သင့်ဘဝကို တစ်နှစ်အတွင်းပြောင်းလဲနိုင်မယ့်အချက် ၈ချက်

သင့်ဘဝကို အခုထက်ပိုပြီး တိုးတက်ချင်စိတ်ရှိနေသလား။ အဲဒါဆိုရင်တော့ သင့်မှာရှိနေတဲ့ မကောင်းတဲ့အချက်တချို့ကို ပြုပြင်သွားမှဖြစ်မှာပါ။ တစ်ခုချင်း ပြုပြင်သွားပြီး သင့်ဘဝတိုးတက်အောင်လုပ်ဆောင်သင့်တဲ့အချက်တွေ၊ အကျင့်တွေကို ပြင်ယူပါ။ အချိန်တခုရောက်တဲ့အခါမှာ သင့်ဘဝတိုးတက်သင့်သလောက်တော့ တိုးတက်လာမှာပါ။ ခုဖော်ပြပေးချင်တဲ့အချက် ၈ချက်ကတော့ pinterest ထဲမှာ ဖတ်လိုက်ရတဲ့ သင့်ဘဝကို တစ်နှစ်အတွင်းပြောင်းလဲနိုင်မယ့်အချက် ၈ချက်ကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ တကယ်ပြောင်းလဲတိုးတက်မှုရှိမရှိကတော့ သင့်အပေါ်မှာပဲ မူတည်နေတာပါနော်။


၁) ဆင်ခြေပေးနေတာတွေကို ရပ်ပစ်လိုက်ပါ။
သင့်ဘဝမှာ နေ့ရက်တိုင်း အခြားသူတွေထက် ဘယ်လောက်ကံကောင်းသလဲဆိုတာကို အမြဲတွေးတော တန်ဖိုးထားပါ။ သင့်ထက်ဆိုးဝါးတဲ့ဘဝတွေရှိသေးတယ်ဆိုတာ သတိရပါ။
၂) အထီးကျန်ခြင်းကို မကြောက်ရွံ့ပါနဲ့။
သင့်ဘဝရဲ့အထီးကျန်နေ့ရက်တွေကို လက်ခံပါ။ သင့်ဘဝရဲ့ပြောင်းလဲသင့်တဲ့အကျင့်တွေကို ပြောင်းလဲပြီး အခြားလူတစ်ယောက်လို ပြောင်းလဲပစ်လိုက်ပါ။
၃) သင့်ဘဝအတွက်ကောင်းခြင်းတွေမယူလာပေးတဲ့လူတွေကို စွန့်ခွာပါ။
အဆိုးမြင်တတ်သူတွေ၊ သင့်ဆီကို ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ စိတ်ဓာတ်ကျခြင်းတွေစတဲ့ မကောင်းတဲ့အယူအဆတွေချည်း ယူလာတတ်သူတွေကို နှုတ်ဆက်လိုက်ပါ။ တဖြေးဖြေးခြင်း စွန့်ခွာပါ။
၄) ရုပ်မြင်သံကြားနဲ့ အင်တာနက်ကို ရပ်တန့်ပစ်ပါ။
ရုပ်မြင်သံကြားကြည့်ခြင်းနဲ့ အင်တာနက်သုံးခြင်းကို မူးယစ်ဆေးစွဲသလိုစွဲနေတယ်ဆိုရင် အချိန်တစ်ခုသတ်မှတ်ပြီး မသုံးဘဲနေနိုင်အောင်ကြိုးစားကြည့်ပါ။
၅) သင့်ကိုသင်ပျိုးထောင်ပါ။
သင်ဖြစ်ချင်တဲ့အရာတခုခုအတွက် သင်ကိုသင်ပျိုးထောင်ပါ။ အဲဒီ့အပေါ်မှာအာရုံအပြည့်အဝစိုက်ပြီး သင်တိုးတက်ဖို့ပဲအာရုံစိုက်ပါ၊ အားထုတ်ပါ။
၆) သင်ရဲ့ပန်းတိုင်အတွက် သင့်ကိုသင်ကတိထားပါ။
သင့်ရဲ့ပန်းတိုင်အတွက် သင့်ကိုသင်ကတိပေးထားပြီး ဖြစ်အောင်လုပ်ဖို့ကြိုးစားပါ။ တစ်ဆင့်ပြီးတစ်ဆင့်အောင်မြင်အောင် ကြိုးစားသွားပါ။
၇) သင့်ရဲ့စွမ်းအင်ကိုနေ့တိုင်းလိုလိုမြှင့်တင်ပါ။
သင့်ရဲ့နေ့ရက်တိုင်းက ချွေးထွက်နေပါစေ။ ပြောချင်တာက ဒီနေ့လုပ်နိုင်တာထက် မနက်ဖြန် ပိုလုပ်နိုင်အောင်ကြိုးစားပြီးလုပ်ပါ။ သင့်ရဲ့စွမ်းအင်ကို နေ့တိုင်းလိုလိုမြှင့်တင်နေပါ။
၈) ကျရှုံးခြင်းနဲ့အတူရှေ့ဆက်ပါ။
သင့်ဘဝမှာ ကျရှုံးခြင်းတွေကြုံရပါစေ၊ စိတ်ဓာတ်မကျဘဲ ကျရှုံးခြင်းတွေဆီကနေ သင်ခန်းစာရအောင် ယူပြီး ထိုသင်ခန်းစာတွေနဲ့အတူ သင့်ဘဝကိုရှေ့ဆက်ကြိုးစားသွားပါ။
တစ်နှစ်အတွင်းတကယ်ပြုမူနေထိုင်ပြီး ပြုပြင်ဖို့ကြိုးစားရင်တော့ ဖြစ်နိုင်မှာပါ။ တကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်နေပါတယ်။ သင်ကြိုးစားရင်တော့ ကြိုးစားသလောက်ပြန်ရမှာသေချာပါတယ်နော်။ အားလုံးပဲပြုပြင် တိုးတက်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။