စွန်ပလွံသီးရဲ့ကောင်းကျိုးများ

စွန်ပလွံသီးကို dates ဟုခေါ်ပြီး အုန်းပင်၊ ထန်းပင်အမျိုးတွင်ပါဝင်ပါတယ်။ ရာသီဥတုပူပြင်းခြောက်သွေ့သောအရပ်တွင်ပေါက်ကြပါတယ်။ vitamins နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး စွမ်းအင်တိုးစေပြီး sugar နဲ့ fiber ၊ calcium ၊ iron ၊ phosphorus ၊ potassium ၊ magnesium နဲ့ zinc တို့ပါဝင်တာကြောင့် ကျန်းမာရေးအတွက်အကျိုးများစေပါတယ်။ စွန်ပလွံသီးရဲ့ကောင်းကျိုးတွေကတော့…..


၁) ကိုလက်စထရောကျစေခြင်း
စွန်ပလွံသီးမှာ ကိုလက်စထရောကင်းစင်ပြီး အဆီအနည်းငယ်သာပါဝင်တာမို့ သင့်ရဲ့နေ့စဉ်အစားအစာမှာထည့်စားခြင်းအားဖြင့် ဝိတ်ကျဖို့အထောက်အကူဖြစ်စေပါတယ်။

၂) Protein ဓာတ်ကြွယ်ဝခြင်း
Proteins ဓာတ်ပါဝင်ခြင်းကြောင့် ကြွက်သားတွေကို သန်မာစေပြီး လေ့ကျင့်ခန်းလုပ်သူတော်တော်များများ စားပေးသင့်ပါတယ်။

၃) vitamins ကြွယ်ဝခြင်း
Vitamins B1, B2, B3 နဲ့ B5 ၊ A1 နဲ့ C တို့ပါဝင်တာကြောင့် တစ်နေ့တာလိုအပ်တဲ့ Vitamins များရရှိနိုင်ပြီး ကျန်းမာစေပါတယ်။ သဘာဝသကြားဓာတ်ပါဝင်တာကြောင့် စွမ်းအင်တိုးစေပါတယ်။

၄) အရိုးကျန်းမာစေခြင်း
အရိုးကိုလည်းကျန်းမာစေပါတယ်။ selenium, manganese, copper နဲ့ magnesium တွေပါဝင်ခြင်းကြောင့် အရိုးကျန်းမာစေပြီး အရိုးပွရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၅) အာရုံကြောစနစ်ကောင်းမွန်စေခြင်း
Potassium ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကောင်းမွန်အောင်ထိန်းသိမ်းပေးပါတယ်။ potassium ကြောင့် ကိုလက်စထရောကို လျော့ကျစေပြီး ရုတ်တရက်လေဖြတ်ခြင်းကဲ့သို့ မဖြစ်အောင်တားဆီးပေးပါတယ်။

၆) iron ကြွယ်ဝခြင်း
သံဓာတ်ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သံဓာတ်ချို့တဲ့ခြင်းကို ကာကွယ်နိုင်ပါတယ်။ သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်တတ်တဲ့ သွေးအားနည်းရောဂါကိုလည်း သက်သာစေပါတယ်။ သွေးအားနည်းတဲ့အခါ မောပန်းလွယ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း စတဲ့ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။

၇) အစာခြေစနစ်ကိုကောင်းမွန်စေခြင်း
ရေဓာတ်ပါဝင်ခြင်းကြောင့် နေ့စဉ်စားပေးမယ်ဆိုရင် အစာခြေစနစ်ကိုကောင်းမွန်စေလို့ အမျှင်ဓာတ်လည်းပါဝင်တာကြောင့် ဝမ်းချုပ်တာမျိုးမဖြစ်စေပါဘူး။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။