သင်္ဘောရွက်ရဲ့အကျိုးကျေးဇူးများ

သင်္ဘောသီးကို အစားများကြသလို သူ့ရဲ့အကျိုးကျေးဇူးတွေကိုလည်း လူသိများကြမှာပါ။ ဒါပေမယ့် သင်္ဘောရွက်မှာလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။ သင်္ဘောရွက်မှာ vitamins A, C, E, K, B , calcium, magnesium, sodium magnesium နဲ့ iron ဓာတ်တွေပါဝင်ပါတယ်။


၁) အသည်းကျန်းမာစေခြင်း
သင်္ဘောသီးလိုပဲ သင်္ဘောရွက်ကို ကြိတ်ခြေထားတဲ့အရည်မှာလည်း အသည်းကို သန့်စင်ပေးနိုင်တဲ့ဓာတ်ပေါင်းတွေပါဝင်ပါတယ်။ နာတာရှည်အသည်းရောဂါတွေကို ကုသပေးနိုင်ပြီး အသည်းယောင်ခြင်း၊ အသည်းခြောက်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

၂) အစာခြေလွယ်စေခြင်း
papain နဲ့ chymonpapain ဆိုတဲ့ အင်ဇီုင်းပါဝင်ခြင်းကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပြီး အစာခြေလွယ်စေပါတယ်။ အူမကြီးကို သန့်စင်စေပါတယ်။ Papain အင်ဇိုင်းက အစာအိမ်အနာဖြစ်ခြင်ကိုလည်း ကုသပေးနိုင်ပါတယ်။
protease နဲ့ amylase တွေပါဝင်တာကြောင့် ပရိုတင်းတွေ၊ ကာဗွန်ဟိုက်ဒရိုတ်တွေကို ဖြိုခွဲနိုင်ပါတယ်။ အစာအိမ်နဲ့အူမကြီးရောင်ရမ်းခြင်းကိုလျော့ကျစေပါတယ်။ သင်္ဘောရွက်ဖျော်ရည်မှာ ဘက်တီးရီးယားများကိုသေစေတဲ့အစွမ်းရှိပါတယ်။

၃) သွေးထဲက သကြားဓာတ်ကိုလျော့ကျစေခြင်း
သင်္ဘောရွက်အရည်မှာ ဆီးချိုအတွက် ထူးခြားတဲ့အကျိုးအာနိသင်ရှိပါတယ်။ အင်ဆူလင်ထုတ်လုပ်မှုကို ပုံမှန်ဖြစ်စေပြီး သွေးထဲကသကြားဓာတ်ကို ထိန်းထားနိုင်ပါတယ်။ antioxidant တွေရဲ့အကူအညီနဲ့ ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းအဆီဖုံးခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

၄) လစဉ်ရာသီလာချိန်နာကျင်ခြင်းများကို သက်သာစေခြင်း
လစဉ်ရာသီလာချိန်နာကျင်ခြင်းများ၊ ဝမ်းဗိုက်နာကျင်ခြင်းများကို သက်သာစေပြီး ဟော်မုန်းတွေမျှတစေပြီး ရာသီစက်ဝန်းကိုပုံမှန်ဖြစ်စေပါတယ်။

၅) အရေပြားပြဿနာများကို ကုသနိုင်ခြင်း
vitamin C နဲ့ A ပါဝင်ခြင်းကြောင့် အရေပြားကျန်းမာစေပါတယ်။ karpain ဆိုတဲ့ကွန်ပေါင်းပါဝင်ခြင်းကြောင့် သင့်အရေပြားကအဆိပ်အတောက်တွေကို သန့်စင်စေပြီး အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။

၆) ဆံသားကျန်းမာစေခြင်း
သင်္ဘောရွက်ကြိတ်ရည်မှာ ဆံသားကြီးထွားသန်စွမ်းစေခြင်း၊ ဆံသားပါးခြင်း၊ အကျွတ်များခြင်းကို သက်သာစေပါတယ်။ သဘာဝဆံသားပျော့ပြောင်းစေတဲ့ ပျော့ဆေးအဖြစ်သုံးနိုင်ပါတယ်။

၇) ကင်ဆာဖြစ်ပွားနိုင်ချေကို လျော့ကျစေခြင်း
Acetogenin ဆိုတဲ့ ကွန်ပေါင်းကြောင့် ကင်ဆာဖြစ်ပွားနိုင်ချေကို ကာကွယ်နိုင်ပါတယ်။ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာတွေကို ကာကွယ်နိုင်ပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။