သင့်ဘဝကို အဆိပ်အတောက်ဖြစ်စေမယ့် လူများ

သင့်ဘဝမှာ ခြားနားတဲ့လူအမျိုးမျိုးကို သင်တွေ့ကြုံရမှာပါ။ သင့်ဘဝမှာ အဆိပ်အတောက်လိုလူမျိုးကိုလည်း အများကြီးကြုံတွေ့ရပါလိမ့်မယ်။ ထိုသူမျိုးက သင့်အတွက် မကောင်းတဲ့အရာတွေ၊ တင်းကြပ်မှုတွေ၊ စိတ်ဖိစီးမှုတွေ နဲ့ မလိုလားအပ်တဲ့ပြဿနာတွေကိုသာ ဖြစ်ပေါ်စေမှာပါ။ သင့်ဘဝထဲက ထုတ်ပယ်သင့်တဲ့ အဆိပ်အတောက်လိုလူမျိုးကို ဖော်ပြပေးလိုက်ပါတယ်။


၁) အပြစ်တင်ဝေဖန်တတ်သူ
အားတိုင်း ဝေဖန်တတ်သူမျိုးက သင့်ရဲ့ဆက်ဆံရေးမှာ အဆိပ်အတောက်လိုဖြစ်စေပါတယ်။ သူက သင့်ကိုအမြဲမထီမဲ့မြင်ဆက်ဆံတာမျိုးလုပ်တတ်ပါလိမ့်မယ်၊ သင့်ရဲ့အတွေးအခေါ်တွေကို အမြဲ ဝေဖန်နေမယ်၊ သင့်ရဲ့ရုပ်ရည်၊ သွင်ပြင်၊ သင့်ရဲ့ယုံကြည်မှု စတာတွေမှန်သမျှအားလုံးဟာ သူထိုင်ပြီး သူ့အမြင်ကို သုံးသပ်ဖို့ဖြစ်နေပါလိမ့်မယ်။ ထိုအပြုအမူမျိုးက ကိုယ့်ကိုကိုယ် လေးစားမှုမရှိခြင်းနဲ့ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုအားနည်းတယ်ဆိုတာကို ပြသခြင်းပဲဖြစ်ပါတယ်။ သင့်ရဲ့မကောင်းတဲ့အလေ့အကျင့်တွေကို ပြုပြင်ဖို့အကြံပေးရမယ့်အစား သင့်ကိုအမြဲဝေဖန်အပြစ်တင်ဖို့ကိုသာ ရှာဖွေနေတတ်ပါတယ်။
၂) အတ္တကြီးသူ
သူတစ်ယောက်ထဲကို အာရုံစိုက်မှုကိုသာ ရှာဖွေချင်သူ၊ နေရာတိုင်းမှာ သူတို့ကို အာရုံစိုက်နေတာကိုသာ လိုချင်နေတဲ့သူမျိုး သင်လည်း သတိထားမိပါလိမ့်မယ်။ အခြားသူများထက် သူတို့ကို ဂရုစိုက်၊ အာရုံစိုက်နေတာမျိုးကိုသာ လိုချင်တဲ့သူတွေဖြစ်တယ်။ မိသားစုမှာပဲဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းမှာပဲဖြစ်ဖြစ်ပေါ့။ အားလုံးရဲ့ အာရုံစိုက်မှုကို လိုချင်တာဖြစ်တဲ့အတွက်ကြောင့် တခါတရံ မရင့်ကျက်တဲ့အပြုအမူမျိုးလည်း ပြုလုပ်တတ်ပါသေးတယ်။
၃) တကိုယ်ကောင်းဆန်သူ
တကိုယ်ကောင်းသမားကတော့ စြင်္ကာဝဠာကြီးတစ်ခုလုံးက သူတို့အတွက်ဖန်တီးပေးထားသလို ပြုမူတတ်သူမျိုးပေါ့။ အကုန်လုံးကို သူတို့သိပြီးသားပုံစံဖမ်းတတ်ပြီး ၊ ဘယ်လောက်ဉာဏ်ကောင်းပါစေ၊ စမတ်ကျပါစေ၊ ဘယ်လောက်အတွေ့အကြုံနဲ့ပြည့်ဝပါစေ အဲဒါတွေနဲ့ ဘယ်တော့မှ တိုင်းတာတတ်တဲ့သူမဟုတ်ပါဘူး။ သူတို့လိုလူမျိုးအတွက်က သင်ကဘာဖြစ်နေနေ သူတို့အတွက် အသုံးချခံသက်သက်သာပါပဲ။ သူတို့မှာ သင့်အတွက် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်၊ အပေးအယူလုပ်ချင်စိတ် ဘာဆိုဘာမှ မရှိပါဘူး။ သင်ကပေးလည်း သူတို့က ယူမှာပါပဲ။ ဘယ်အရာမဆို သူတို့ရသင့်တယ်ထင်နေတတ်သူမျိုးကိုး။ သင့်ကိုတော့ ပြန်ပေးသင့်တယ်လို့ ဘယ်တော့မှတွေးမှာမဟုတ်ပါဘူး။ သူတို့အတွက် ထိခိုက်စေမယ့်သူမှန်သမျှကို သူတို့ဖျက်ဆီးပစ်လိုက်ဖို့လည်း ဝန်မလေးပါဘူး
၄) ငြူစူတတ်သူ
