သင်ဂရုမစိုက်သင့်သောအရာများ

ကိုယ်က အရမ်းကြီး အထူးတလည်ဂရုစိုက်နေပေမယ့် တကယ်တမ်း ဂရုမစိုက်သင့်တဲ့အရာတွေလည်းရှိပါသေးတယ်. တခါတလေ ကိုယ်ကသာ အရမ်း တဖက်လူဘယ်လိုထင်မလဲတွေးနေပေမယ့် ကိုယ်အကြောင်းကို တဖက်လူက သိတောင်မသိလိုက်ဘူးဆိုတဲ့အခြေအနေမျိုးတွေပေါ့။ တခါတလေ ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်တာမျိုးပဲဖြစ်ဖြစ်၊ တခုခုပေါ့. ။ အဲဒါဆိုရင် သင်ဂရုမစိုက်သင့်တဲ့အရာတွေကို ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) အခြားလူတွေရဲ့အထင်အမြင်
တခြားလူတွေက သင်ထင်နေသလောက်လည်း သင့်ကိုဂရုမစိုက်နိုင်ကြပါဘူး။ သင့်ကိုယ်ဘယ်လိုထင်မလဲလို့အမြဲတွေးနေမိတယ်ဆိုရင် အဲဒီ့အတွေးတွေကို ဖျောက်လိုက်ပါတော့။ သင့်ကိုဂရုစိုက်မယ့်အစား သူတို့ဟာသူတို့တောင်မအားကြပါဘူး။ အဲဒါကြောင့် သင့်ကိုသင်သာ ဂရုစိုက်လိုက်ပါ။

၂) အဆိပ်အတောက်လိုလူတွေ
မကောင်းတဲ့လူတွေက သင့်အနားမှာဝန်းရံနေရင် သူတို့အနားကထွက်သွားလို့ ဘယ်လိုထင်မလဲတွေးမနေပါနဲ့။ အဲဒီလိုလူတွေက သင်မှမဟုတ်ပါဘူး။ သူတို့အနား‌ရောက်လာသူတိုင်းကို ဒုက္ခပေးနိုင်တာပါ။ သူတို့ဘယ်လိုဖြစ်နေမလဲတွေးနေရမှာမဟုတ်ဘဲ သင့်ကိုယ်သင်သာ သူတို့အနားက‌ေရှာင်ထွက်သွားဖို့ ဂရုစိုက်ပါ။

၃) အခြားလူတွေရဲ့နှစ်သက်မှု
လူတိုင်းက သင့်ကိုကြိုက်နှစ်သက်အောင် မလုပ်နိုင်ပါဘူး။ လူတိုင်းကြိုက်အောင် နေမိနေရင်လည်း သင့်ကိုယ်သင်ပျောက်ဆုံးလာတာပဲအဖတ်တင်မှာပါ။ ပျော်ရွှင်ရမှာမဟုတ်ပါဘူး။ တခုပဲသင်တွေးပါ၊ လူတိုင်းက သင့်ကိုမနှစ်သက်နိုင်သလို သင်ကိုယ်တိုင်လည်း လူတိုင်းကိုမနှစ်သက်နိုင်ဘူးမဟုတ်လား။ ဒါပါပဲ။

၄) သင့်ရဲ့လူနေမှုအဆင့်အတန်း
သင့်မိဘအသိုင်းအဝန်းရဲ့အဆင့်အတန်းကို သင်ရှက်နေစရာမလိုပါဘူး။ ဒါတွေက သင့်အပြစ်မှမဟုတ်တာ။ သင်ကြိုးစားဖန်တီးတဲ့ဘဝကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ။ သင့်ကြောင့်မဟုတ်တဲ့အပြစ်တွေ၊ ကိစ္စတွေကို သင်ဂရုစိုက်စရာမလိုပါဘူးနော်။

၅) သင့်ရဲ့အတိတ်
သင့်အတိတ်ကအမှားတွေကို ဘယ်လိုပဲလူတွေက ထင်ထင်၊ သင်မှန်နေသ‌ရွေ့ ၊ တပါးသူအပေါ် သင်မတရားမလုပ်ခဲ့ဖူးသ‌ရွေ့ ကိစ္စမရှိပါဘူး။ အဲဒါအပြင် သင်ကအတိတ်က မှားခဲ့ဖူးရင်တောင် အခုလက်ရှိမှာ အမှန်ဖြစ်ဖို့ကြိုးစားနေထိုင်တယ်ဆိုရင် ရပါပြီ။ လက်ရှိအချိန်မှာသာ အကောင်းဆုံးဖြစ်ပါစေ။

အထက်ကဖော်ပြထားတဲ့အချက်တွေကတော့ သင်အမြဲတစေ ဂရုစိုက်မနေသင့်ပါဘူး။ လက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင်ဖြတ်သန်းမယ်ဆိုရင် အခုလက်ရှိရော၊ နောင်အနာဂတ်မှာပါ နောင်တရ၊ စိတ်မလုံဖြစ်ရမယ့်ကိစ္စတွေရှိလာတော့မှာမဟုတ်ပါဘူးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။