သီတင်းကျွတ်ပိတ်ရက်ရှည်တွင် အိမ်မှာနေရင်း လုပ်နိုင်သော ပျော်ရွှင်စရာလေးများ

တစ်ခါတစ်လေကျ အပြင်သွားရတာတွေ ငြီးငွေ့လာတဲ့အခါမှာ အိမ်မှာပဲ အေးအေးဆေးဆေးနေပြီး တစ်နေ့တာကို ကုန်ဆုံးတာမျိုးလေးလဲ မဆိုးပါဘူးနော်။ သူငယ်ချင်းတို့ အိမ်မှာနေတဲ့အခါ လုပ်ဆောင်နိုင်တဲ့ ပျော်ရွှင်စရာအလုပ်လေးတွေ ကိုအောက်မှာဝေမျှပေးလိုက်ပါတယ်။


အိပ်ရာခင်းပြင်မယ်
ပုံမှန်ဆိုရင် မနက်အိပ်ရာထပြီး ကေ ျာင်းသွား၊ အလုပ်သွား၊ အပြင်သွားရတဲ့အခါ အိပ်ရာကို သေခ ျာမသိမ်းမိကြပါဘူး။ ကိုယ်က အိမ်မှာနေလို့ အချိန်ရပြီဆိုရင် အိပ်ရာခင်းကို သေသေခ ျာခ ျာလေး ပြင်ဆင်ရတာ စိတ်ကြည်နူးဖွယ်ကောင်းပါတယ်။ အိပ်ရာခင်းအသစ်လဲတာမ ျိုးဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့ ခေါင်းအုံး၊ ဖက်ခေါင်းအုံးအစွပ်လေးတွေ လဲတာမ ျိုးဖြစ်ဖြစ်၊ စောင်အသစ်လဲတာမ ျိုးဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ အဲ့လိုလဲပြီးတဲ့အခါခုတင်ပေါ်မှာတစ်နေကုန်နှပ်နေရတဲ့ဖီလင်ကတစ်ကယ်ဇိမ်ပါပဲ။
လေ့က ျင့်ခန်းလုပ်မယ်
နောက်ခံသီချင်းအေးအေးလေးဖွင့်ပြီး လေ့က ျင့်ခန်းလုပ်ရတာ က ျန်းမာရေးအတွက် ကောင်းသလို စိတ်ကိုလဲ ပေါ့ပါးစေမှာပါ။ ကိုယ်က Gym ကစားသူ၊ ယောဂက ျင့်သူဆိုရင်လဲ အိမ်မှာအားလပ်နေတဲ့အခါ သေခ ျာအချိန်ယူပြီး လုပ်ဆောင်လို့ရပါတယ်။ တစ်ကယ်ကိုအေးအေးဆေးဆေးလေးနဲ့ ပေါ့ဗ ျာ။ လုပ်ဆောင်ပြီးတဲ့အခါ လန်းဆန်းပေါ့ပါးသွားမှာသေခ ျာပါတယ်။
သီခ ျင်းနားထောင်မယ်
ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေဖွင့်ပြီး လိုက်ဆိုမယ်။ဒါမှမဟုတ်ပိုကြမ်းခ ျင်တယ်ဆိုရင်တော့ အိမ်မှာ တစ်ယောက်ထဲ ကာရာအိုကီအပီဆင်နွှဲလိုက်တာပေါ့။ ပျော်စရာကောင်းပါတယ်။ နောက်နေ့သူငယ်ခ ျင်းတွေကာရာအိုကေသွားဟဲတဲ့အခါလည်းကိုယ်ကလေ့က ျင့်ပြီးသားဖြစ်နေတော့အပီဆွဲလို့ရပြီလေ။
ဟင်းချက်မယ်
ဟင်းချက်နေကြသူဖြစ်ဖြစ်၊ ဟင်းမချက်ဖူးတဲ့သူဖြစ်ဖြစ်၊ ဟင်းအသစ်အဆန်းလေးတွေကို ခ ျက်ကြည့်ပါ။ အင်တာနက်ကနေ ကိုယ်ကြိုက်တဲ့ ဟင်းချက်နည်းတွေကို ရှာနိုင်ပါတယ်။ ကိုယ်စမ်းပြီး ချက်လိုက်တဲ့ ဟင်းပွဲလေး စားလို့ကောင်းတယ်ဆို ကေ ျနပ်စရာတစ်ကယ်ကောင်းတာပါ။ကိုယ်ဘာသာကိုယ်ခ ျက် ကိုယ်ဘာသာကိုယ်ကြိုက်ပြီးစားတဲ့ခံစားခ ျက်ကကြည်နူးဖို့အရမ်းကောင်းပါတယ်။ စားမကောင်းရင်လဲ ဟင်းခ ျက်ဖို့ ပြင်ဆင်ရတာနဲ့တင် ပျော်ဖို့ကောင်းပါတယ်။
အခန်းရှင်းမယ်
ရှုပ်ပွနေတဲ့ ကိုယ့်အခန်းလေးကို သပ်သပ်ရပ်ရပ်လေးဖြစ်သွားအောင် ရှင်းလင်းကြမယ်။ အခန်းတွင်း အလှဆင်တာမျိုးကိုလဲ လုပ်နိုင်ပါတယ်။ အဝတ်အစားတွေ သပ်သပ်ရပ်ရပ်ခေါက်ပြီး ဗီဒိုထဲထည့်ကြမယ်။ တစ်အိမ်လုံးကို သန့်ရှင်းရေးမလုပ်နိုင်ရင်တောင် ကိုယ့်အခန်းလေးကိုတော့ တံမြက်စီးလှည်းတာမျိုး လုပ်နိုင်ပါတယ်။ ဒါမ ျိုးကလည်းဒီလိုပိတ်ရက်မှလုပ်နိုင်တာကို။ အခုခ ျက်ခ ျင်းမပေ ျာ်ရွှင်ဘူးဆိုရင်တောင်နောက်နေ့အလုပ်ကပြန်လာတဲ့အခါကိုယ့်အခန်းလေးကသန့်ရှင်းနေတော့အမောပြေသွားမှာပါ။
