သင့်ဘဝအတွက် သင့်ကိုယ်သင်သတိပေးသင့်သောအချက် (၆) ချက်

ကိုယ့်ဘဝကို အကောင်းဆုံးရှင်သန်နိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကိုယ်အမြဲသတိပေးသင့်တဲ့အချက်တွေရှိပါတယ်။ တခါတလေ ထိုအချက်တွေကို မေ့နေခြင်းက သင့်ကိုစိတ်ညစ်၊ စိတ်ဓာတ်ကျပြီး လမ်းပျောက်သလိုဖြစ်စေပါလိမ့်မယ်။ အဲဒါကြောင့် အောက်ကအချက်လေးတွေကို မေ့သလိုဖြစ်လာတိုင်း ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးဖို့ဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ကိုယ်သင်သာ ယှဉ်ပြိုင်ပါ။
အခြားသူတွေကို ယှဉ်ပြိုင်ဖို့ထက် သင့်ကိုယ်သင်သာယှဉ်ပြိုင်ပါ။ ဒီနေ့ကသင်ထက် မနက်ဖြန်သင်က ပိုပြီး အရည်အချင်းရှိလာပါစေ။ အဲဒါကသာ သင့်အတွက်တိုးတက်ခြင်းပါ။

၂) မဖြုန်းခင် ရှာဖွေပါ၊ စုပါ၊ ရင်းနှီးမြုပ်နှံဖို့မမေ့ပါနဲ့။
ဖြုန်းတီးခြင်းဟာ သင့်ဘဝကို သုညဘဝကတက်စေမှာမဟုတ်ပါဘူး။ မဖြုန်းခင် ဝင်ငွေရအောင်အရင်ကြိုးစားရှာပါ။ ရှာသမျှကို စုဆောင်းထားပါ၊ စုထားတဲ့ငွေကို ပြန်လည်ရင်းနှီးအသုံးချမြုပ်နှံပါ။ အဲဒါကသာ ငွေကို ငွေနဲ့ပြန်ခိုင်းလို့ရလာမှာဖြစ်ပါတယ်။ ပင်ပန်းတကြီးရှာသမျှကို ကောင်းကောင်းဖြုန်းလိုက်ခြင်းကတော့ သင့်ကို ရှာလိုက်ဖြုန်းလိုက်နဲ့သံသရာလည်နေစေပြီး သင့်အတွက် ဘာမှအကျိုးရှိမှာမဟုတ်တဲ့အပြင် သင့်နောင်ရေးအတွက်ပါ ပူပန်နေရပါလိမ့်မယ်။

၃) မကောင်းမြင်စိတ်ရှိတဲ့သူတွေကိုရှောင်ပါ။ ဘဝက စိတ်ညစ်နေဖို့တိုတောင်းလွန်းတယ်ဆိုတာမမေ့ပါနဲ့။
“ဘဝက အိမ်သာသုံးစက္ကူလိပ်လိုပဲ၊ အသုံးဝင်ပြီး ကြာကြာသုံးနိုင်မယ်လို့ မျှော်လင့်ရပေမယ့် မထင်မှတ်ထားတဲ့အခိုက်အတန့်မှာပဲ ကုန်သွားတတ်တယ်။
ဆိုတဲ့ Rudyh ပြောထားတဲ့စာသားလိုပါပဲ။ မမျှော်လင့်ထားတဲ့အခိုက်မှာ ကုန်ဆုံးသွားနိုင်တာမို့ ဘဝက တိုတောင်းလွန်းတယ်လို့ပြောကြပါတယ်။ အဲဒါကို အမြဲစိတ်ညစ်ခြင်းနဲ့ ကုန်ဆုံးမလား။ စိတ်မညစ်ချင်ရင် ဘယ်နေရာမဆို အဆိုးချည်းထိုင်မြင်နေတဲ့သူတွေနဲ့ဝေးဝေးသာရှောင်နေလိုက်ပါ။

၄) သင်လိုချင်တာအတွက် သင်မကြိုးစားဘူးဆိုရင် ဘယ်တော့မှ လိုချင်တာရမှာမဟုတ်ဘူး။
သင်မေ့နေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ကိုယ်အလိုရှိရာအတွက် ဘယ်သူ့ကိုမှမျှော်ကိုးနေလို့မရပါဘူး။ ကိုယ်တိုင်ကြိုးစားယူတာ အသေချာဆုံးပါပဲ။ နောက်ဆုံး ကိုယ်ကြိုးစားမှုတစ်ခုခုတော့ ကိုယ့်အတွက် ရနိုင်တာချည်းပါပဲ။ မကြိုးစားရင်တော့ ပိုလို့တောင် မျှော့်လင့်စရာမရှိပါဘူး။

၅) ကျရှုံးခြင်းတွေကို အစလို့မှတ်ယူပါ။ ဘယ်တော့မှ အဆုံးသတ်လို့မထင်လိုက်ပါနဲ့။
ကျရှုံးတဲ့အခါ တိုက်ပွဲကပြီးသွားပြီလို့ သတ်မှတ်ကြတာပေါ့။ ဒါပေမယ့် အဲဒီကနေ ပြန်စမယ်ဆိုရင် ပိုပြီးတောင် အတွေ့အကြုံရင့်ကျက်လာပြီမဟုတ်လား။ ကျရှုံးမှု့ကို သင်ခန်းစာအဖြစ်ယူပြီးပြန်စဖို့ မမေ့ပါနဲ့။

၆) သင့်ရဲ့အပြုအမူတွေဟာ သင့်ရဲ့အနာဂတ်ဆိုတာမမေ့ပါနဲ့။
သင်ကြိုးစားရင် သင်ကြိုးစားသမျှ ရလိမ့်မယ်။ သင်မကြိုးစားရင် သင်မကြိုးစားသလို ဘဝကဖြစ်နေမှာပါပဲ။ ဘယ်သူ့မှထိုင်အပြစ်တင်နေလို့မရပါဘူး။ သင်ကောင်းအောင်နေရင် ထိုကောင်းတာတွေရဲ့တန်ပြန်ကို သင်တခုခုတော့ရမှာပါ။ သင်မကောင်းအောင်နေလည်း ထိုမကောင်းတာနဲ့တန်ပြန်သင်ပိုင်ရမှာပါပဲ။ မကောင်းတာတွေလုပ်နေပြီး ကောင်းတာတွေဖြစ်လာမယ်လို့တော့ မတွေးလေနဲ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။