ထူးချွန်တဲ့ကလေးတွေရဲ့ အလေ့အကျင့် ၇ခု

ဘယ်နေရာမှာမဆို ထူးချွန်တတ်တဲ့ကလေးတွေမှာ ကျွန်တော်တို့တွေသတိမထားမိတတ်တဲ့ အလေ့အကျင့်ကောင်းတွေရှိနေတတ်ပါတယ်။ ဘယ်လိုအလေ့အကျင့်လေးတွေဖြစ်မလဲဆိုတာ သိရအောင် ဖော်ပြပေးလိုက်ပါတယ်


၁) အသိပညာတွေနဲ့ စွမ်းရည်တွေမှာ အောင်မြင်မှုရရှိတာကို ကျေနပ်တတ်ခြင်း
အောင်မြင်ချင်တဲ့ကလေးသူငယ်တွေမှာ အကြောင်းအရာအသစ်တွေသင်ယူခြင်းကို နှစ်သက်တတ်ကြပြီး ကိုယ့်တတ်ကျွမ်းထားတဲ့စွမ်းရည်တွေ တိုးတက်လာတာကို သဘောကျတတ်ကြပါတယ်။
၂) မေးခွန်းများမေးတတ်ခြင်း
သူတို့ သိချင်တာတွေအတွက် မတူညီတဲ့မေးခွန်းပေါင်းစုံကို မေးဖို့ စဉ်းစားတတ်ကြပါတယ်။ အဲဒါအပြင် မေးခွန်းတွေမေးခြင်းက သူတို့အောင်မြင်ဖို့ ဒါမှမဟုတ် သူတို့သိချင်တာတွေ သိလာဖို့ လိုအပ်တဲ့စွမ်းရည်တစ်ခုဆိုတာ နားလည်တတ်ကြပါတယ်။
၃) သူတို့လုပ်ချင်တာတွေနဲ့အောင်မြင်ချင်တာတွေအတွက် ကြိုတင်ပြင်ဆင်တတ်ခြင်း
တစ်စုံတစ်ခုကို သင်ယူဖို့ လေ့လာမှုတွေလုပ်ရမယ်ဆိုတာနားလည်တတ်ပါတယ်။ ကြိုတင်ပြင်ဆင်တတ်ကြပါတယ်။
၄) အောင်မြင်ဖို့အတွက် လိုအပ်တာတွေကို စဉ်းစားတတ်ခြင်း
သူတို့ရဲ့အမှားတွေကိုလည်း ရိုးသားစွာလက်ခံပြီး သေချာနားလည်အောင်ကြိုးစားကြပါတယ်။ အောင်မြင်ဖို့အတွက် သင်ယူရမယ့်နည်းလမ်းတွေနဲ့ စွမ်းရည်တွေတိုးတက်အောင် ကြိုးစားတတ်ပါတယ်။
၅) အာရုံစိုက်မှုရှိပြီး ကိုယ်ပိုင်စည်းကမ်းတွေထားရှိခြင်း
တိုးတက်စေမယ့် အလေ့အကျင့်ကောင်းတွေကို လေ့ကျင့်တတ်ပြီး တိုးတက်မှုဆိုတာ တဆင့်ပြီးတဆင့်လေ့ကျင့်တတ်တဲ့အပေါ် မှီခိုနေတယ်ဆိုတာကို နားလည်ကြပါတယ်။
၆) သူတို့စိတ်ပါဝင်စားတဲ့အရာကိုသာ သူတို့ဗီဇအရ လေ့လာလိုက်စားတတ်ခြင်း
သူတို့မှာရှိသမျှ စွမ်းရည်နဲ့ ကြိုးစားအားထုတ်မှုတွေကို သူတို့စိတ်ပါဝင်စားတဲ့အရာတွေနဲ့ သူတို့ရဲ့ပါရမီပါတဲ့အပေါ်မှာ အသုံးချတတ်ကြပါတယ်။ သူတို့ရဲ့အားနည်းချက်ဖြစ်နေရင်တောင် သူတို့ရဲ့အားသာချက်အဖြစ် တိုးတက်လာအောင် စိတ်ဆန္ဒပြင်းပြစွာနဲ့ ကြိုးစားတတ်ပါတယ်။
၇) အတိတ်ကသင်ခန်းစာတွေကို အသုံးချပြီး အနာဂတ်အတွက်သင်ယူတတ်ခြင်း
သူတို့ကိုယ်တိုင်က သူတို့ရဲ့ဦးဆောင်သူပါပဲ။ အခြားသူတွေဆီက ဘာတွေသင်ယူသင့်သလဲဆိုတာ နားလည်ပြီး အနာဂတ်မှာ လေ့လာသင်ယူတတ်ပါတယ်။ ထိုသင်ယူထားသမျှကို သူတို့ရဲ့လုပ်ဆောင်ချက်တွေနဲ့ အခွင့်အလမ်းတွေမှာ ကောင်ေးကာင်းအသုံးချတတ်ပါတယ်။
Pinterest မှဖတ်မိသလောက်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။