သစ်အယ်သီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

သစ်အယ်သီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ vitamin E ၊ healthful fat ၊ protein ၊ dietary fiber စတဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။ ကိုလက်စထရောကိုကျစေပြီး အင်ဆူလင်တိုးစေပါတယ်။ သစ်အယ်သီးကိုစားခြင်းအားဖြင့် ရနိုင်တဲ့အကျိုးကျေးဇူးတွေကတော့….


၁) အူမကြီးလှုပ်ရှားမှုကောင်းမွန်စေခြင်း
dietary fiber ပါဝင်မှုကြောင့် အူမကြီးလုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

၂) ဝိတ်ကျစေခြင်း
လေ့လာချက်တွေအရ ဝိတ်ကျစေတာကို တွေ့ရပါတယ်။ အဝလွန်ရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ပါတယ်။

၃) ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျော့ကျစေခြင်း
antioxidants နဲ့ vitamin E. ပါဝင်ခြင်းကြောင့် ကင်ဆာဖြစ်ပွားစေတဲ့ဆဲလ်တွေကိုတိုက်ဖျက်နိုင်ပြီး ကင်ဆာဖြစ်ပွားနိုင်ချေလျော့ကျစေပါတယ်။

၄) cholesterol လျော့ကျစေခြင်း
၂၀၁၃ခုနစ်လေ့လာချက်အရ lipoprotein cholesterol ကိုလျော့ကျစေပါတယ်။ ထို lipoprotein cholesterol က နှလုံးနဲ့ပတ်သက်သော ရောဂါတွေဖြစ်ပွားနိုင်ပါတယ်။ သစ်အယ်သီးစားပေးခြင်းဖြင့် နှလုံးကိုထိခိုက်စေတဲ့ကိုလက်စထရောကိုလျော့ကျစေတာကြောင့် နှလုံးနဲ့ပတ်သက်သောရောဂါတွေဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

၅) အင်ဆူလင်ပမာဏကိုတိုးစေခြင်း
သစ်အယ်သီးစားပေးခြင်းက insulin ပမာဏကို တိုးစေတာကြောင့် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။

၆) နှလုံးကျန်းမာစေခြင်း
သစ်အယ်သီးက နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။ ၂၀၁၃ ခုနစ်လေ့လာချက်အရ သစ်အယ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုကိုလျော့ကျစေနိင်တယ်လို့တွေ့ရှိခဲ့ပါတယ်။

၇) ရောင်ရမ်းမှုကို လျော့ကျစေခြင်း
သစ်အယ်သီးစားပေးခြင်းဖြင့် ရောင်ရမ်းမှုကို လျော့ကျဖို့ကူညီနိုင်ပါတယ်။ ၂၀၁၃ခုနစ် လေ့လာတွေ့ရှိချက်အရ သစ်အယ်သီးစားပေးခြင်းကြောင့် ရောင်ရမ်းမှုတွေကို လျော့ကျစေတယ်လို့တွေ့ရှိခဲ့ပါတယ်။
သတိပြုရန်။ သစ်အယ်သီးဖြင့် ဓာတ်မတည့်သူများလည်း ရှိနိုင်တာကြောင့် သတိထားသင့်ပါတယ်။ https://www.medicalnewstoday.com/articles/323807#risks-and-considerations လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။