စပါးလင်ရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

စပါးလင်ကို မြန်မာလူမျိုးတွေက မုန့်ဟင်းခါးဟင်းရည်ထဲချက်တတ်ကြသလို ဟင်းလျာအချို့မှာလည်းထည့်ချက်တတ်ကြပါတယ်။ စပါးလင်ရဲ့အရသာက ဖန်သက်သက် ခါးသက်သက်ရှိပြီး ဗီတာမင်အေ၊ ဘီ၊ စီ၊ သံဓာတ်၊ ပရိုတင်း၊ ရေဓာတ် စတဲ့အာဟာရဓာတ်တွေလည်းပါဝင်ပါတယ်။ စပါးလင်ရဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) အစာခြေစနစ်ကောင်းမွန်စေခြင်း
အစာအိမ်ကို ချောမွေ့စေပြီး သင့်ရဲ့အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ citral လို့ခေါ်တဲ့ ဓာတ်ပေါင်းပါဝင်တာကြောင့် အစာခြေဖျက်ဖို့ကူညီပေးပါတယ်။ ရှေးခေတ်အိမ်သုံးဆေးဝါး အဖြစ်သုံးကြပါတယ်။ လေပွခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အစာမခြေခြင်းအတွက် တရုတ်အိမ်သုံးဆေးဝါးတစ်မျိုးအဖြစ်လည်းသုံးကြပါတယ်။

၂) antioxidants ကြွယ်ဝခြင်း
antioxidants တွေပါဝင်တာကြောင့် အဆိပ်အတောက်ပြေစေပြီး သင့်ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တယ်လို့ယူဆကြပါတယ်။ သင့်ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဆီးရွှင်စေခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။

၃) သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း
သွေးဖိအားတိုးခြင်းကို သဘာဝအလျှောက် ထိန်းချုပ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သင့်ခန္ဓာကိုယ်တွင်းမှာ ဆီးရွှင်စေပြီး သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုအားကောင်းခြင်းက သင့်အသည်းကို အဆိပ်ကင်းစေပြီး အူထဲမှ ကိုလက်စထရောစုပ်ယူခြင်းကိုလည်း ကန့်သတ်ပေးပါတယ်။

၄) အဆီကျစေခြင်း
အဆီကျစေပြီး ခန္ဓာကိုယ်တွင်း metabolism တွေကို ကူညီပေးနိုင်တာကြောင့် အစာခြေလွယ်ပြီး ကယ်လိုရီတွေလောင်ကျွမ်းစေပါတယ်။

၅) အရေပြားနဲ့ဆံသားအတွက်ကောင်းမွန်စေခြင်း
ဗီတာမင်အေနဲ့စီပါဝင်ခြင်းကြောင့် သင့်အရေပြား၊ ဆံသားအတွက်အထူးကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုအားကောင်းစေတာကြောင့်သင့်အရေပြားကိုကြည်လင်စေပြီး ဝက်ခြံဖြစ်ပေါ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

၆) အအေးမိတုတ်ကွေးကို သက်သာစေခြင်း
ဘက်တီးရီးယားသေစေတဲ့အစွမ်းရှိတာကြောင့် သင့်ရဲ့အအေးမိ၊ချောင်းဆိုး၊နှာစေးခြင်းတွေကို သက်သာစေပါတယ်။ ဗီတာမင်စီက ခုခံအားတိုးစေတာကြောင့် ချွဲပျော်စေပြီး အအေးမိတုတ်ကွေးကို လျင်မြန်စွာသက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေကတော့ စပါးလင်ကိုရှောင်သင့်ပါတယ်။ ဓာတ်မတည့်မှုလည်းရှိနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။