စိုးရိမ်သောကတွေကို ပြေလျော့စေတဲ့ အစားအစာ (၆) မျိုး

စိုးရိမ်သောက ဆိုတာက လူတိုင်းမှာ ဖြစ်ပေါ်နေကျ ယေဘုယျပြဿနာတစ်ခုပါပဲ။ စိုးရိမ်မှုကြောင့် အာရုံကြောတွေတင်းနေပြီး ဦးနှောက်ကျန်းမာရေးကို ဆိုးဝါးလာစေနိုင်ပါတယ်။ အရမ်းဆိုးဝါးလာရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ကုသသင့်ပါတယ်။ စိုးရိမ်သောကတွေကို ပြေလျော့စေဖို့အတွက် အသုံးပြုသင့်တဲ့နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ အသက်ရှုလေ့ကျင့်ခန်းလုပ်ခြင်းတို့၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့စသဖြင့် အများကြီးရှိတဲ့အထဲက စိုးရိမ်သောကကို ပြေလျော့စေတဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ဆော်လမွန်ငါး
ဆော်လမွန်ငါးက စိုးရိမ်သောကတွေကို ပြေလျော့စေတယ်လို့ လေ့လာချက်တွေအရသိရပါတယ်။ ထိုငါးမှာ ဦးနှောက်ကျန်းမာရေးကို မြင့်တင်ပေးနိုင်တဲ့အာဟာရဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင်ဒီ၊ အိုမီဂါ သရီး၊ DHA နဲ့ EPA ပါဝင်မှုကြောင့် dopamine နဲ့ serotonin ဓာတ်တွေကို ထိန်းညှိုပေးနုငိတဲ့အတွက် စိတ်တည်ငြိမ်ခြင်းနဲ့ ပြေလျော့စေနိုင်တဲ့အစွမ်းရှိပါတယ်။ ဗီတာမင်ဒီ၊ အိုမီဂါသရီးမြင့်မားစွာပါဝင်မှုကြောင့် ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေပြီး စိုးရိမ်သောကကို ပြေလျော့စေပါတယ်။
၂) Chamomile
ချာမိုမှိုင်းကစိုးရိမ်သောကကို ပြေလျော့စေတဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ antioxidants မြင့်မားစွာပါဝင်မှုကြောင့် ရောင်ရမ်းခြင်းတွေကိုလည်း လျော့ကျစေပြီး စိုးရိမ်ပူပန်မှုကြောင့် အာရုံကြောတွေတင်းခြင်း၊ ရောင်ခြင်းကိုလည်း သက်သာစေပါတယ်လို့ လေ့လာချက်တွေမှာဖော်ပြကြပါတယ်။ လေ့လာချက်အရ ချာမိုမှိုင်းကိုသုံးစွဲသူတွေက ၈ပတ်ခန့်အကြာမှာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်သောကတွေကို ပြေလျော့စေနိုင်တယ်လို့တွေ့ရှိခဲ့ကြပါတယ်။
၃) နနွင်း
နနွင်းမှာ curcumin ဆိုတဲ့ဓာတ်ပါဝင်တာကြောင့် ဦးနှောက်ကျန်းမာရေးကိုကောင်းမွန်စေပြီး စိုးရိမ်ပူပန်မှုများခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တိရိစ္ဆာန်တွေမှာ စမ်းသပ်ချက်အရ curcumin ထိုဓာတ်က အိုမီဂါသရီးနဲ့ DHA လိုမျိုးပဲ ဦးနှောက်ကျန်းမာရေးကို မြင့်တင်ပေးနိုင်ပြီး စိုးရိမ်သောကများခြင်းကိုကာကွယ်ဖို့ အကျိုးသက်ရောက်စေပါတယ်။
၄) အနက်ရောက်ချောကလက်
အနက်ရောင်ချောကလက်က flavonols ဆိုတဲ့ဓာတ်ပါဝင်တာကြောင့် ဦးနှောက်လုပ်ဆောင်ချက်ကို ထိရောက်စွာအကျိုးရှိစေပါတယ်။ ဦးနှောက်ထဲကိုလည်း သွေးစီးဆင်းလည်ပတ်မှုအားကောင်းစေပါတယ်။ လေ့လာချက်အရ တစ်နေ့မှာ ၂ကြိမ်ခန့် အနက်ရောင်ချောကလက်စားသုံးသူများက နှစ်ပတ်ခန့်အကြာမှာ catecholamines နဲ့ cortisol ကဲ့သို့ ဖိစီးမှုဟော်မုန်းပမာဏကို လျှော့ချပေးနိုင်တယ်လို့တွေ့ရပါတယ်။
၅) ဒိန်ချဉ်
Probiotics ဒါမှမဟုတ် healthy bacteria တွေက ဒိန်ချဉ်ထဲမှာတွေ့နိုင်ပြီး သင့်ရဲ့စိတ်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ထို Probiotics တွေက ဦးနှောက်လုပ်ဆောင်ချက်ကို မြင့်တင်ပေးနိုင်ပြီး စိုးရိမ်သောကတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။
၆) လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာ L-theanine လို့ခေါ်တဲ့ an amino acid တစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်က ဦးနှောက်ကျန်းမာစေပြီး စိုးရိမ်သောကို လျှော့ချပေးပါတယ်။ ထိုဓာတ်က စိတ်ပိုင်းဆိုင်ရာ စိုးရိမ်သောကတွေကို လျော့ကျစေပါတယ်။ cortisol လို့ခေါ်တဲ့ ဖိစီးမှု ဟော်မုန်းကို လျော့ကျစေပါတယ်။
ကြက်ဥ၊ အသား၊ နို့ထွက်ပစ္စည်း၊ ကြက်ဆင်သား၊ အချဉ်ဓာတ်ပါသောအသီးများ၊ ငရုတ်ပွကြီး စတဲ့အစားအစာတွေမှာလည်း ဦးနှောက်ကျန်းမာစေပြီး စိုးရိမ်သောကကိုပြေလျော့စေတဲ့ဓာတ်တွေပါဝင်ပါသေးတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို စိတ်ဖိစီးမှုများနေတဲ့အချိန်မှာ သင်တင့်မျှတစွာစားသုံးနိင်စေဖို့ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။