သင့်ဘဝမှာ သင်ဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်ဖို့ရာ ရှိသင့်တဲ့လက်နက် (၂) ခု

သင့်ဘဝမှာ သင်ဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်ဖို့ရာ ရှိသင့်တဲ့လက်နက် (၂) ခုဟာ ကျန်းမာခြင်းနဲ့ စိတ်ချမ်းသာခြင်းပါ။


၁) ကျန်းမာခြင်း
သင့်ခန္ဓာကိုယ်ကျန်းမာမှသာ သင့်စိတ်ချမ်းသာရမှာဖြစ်သလို၊ သင်လုပ်ချင်တာတွေကိုလည်း ကိုယ်ကျန်းမှသာ ထိရောက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အဲဒါကြောင့် သင့်ဘဝအရေးအကြီးဆုံးတစ်ချက်က သင့်ကျန်းမာရေးကောင်းမွန်ဖို့ပါပဲ။ ကိုဗစ်ကာလမှာ ပိုပြီး သိသာလာအောင် သင်ခန်းစာပေးထားသလိုပါပဲ။ ကျန်းမာရေးမကောင်းတဲ့အခါ လက်ထဲငွေဘယ်လောက်ရှိရှိ ဘာမှလုပ်လို့မရဘူးဆိုတာ ကိုဗစ်က သက်သေပါနော်။
၂) စိတ်ချမ်းသာခြင်း
စိတ်ချမ်းသာခြင်းဆိုတာ တနည်းအားဖြင့် ကိုယ့်စိတ်ထဲပျော်ရွှင်နေတဲ့ အချိန်မျိုးဟာ ဘယ်အရာမျိုးမဆို ကိုယ်တိုင်စွမ်းဆောင်နိုင်တယ်ဆိုတဲ့အတေါးမျိုးဝင်လာတဲ့အထိအကောင်းမြင်လာတတ်ပါတယ်။ စိတ်ပျော်နေရင် ကိုယ်ဖြစ်ချင်တာတွေကို အကောင်းဆုံးကြိုးစားလုပ်ဆောင်နိုင်တာပေါ့။ အဲဒါကြောင့် ဘဝအတွက် ဖြစ်ချင်တာတွေဖြစ်အောင်လုပ်နိုင်ဖို့ရာ ရှိသင့်တဲ့လက်နက် ၂ခုကတော့ ကိုယ်ကျန်းမာခြင်းနဲ့ စိတ်ချမ်းသာခြင်းလို့ သတ်မှတ်ချင်ပါတယ်။ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်ဆိုတဲ့စကားက ဘဝမှာ ပိုပြီးအဆင်ပြေအောင်မြင်ဖို့ အခြခံအချက်တွေပါပဲ။ စာဖတ်သူတွေရော ဘယ်လိုထင်ပါသလဲ။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။