သင်မနက်ခင်းတိုင်းလုပ်သင့်တဲ့ အကျင့်ကောင်းလေးများ

အခုအချိန်က သင့်ရဲ့စိတ်ကျန်းမာရေးအတွက်ရော၊ ကိုယ်ကျန်းမာရေးအတွက်ရော ဂရုစိုက်သင့်တဲ့အချိန်ပါပဲ။ အဲဒီ့အတွက် အိမ်ထဲမှာချည်းနေရလို့လည်း ငြီးငွေ့မနေဘဲ ကိုယ့်အတွက် လုပ်သင့်တာလေးတွေလုပ်ပါ။ ကိုယ့်ရဲ့ကိုယ်စိတ်ကျန်းမာရေးအတွက် နေ့တိုင်းလုပ်သင့်တဲ့အကျင့်လေးကို တခုတ်တ၇ သတိလေးထားပြီးလုပ်ကြည့်သင့်ပါတယ်။ အဲဒါက သင့်ရဲစိတ်ရောလူကိုပါလန်းဆန်းတက်ကြွစေပြီး ကျန်းမာဖို့အထောက်အကူပြုစေမှာပါ။ တစ်နေ့တာလုံးမှာလည်း ကိုယ့်ရဲ့အရည်အချင်းအတွက် သင်ယူသင့်တာကို အဆက်မပြတ်လေ့လာသင်ယူနေပေးပါ။ ရောဂါတွေပြီးဆုံးသွားတဲ့တစ်နေ့ ကိုယ့်ရည်မှန်းချက်တွေအကေင်အထည်ဖော်ဖို့ အားတင်းထားကြရအောင်ပါ။ ၁) မနက်စောစောအိပ်ရာထပါ ၂) ရေများများသောက်ပါ ၃) လေ့ကျင့်ခန်းကို မနက်ခင်းတိုင်း နာရီဝက် ခန့်လုပ်ပါ ၄) တရားထိုင်ပါ (သို့) ‌ယောဂကျင့်ပါ ၅) မနက်စာကောင်းကောင်းစားပေးပါ ၆) ကိုယ့်ကိုယ်ကိုယ်အချိန်ပေးပါ ၇) ခံစားရသမျှကို ဂျာနယ်(သို့) ဒိုင်ယာရီရေးပါ ၈) စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့စာအုပ်တွေဖတ်ပါ ၉) သီချင်းနားထောင်ပါ


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။