သင်ပိုပြီးပျော်ရွှင်လာစေဖို့အတွက် လိုအပ်ချက်များ

တကယ်တော့ ကိုယ့်ကိုယ်ကိုယ်ချစ်တာထက် ဘယ်သူကမှပိုမချစ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ပိုပြီးချစ်တတ်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပိုပြီး ဂရုစိုက်တတ်လာပါလိမ့်မယ်။ ကိုယ်၊ စိတ်ကျန်းမာရေးအတွက် ထည့်စဉ်းစားလာတတ်ပြီး ကိုယ့်ဘဝအတွက် မလိုအပ်တဲ့အဆိပ်တောက်တွေကို ဖယ်ထုတ်တတ်လာပါလိမ့်မယ်။ ကိုယ့်ပျော်ရွှင်မှုဟာဘာလဲ ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ အဲဒီ့အခါ ကိုယ့်ဘဝက ပိုပြီး ပျော်စရာကောင်းလာတော့တာပါပဲ။ အဲဒါကြောင့်....သင်ပိုပြီးပျော်ရွှင်လာစေဖို့ရာအတွက် တကယ်လိုအပ်တဲ့လိုအပ်ချက်တွေကတော့ အောက်ကအချက်တွေပါပဲ။ သင်လည်း သင့်ကိုသင်ပြန်ဆန်းစစ်ကြည့်လိုက်ပါအုံးနော်။


သင့်ကိုယ်သင်ပိုပြီး ချစ်တတ်လာတဲ့အခါ….
သင့်ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးကိုသာ ပိုဂရုစိုက်လာပါလိမ့်မယ်။ သင့်ကိုယ်ကျန်းမာရေးက သင့်စိတ်ကိုကျန်းမာစေသလို၊ သင့်စိတ်ကျန်းမာရေးကလည်းသင့်ကိုယ်ကျန်းမာဖို့ရာအထောက်အကူပြုလာတာပါပဲ။

သင့်ကိုယ်သင်ပိုပြီး ဂရုစိုက်တတ်လာတဲ့အခါ……
အဲဒီလိုသင့်ကိုယ်သင်ပိုပြီး ဂရုစိုက်တတ်လာတဲ့အခါ သင်စားချင်တာလေးတွေစားမယ်၊ သင်လုပ်ချင်တာလေးတွေလုပ်မယ်၊ သင့်စိတ်ပျော်ရွှင်ရာကိုသင်ပိုနားလည်လာသလို၊ သင်ပျော်သလိုလည်း နေတတ်လာပါလိမ့်မယ်။

သင့်ကိုယ်သင်ပိုယုံကြည်မှုရှိလာဖို့ကြိုးစားနိုင်တဲ့အခါ…….
အဲဒါအပြင် သင့်စိတ်ကျန်းမာရေးနဲ့ကိုယ်ကျန်းမာရေးကို ပိုဂရုစိုက်တတ်လာခြင်းကြောင့် သင့်ကိုယ်သင်ဘယ်သူကဘယ်လိုထင်ထင် ၊ သင့်စိတ်ထဲ ယုံကြည်မှုအပြည့်အဝနဲ့ ခွန်အားအပြည့်နဲ့ကို လန်းဆန်းနေစေပါလိမ့်မယ်။

သင့်ဒဏ်ရာတွေကို သင်ကိုယ်တိုင်ကုစားတတ်လာတဲ့အခါ…….
အဲဒီ့အခါ သင့်စိတ်ထဲက နာကျင်ခြင်းတွေကိုလည်း သင်ကိုယ်တိုင်ကုစားတတ်လာပါတယ်။ သင့်စိတ်အနှောင့်အယှက်ဖြစ်နေပြီဆိုရင် ဘာလုပ်သင့်သလဲ၊ ဘယ်လိုရှောင်လွှဲသွားမလဲ၊ ဘယ်လိုကျော်လွှားမလဲဆိုတာမျိုးကို သင်ကိုယ်တိုင်နားလည်ပြီး ကုစားတတ်လာပါလိမ့်မယ်။ သင့်ကိုယ်သင်သိမြင်လာတဲ့နောက် သင့်ကိုကုစားပေးနိုင်မယ့်သူ ဘယ်သူ့ကုမှ သင်မလိုအပ်တော့ပါဘူး။

သင့်ဘဝအတွက်မလိုအပ်တာတွေကို လက်လွှတ်တတ်လာတဲ့အခါ……
အဲဒီ့အခါ လိုချင်ရက်နဲ့အတင်းဆုပ်ကိုင်ထားတဲ့အရာတွေကို သင်စိတ်နာကျင်ခံစားခံပြီး မဆုပ်ကိုင်ထားတော့ပါဘူး။ လွတ်လပ်စွာ လက်လွှတ်တတ်လာပါလိမ့်မယ်။ သင့်ကိုသင်ပိုချစ်လာတဲ့အတွက်ကို သင့်အတွက် ထိခိုက်နာကျင်စေမယ့်အရာမှန်ရင် ပေါ့ပါးစွာလက်လွှတ်နိုင်လာပါလိမ့်မယ်။

အခြားလူတွေနဲ့ မနှိုင်းယှဉ်ဘဲ သင့်ဘဝခရီးကို အကောင်းဆုံးလျှောက်လှမ်းနိုင်လာတဲ့အခါ……
နောက်ဆုံးအချက်ကတော့ ကိုယ့်ကိုယ်ကိုယ်သာ ပိုချစ်ပြီး ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးလို့ ၊ ပိုပြီးခွန်အားရှိတယ်လို့ ခံစားလာရတဲ့အတွက်ကို အခြားလူတွေနဲ့နှိုင်းယှဉ်ဝမ်းနည်းတာမျိုး ၊ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်တာမျိုး၊ တခြားတစ်ယောက်ကို အားကျနေတာမျိုးတွေ လုံးဝမရှိနိုင်တော့ပါဘူး။

အထက်ပါ အချက်တွေရှိလာတဲ့အခါ သင်ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။