သင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်နေ‌ကြောင်းပြသနေသော လက္ခဏာများ

သင်သတိမမူမိဘဲ သင့်ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေကြောင်းပြသနေတတ်တဲ့ လက္ခဏာတွေရှိပါတယ်။ တခါတလေကျရင် ဘဝရဲ့ အခက်အခဲတွေ၊ အလုပ်တွေ၊ လူမှုရေးကိစ္စတွေ စတဲ့အရာတွေကြောင့် စိတ်က ထက်သန်စွာ ဇောနဲ့အလုပ်လုပ်နေပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တော့တဲ့အခါ သင့်ခန္ဓာကိုယ်က ပြသတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။


၁) ဘာကိုမှ တွေးတော ဆုံးဖြတ်နိုင်စွမ်းမရှိတော့ခြင်း
၂) သင့်နှုတ်ခမ်းများက အမြဲတစေ ခြောက်သွေ့အက်ကွဲနေတတ်ခြင်း
၃) မျက်လုံးတွေက ပုံမှန်နဲ့မတူဘဲ ‌‌‌ခြောက်သွေ့နေသလိုခံစားရခြင်း
၄) ခန္ဓာကိုယ်တစ်ခုလုံး နှုန်းချိပျော့ခွေနေခြင်း
၅) နှလုံခုန်းနှုန်းမူမမှန်ခြင်း
၆) ခေါင်းကိုက်ခြင်း
၇) ရေမကြာခဏ ငတ်သလိုခံစားရခြင်း
၈) အဆစ်အမြစ်တွေနာကျင်ခြင်း၊ ရောင်ရမ်းခြင်း
၉) ခြေလက်တွေထုံကျင်သလိုခံစားရခြင်း
၁၀) လှုပ်ရှားမှုအနည်းငယ်လုပ်တိုင်း အဝေးကြီး ခရီးနှင်လာသူလို မောပန်းနေခြင်း
ဒီလိုလက္ခဏာတွေပြသနေတယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံစားနေရတယ်ဆိုရင်တော့ အသီးအရွက် အသီးအနှံ
မျှတအောင် စားပေးပါ၊ အိပ်ရေးဝဝအိပ်ပါ။ ကိုယ်ခံအားကောင်းစေတဲ့အစားအသောက်တွေစားပေးပြီး စိတ်ရော လူပါ သေချာအနားယူဖို့ လိုအပ်နေပါပြီ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။