကြီးတစ်မြို့လုံးကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။ စည်းကမ်းရှိခြင်းက ကြွယ်ဝမှုကိုဖန်တီးပေးနိုင်ပါတယ်။ ပြိုင်ဘက်ကင်းစေနိုင်ပါတယ်။ ထုတ်လုပ်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ ၁၃) အမှန်တရားအတွက် အလျော့မပေးပါနဲ့။ ကျွန်တော့ ကလေးတွေအတွက် ကျွန်တော်ကြိုးစားနိုင်တယ်။ အမှန်တရားအတွက် ကြိုးစားနိုင်တယ်။ ကျန်းမာရေးကောင်းဖို့ ကျွန်တော်ကြိုးစားနိုင်တယ်။ ကျွန်တော့်ကုမ္ပဏီအတွက် ကျွန်တော်ကြိုးစားနိုင်တယ်။ ကျွန်တော့်မိသားစုအတွက် ဒီထက်ကောင်းတဲ့အလုပ်ရဖို့ ကျွန်တော်ကြိုးစားနိုင်တယ်။ တစ်စုံတစ်ခုကို ပိုပြီးတန်ဖိုးရှိစေချင်တဲ့အခါ အဲဒါအတွက်ကြိုးစားပြီမှ ရလာတာက ပိုပြီးတန်ဖိုးရှိလာပါတယ်။ ပြောချင်တာက ဘဝအတွက် အမှန်တရားအတွက် ကြိုးစားပြီး တိုက်ယူသင့်တာတွေကို တိုက်ယူပါ။ အားလုံးပဲလိုက်နာကျင့်သုံးပြီး ဘဝတွေ တိုးတက်လာနိုင်ကြပါစေ။ https://www.jimrohn.com/13-ways-to-improve-your-life/ လင့်မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။