တောင်ပေါ်ဒေသလေးတွင် အသက်ကြီးလာရင် သွားရောက်နေထိုင်သင့်သည့် အချက် ၈ ချက်

သဘာဝရဲ့အသံလှိုင်းတွေက သင့်ရဲ့အာရုံကြောစနစ်ကို ပြေလျော့စေနိုင်ပါတယ်။ သဘာဝတရားနဲ့နီးကပ်စွာနေခြင်းက သွေးဖိအားကိုလျော့ကျစေပြီး ပိုပြီးကျန်းမာစေနိုင်ပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အသက်ကြီးလာတဲ့အခါ သွားရောက်နေထိုင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတာ အေက်မှာဖော်ပြပေးထားပါတယ်။


၁)စိတ်ဖိစီးမှုလျော့ကျစေခြင်း
သဘာဝရဲ့လေကောင်းလေသန့်တွေရှူရှိုက်ခြင်းက ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို
လုံးဝကိုပြောင်းလဲပစ်လိုက်တဲ့အတွက် သင့်ကိုစိတ်ပြေလျော့အောင် ကူညီပေးနိုင်ပါတယ်။ .
၂)ကျန်းမာရေးကောင်းမွန်အောင် အထောက်အကူပြုနိုင်ခြင်း
စိတ်မဖိစီးတဲ့အခါ သင့်ရဲ့ကျန်းမာရေးကိုလည်း အမျိုးမျိုးအကျိုးဖြစ်စေပါတယ်။
စိတ်လည်းချမ်းသာတယ်၊ ကိုယ်လည်းကျန်းမာတယ် ဆိုသလိုပါပဲ။
၃) လန်းဆန်းတက်ကြွစေခြင်း
တောင်တန်းတွေပေါ်ကနေ မြင်ရတဲ့မြင်ကွင်းက သင့်ကိုလန်းဆန်းတက်ကြွစေနိုင်တယ်ဆိုတာ ဟာသမဟုတ်ပါဘူးနော်။ အမှန်တကယ်ကို လန်းဆန်းတက်ကြွစေနိုင်တာမို့ တစ်ခါလောက်ခံစားကြည့်မှသိမှာပါ။
၄) နှလုံးရောဂါကို ကာကွယ်နိုင်ခြင်း
စိတ်ဖိစီးမှုတွေအဖြစ်နည်းတဲ့အခါ နှလုံးရောဂါဖြစ်ပွားမှုကိုလည်း သွယ်ဝှိုက်သောနည်းလမ်းနဲ့ ကာကွယ်ပေးတာပါပဲနော်။ လေ့လာတွေ့ရှိချက်အရ ပင်လယ်ရေမျက်နှာပြင်အထက်မြင့်သောနေရာမှာနေထိုင်သူတွေက နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါတယ်တဲ့။
၅) လေကောင်းလေသန့်ရခြင်း
တောင်ပေါ်ဒေသမှာနေထိုင်သူတွေက လေကောင်းလေသန့်ကို ခံစားရရှိနိုင်ပါတယ်။ လေကောင်းလေသန့်အကျိုးကြောင့် ပန်းနာရင်ကြပ်ဖြစ်တာမျိုးကို လျော့ကျစေနိုင်ပြီး စိတ်ဖိစီးမှုနည်းတာကြောင့်ညဘက်တွေမှာ ကောင်းမွန်စွာအိပ်ပျော်စေနိုင်ပါသေးတယ်။
၆) အသက်ပိုရှည်နိုင်ခြင်း
တောင်ပေါ်ဒေသမှာနေထိုင်သူတွေဟာ လေကောင်းလေသန့်ကို တိုက်ရိုက်ရရှိခြင်းကြောင့် ကျန်းမာရေးကောင်းမွန်ပြီး အသက်ပိုရှည်စွာနေထိုင်နိုင်ပါတယ်။
၇) ပိုပြီးပျော်ရွှင်နိုင်ခြင်း
အသက်ကြီးလာတဲ့အချိန်မှာ ကိုယ့်ကိုကိုယ့်အတွက်ပဲအချိန်ပေးသင့်ပါတယ်နော်။ မိသားစုတွေ၊ သားသမီးကိစ္စတွေ၊ အိမ်မှုကိစ္စတွေ၊ အပူအပင်တွေနဲ့ဝေးဝေးမှာနေပြီး တောင်ပေါ်ဒေသလေးမှာအေးအေးလူလူ ကိုယ်လုပ်ချင်တာလေးလုပ်ပြီးနေမယ့်ဘဝက ဘယ်လောက်များပျော်ရွှင်စရာကောင်းလိုက်မလဲနော်။
၈) ပိုပြီး သက်တောင့်သက်သာရှိနိုင်ခြင်း
စားဝတ်နေရေးမလောက်ငမှာ မပူပင်နဲ့၊ သားသမီးတွေ အဆင်ပြေပါ့မလားမပူပင်နဲ့၊ အိမ်မှာဘယ်လိုနေထိုင်နေကြမလဲ မပူပင်နဲ့။ စသည်ဖြင့် အပူတွေအားလုံးကို မေ့လျော့လိုက်ပြီး ကိုယ့်ဘဝရဲ့နေ့ရက်တွေကို ကိုယ်သက်တောင့်သက်သာရှိသလို နေထိုင်ကုန်ဆုံးလိုက်ပါ။ အဲဒါက သင့်အတွက်ပိုပြီး သက်တောင့်သက်သာဖြစ်စေမှာပါ။
အထက်ပါအချက်လေးတွေဖတ်ပြီး ဖြစ်နိုင်ရင် ခုတောင်ချက်ချင်း တောင်ပေါ်ဒေသလေးမှာပဲ သွားရောက်နေထိုင်ပြီး ဘဝကိုဖြတ်သန်းချင်စိတ်ဖြစ်လာတယ်မဟုတ်လား။ အားလုံးပဲ သာယာပျော်ရွှင်နိုင်ကြပါစေနော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။