ရုပ်ရှင်ကြည့်မယ်
ရုပ်ရှင်ရုံမှာသွားကြည့်တာထက် အပြောင်းအလဲအနေနဲ့ တစ်ခါတစ်လေ အိမ်မှာတစ်ယောက်ထဲ အေးအေးဆေးဆေး ရုပ်ရှင်ကြည့်ပါ။ ကိုယ်ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ ရုပ်ရှင်တွေ၊ ကာတွန်းကားတွေကို ပြန်ကြည့်ရတာမျိုးကကိုတစ်ကယ်လွမ်းဆွတ်တမ်းတကြည်နူးပေ ျာ်ရွှင်စေပါတယ်။
အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ဆော့မယ်
ကိုယ့်အိမ်မှာ မွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေရှိမယ်ဆိုရင် သူတို့နဲ့ အချိန်ပေးပြီး ဆော့ပေးပါ။ ကိုယ့်ကို စိတ်ပေ ျာ်ရွှင်စေပါလိမ့်မယ်။
စာဖတ်မယ်
ပုံမှန်ဆို အလုပ်တွေရှုပ်နေလို့ စာမဖတ်ဖြစ်ဘူးဆိုရင် ကိုယ်အားလပ်ချိန်ရလို့ အိမ်မှာနေတဲ့အခါ ကိုယ်ဖတ်ချင်လို့ စိတ်ထဲမှာတေးထားတဲ့ စာအုပ်တွေကို အေးအေးဆေးဆေးဖတ်လို့ ရပါပြီ။ အိပ်ရာပေါ်မှာလဲပြီးပဲဖြစ်ဖြစ် ဆိုဖာပေါ်မှာလဲပြီးပဲဖြစ်ဖြစ် စိတ်ကြိုက်သက်တောင့်သက်သာ စာဖတ်ပါ။
ဓာတ်ပုံအဟောင်းလေးတွေ ပြန်ကြည့်မယ်
ကိုယ်ငယ်ငယ်တုန်းက ဓာတ်ပုံတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့တွေ ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ခရီးသွားတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ဟိုးအရင်တုန်းကနေ အခုချိန်အထိ အစဉ်လိုက်ပြန်ကြည့်ကြည့်ပါ။ ဒေါသထွက်ခဲ့ရတာတွေ၊ ပေ ျာ်ရ့ွှင်ခဲ့ရတာတွေ၊ တွေးတောပူပင်ခဲ့ရတာတွေ အစုံကိုသတိရလွမ်းဆွတ်ကြည်နူးမိမှာပါ။
ဖုန်းပြောမယ်
အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တဲ့ သူငယ်ချင်းဆီ၊ ဥပမာ အထက်တန်းကျောင်းတုန်းက အရမ်းခင်ခဲ့ကြတဲ့ သူငယ်ချင်းမျိုးဆီကို ဖုန်းခေါ်မယ်။ ပြီးရင် အရင်ကအကြောင်းတွေ ရယ်ရယ်မောမော ပြန်ပြောရင်း ဖုန်းပြောကြမယ်။ ပြန်တွေ့ဖို့ကိုလဲ ချိန်းရင်းပေါ့။အဲ့လိုသူငယ်ချင်းတွေနဲ့ ပြောရတာတစ်ကယ့်ကို ပျော်စရာကြီးပါ။
ဒီအရာလေးတွေကို အပြင်သွားစရာမလို၊ ပိုက်ဆံလဲမကုန်ပဲနဲ့ အိမ်မှာနေတဲ့အခါမျိုးမှာ လုပ်ဆောင်နိုင်မှာပါ။ အိမ်မှာနေပြီးဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေတဲ့ကိုယ့်ရဲ့ သူငယ်ချင်းတွေသိသွားအောင် မ ျှဝေပေးလိုက်ပါဦးနော်။
Source: “Fun things to do at home,” lovepanky.com
Photo Credit : https://www.flickr.com/photos/mtch3l/24491625352

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။