စွဲလမ်းနေသော Social Media သုံးစွဲမှုအားလျော့ချရန်နည်းလမ်း

ဒီနေ့ခေတ်ကို Social Media ခေတ်လို့ပြောလို့ရပါတယ်။ Facebook တို့ Instagram တို့အပြင် အခြားလူမှုကွန်ယက်တွေအများအပြားက လူငယ်တွေ၊ ဆယ်ကေ ျာ်သက်တွေရဲ့ နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ်။ ကောင်းတာလဲရှိသလို မကောင်းတာလဲရှိတာပေါ့။ ကောင်းတဲ့ဘက်ကကြည့်ရင် ခေတ်နဲ့မျက်ခြေမပြတ်တော့ဘူး၊ သတင်းတွေသိရတယ်၊ ဗဟုသုတတွေ ရှာဖွေနိုင်တယ်၊ သင်ယူစရာ အခွင့်အလမ်းကောင်းတွေ များလာပါတယ်။ ဒါပေမယ့် တစ်ဆက်ထဲမှာပဲ လူမှုကွန်ယက်တွေကို အလွန်အမင်း အချိန်ကုန်ခံသုံးစွဲလာတာကလဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုပေါင်းသင်းဆက်ဆံရေးတွေမှာ အားနည်းချက်တွေဖြစ်လာစေပါတယ်။ ဆိုတော့ ကိုယ်က Social Media တွေကိုမသုံးရမနေနိုင် စွဲလမ်းသူတစ်ဦးဖြစ်မယ်ဆိုရင်၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတစ်ယောက်ယောက်က လူမှုကွန်ယက်တွေပေါ်မှာ အချိန်ကုန်တာတွေများနေတယ်ဆိုရင် သတိပေးလို့ရအောင် စွဲလမ်းနေတဲ့ Social Media သုံးစွဲမှုကိုလေ ျှာ့ဖို့ နည်းလမ်း (၈) ခုကို ရှာဖွေဖော်ပြပေးလိုက်ပါတယ်။


၁။ ဖုန်းကအသံလေး မြည်လိုက်တာနဲ့ ကိုင်ကြည့်လိုက်ရတာက အကျင့်တစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် လူမှုကွန်ယက်တွေကနေ သတင်းအသစ်တစ်ခုပေါ်လာတိုင်း အသိပေးတဲ့ alret, pop-up, notification တွေကိုဖြုတ်ထားပါ။ မဟုတ်ရင် ဖုန်းကို ခဏခဏကိုင်ဖြစ်နေပါလိမ့်မယ်။
၂။ ကိုယ်လူမှုကွန်ယက်တွေပေါ်မှာ အချိန်ကုန်တာဘယ်လောက်ကြာနေပြီလဲဆိုတာကို မှတ်ထားပေးပြီး ကိုယ့်ကိုသတိပေးနိုင်မယ့် Offtime, BreakFree တို့လို အက်ပလီကေးရှင်းတွေကို ဖုန်းထဲမှာဒေါင်းလုတ်ဆွဲထားပြီး အသုံးပြုပါ။
၃။ အကောင်းဆုံးကတော့ ဖုန်းထဲက လူမှုကွန်ယက် အက်ပလီကေးရှင်းတွေကို ဖြုတ်ပစ်လိုက်ပါ။ သုံးစရာရှိရင် Desktop နဲ့ပဲသုံးပေါ့။ ဒါဆိုရင် လွယ်လွယ်မသုံးဖြစ်တော့မှာမို့ ပိုက်ဆံအကုန်အကျတော်တော်သက်သာသွားမှာ အသေအချာပါပဲ။
၄။ နောက်တစ်ချက်ကတော့ ကိုယ်တင်ချင်တဲ့ပို့စ်ကို ယုံကြည်ချက်ရှိရှိတင်ဖို့ပဲ ဖြစ်ပါတယ်။ Like, comment, share အရေအတွက်တွေကို ဂရုစိုက်မနေပါနဲ့။ ဘယ်သူတွေတော့ ဝင်မန့်သွားပြီ၊ လိုက်ခ်အရေအတွက် ဘယ်လောက်တောင်ရသွားပြီဆိုတာတွေကို ပို့စ်တစ်ခုတင်ပြီးသွားတိုင်း မကြာခဏဆိုသလို ကြည့်မိမနေဖို့လိုပါတယ်။
၅။ တချို့တွေက လူတစ်ယောက်ထဲကပဲ လူမှုကွန်ယက်အကောင့် အများအပြားသုံးတတ်ကြပါတယ်။ ဒီအခါဘာဖြစ်လဲဆိုတော့ အကောင့်တစ်ခုထဲသုံးတာထက် အချိန် ၂ ဆ၊ ၃ ဆပိုကုန်ပါတယ်။ လူမှုကွန်ယက်တစ်ခုကို အကောင့်တစ်ခုထဲပဲ အသုံးပြုပါ။
၆။ အိမ်မှာ နေတဲ့အခါ ထမင်းစားချိန်မှာ ဖုန်း၊ လက်ပ်တော့တွေကို စားပွဲပေါ်က ဖယ်ထားပါ။ မိသားစုကို အချိန်ပေးပါ၊ စကားပြောဆိုပါ။ ဒါဆိုရင် ဖုန်းသုံးနေတာထက်ပိုပြီး တန်ဖိုးရှိတဲ့ အချိန်တွေကို ရရှိပါလိမ့်မယ်။
၇။ ကိုယ်က ဖုန်းပဲတစ်နေကုန်သုံး၊ လူမှုကွန်ယက်တွေပေါ်မှာပဲ တစ်နေ့လုံး အချိန်ကုန်နေမယ်ဆိုရင်၊ ကိုယ့်ရဲ့သားသမီးတွေ၊ ကိုယ့်အောက်အငယ်တွေကလဲ ကိုယ့်လိုပဲဖြစ်လာပါလိမ့်မယ်။ စာလုပ်တာတို့ အခြားကိုယ့်အတွက် တကယ်အကျိုးရှိတာတွေ လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်က စံပြတစ်ယောက်အနေနဲ့ နေထိုင်ရပါမယ်။
၈။ အင်တာနက်သုံးတာမဟုတ်ပဲ အခြားဝါသနာတစ်ခုခုကို ရှာပြီးလုပ်ပါ။ ဥပမာ စာဖတ်တာမျိုးပေါ့။
လူမှုကွန်ယက်တွေ ကြီးစိုးနေတဲ့ ခေတ်မှာ ကိုယ့်အတွက် တိုးတက်မှုရှိဖို့ အသုံးခ ျတတ်ဖို့လိုပါတယ်။ လိုအပ်တာထက် အချိန်ကုန်ခံ အလွန်အကျွံသုံးနေတာမ ျိုးကိုတော့ ကြိုးစားပြင်ဆင်သင့်ပါတယ်။ ပြင်ဆင်ဖို့ဒီပို့စ်လေးကအထောက်အကူပြုမယ်လို့လည်းယုံကြည်ပါတယ်။
? ( BaWa101 )
Source: “8 ways to fight social media addiction,” smartparents.sg မှဘာသာပြန်ဖော်ပြထားပါသည်။
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။