သင်အောင်မြင်နေတဲ့အချိန်ထက် သင်အခက်အခဲကြုံချိန်ကို သဘောကျနေတတ်တဲ့လူများပါတယ်။ အဲလိုလူမျိုးက သူတို့ကသာ အောင်မြင်မှုကို ရယူနိုင်ပြီး အခြားဘယ်သူကမှ သူတို့လိုအောင်မြင်မှုမရနိုင်ဘူးထင်နေတတ်ပါတယ်။ သင်အောင်မြင်နေတဲ့အခါမှာလည်း သူတို့က နှာခေါင်းရှုံ့၊ ရှုတ်ချမယ့်သူမျိုးလေ။ အဲလိုလူမျိုးက သင့်ဘဝအတွက်ဘာမှအကျိုးမရှိတဲ့အပြင် အဆိပ်အတောက်လိုလူမျိုးမို့ ရှောင်ရှားသင့်ပါတယ်။
၅) မနာလိုတတ်သူ
ဒီလိုလူအမျိုးအစားကကျတော့ သူတို့အတွက်ကျ ကောင်းတာတွေဘယ်တော့မှဖြစ်မလာဘူးလို့ ထင်နေတတ်သူပါ။ သူတို့အလှည့်ကျ ကောင်းတာဖြစ်လည်း ကောင်းတယ်ထင်တတ်တာမျိုးမဟုတ်ဘဲ အခြားသူများကျမှ အမြဲအကောင်းဖြစ်နေတာပဲလို့ ထင်တတ်ပြီး သင့်ကိုအပြစ်တင်နေမယ့်သူမျိုးပေါ့။ ထိုသူမျိုးက လုံးဝဆက်ဆံရတာအဆင်မပြေတတ်သလို၊ အခြားသူများရဲ့ကိစ္စတွေကိုလည်း နားထောင်ပေးနိုင်မယ့်သူမျိုးမဟုတ်ပါဘူး။ အဲဒါအပြင် သူ့ရဲ့မကောင်းတဲ့စကားတွေနဲ့ အမြင်တွေကိုလည်း အခြားသူများကို ဖြန့်ဝေနေတတ်ပါသေးတယ်။
၆) အတင်းအဖျင်းပြောတတ်သူ
ဒီလူအမျိုးအစားကတော့ စိတ်မချရတဲ့လူအမျိုးအစားပါ။ သူတို့မှာအမြဲ အမြင်နှစ်မျိုးရှိနေတတ်ပြီး သတင်းအချက်အလက်ပေးလိုစိတ်ကများနေတ်ပါတယ်။ သူတို့က အမြဲလို အခြားသူများရဲ့အာရုံစိုက်မှုကို ထိုနည်းလမ်းနဲ့လိုချင်တတ်သူပါ။ သင့်အရှေ့မှာ ဘယ်လောက်ပဲအကောင်းပြောနေပါစေ၊ သင့်နောက်ကွယ်ရောက်ရင် သင်ကမကောင်းဖြစ်သွားမှာပါပဲ။ အဲဒါကြောင့်အဲလိုလူမျိုးကို သင့်ဘဝထဲကနေ အမြန်ဆုံးထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။
၇) ခြယ်လှယ်တတ်သူ
ဒီလူမျိုးက သတိကြီးစွာထားသင့်တဲ့လူမျိုးပါပဲ။ သူတို့က သင့်ကိုအမြဲသူငယ်ချင်းတစ်ယောက်လို ခြယ်လှယ်နေတတ်မှာပါ။ သင့်ဆီက တစ်စုံတစ်ခုကို အမြဲလိုချင်စိတ်ရှိနေတတ်ပြီး ထိုသူမျိုးနဲ့ ပတ်သက်ခဲ့သမျှ ပြန်စဉ်းစားကြည့်ရင် အမြဲလို အယူချည်းရှိနေတာကို သင်တွေ့နိုင်ပါလိမ့်မယ်။ နည်းနည်းလေးတောင် အပေးဆိုတာ ရှိတဲ့သူမျိုးမဟုတ်ပါဘူး။ သင့်ကိုအမြဲကျော်လွန်အနိုင်ရဖို့သာ စဉ်းစားနေတတ်ပါတယ်။
၈) အရှုံးသမားစိတ်ရှိတဲ့သူ
အရှုံးသမားစိတ်ရှိတဲ့သူမျိုးက ဘယ်တော့မှ တာဝန်မယူချင်ပါဘူး။ အခြားသူများကိုလက်ညိုးထိုးဖို့ပဲတတ်ပြီး သူ့အမှားတွေကိုလည်း ဘယ်တော့မှ လက်မခံသလို၊ အမှားပြင်ဖို့လည်း မစဉ်းစားတဲ့သူမျိုးပါ။ ထိုသူမျိုးကို သင့်ရဲ့ဘဝထဲကနေ ထုတ်ပစ်လိုက်တာကသာ အကောင်းဆုံးပါပဲ။
ဘဝအတွက်အဆိပ်အတောက်ဖြစ်စေတတ်တဲ့သူမျိုးက သူတို့ရဲ့အပြုအမူတွေကြောင့် သင့်ကိုအရူးတစ်ယောက်လိုဖြစ်သွားစေနိုင်ပါတယ်။ သူတို့နဲ့အတူသင့်ကိုပါနိမ့်ကျလာအောင် ဆွဲချမှာဖြစ်ပါတယ်။ သူတို့က အမြဲလိုတည်ရှိနေပြီး အခြားသူများကို သူတို့ရဲ့အထင်အမြင်တွေနဲ့လွှမ်းမိုးဖို့ ကြိုးစားနေအုံးမှာပါပဲ။ အဲဒါကြောင့် သူတို့ကို သင့်ဘဝထဲကနေ ထုတ်ပစ်လိုက်ပါတော့။
https://beinspiredchannel.com/avoid-toxic-people/ လင့်မှ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။