Social Media ကတဆင့် သင့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေသောကိစ္စများ

တကယ်တော့ ကျွန်တော်တို့စွဲစွဲလမ်းလမ်းသုံးနေတဲ့ Social Media ပေါ်မှာ နေ့စဥ်မြင်နေတွေ့နေရတဲ့အရာတွေမှာ တချို့အရာတွေဟာ ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးနဲ့ ထိခိုက်စေပါတယ်။ အဲဒီ့အကြောင်းတရားတွေမှာ ဘယ်လိုအကြောင်းတရားတွေပါနေမလဲဆိုတာဖော်ပြထားပါတယ်။ စာဖတ်သူတို့လည်း တွေးမိတဲ့အချက်တွေရှိရင် ကွန်မန့်မှာထပ်ဖြည့်ပေးပါအုံးနော်။


၁) သတင်းအမှားများ
အခုချိန်မှာ အရမ်းစိတ်ဖိစီးစေမယ့်အကြောင်းအရာကတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ကိုယ့်မြို့နယ်မှာ ဘယ်နားကဘယ်သူ့ကို လာခေါ်သွားတယ်ဆိုတဲ့ မသေချာမ‌ရေရာဘဲ အရင်းမြစ်မရှိတဲ့ သတင်းမှားတွေပါပဲနော်။ လူအားလုံးဟာ ကျန်းမာရေးအတွက်‌ရော၊ စားဝတ်နေရေးအတွက်‌ရော ပူပန်နေချိန်မှာ အသေအချာမသိဘဲ တင်လိုက်တဲ့သတင်းနဲ့ ထင်ရာမြင်ရာရေးတဲ့တသင်းအမှားတေွကလည်း ပိုပြီး စိတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် အခုလိုကာလမှာ ကျန်းမာရေးကိုသာ အထူးဂရုစိုက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက စည်းကမ်းချက်တွေကိုလိုက်နာပါ။ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့သတင်းတွေနဲ့ အရင်းမြစ်သေချာတဲ့သတင်းတွေသာ ဖတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်။

၂) တပါးသူ၏အတွင်း‌‌ရေးအပုတ်ချသတင်းများဖတ်မိခြင်း
အခုလိုအချိန်မှာ စိတ်မပျော်ရွှင်ရင်တောင် စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး ဒါမှမဟုတ် အကုသိုလ်များနေတာမျိုးကတော့ တကယ်အဆင်မပြေစေပါဘူး။ နာမည်ကြီတွေ ုါမှမဟုတ် ဆယ်လီအချို့ရဲ့ လူသိမခံတဲ့သတင်းတွေနဲ့ အတွင်း‌ေ၇းတွေဖါင့်ချတဲ့သတင်းမျိုးတွေကို လိုက်ပြီး ဖတ်ရှုမိခြင်းဟာလည်း ကိုယ့်ရဲံစိတ်ကို ပိုပြီး ဆိုးဝါးစေသလို၊ အလကားအချိန်ကုန်စေပါတယ်၊ ဒေါသတွေထွက်ပြီး နေထိုင်ရအဆင်မပြေခြင်းဟာလည်း စိတ်ကျန်းမာရေးရော ကိုယ်ကျန်းမာရေးရော ထိခိုက်စေတာပါပဲ။

၃)ကိုယ်ရဲ့အားနည်းချက်ကို ဝေဖန်ဆဲဆိုခံရခြင်းများ
နောက်တစ်ခုကတော့ ကိုယ့်ရဲ့အားနည်းချက် ဥပမာ ကိုယ်ပုံလေးကိုယ်တင်လိုက်ပေမယ့် ကိုယ်မသိတဲ့တစ်ယောက်က ကိုယ့်ရဲ့အားနည်းချက်ကို ဝင်ပြီး ချိုးနှိမ်တဲ့စကားပြောခြင်းခံလိုက်ရတာမျိုးပေါ့။ အဲဒါဟာလည်း သင့်ရဲ့စိတ်ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ Social Media မှာဆိုရင် ကိုယ်နဲ့အပြင်မှာတကယ်သိကျွမ်းရင်တောင် ကိုယ့်စိတ်နဲ့အဆင်ပြေတဲ့ တနည်းအားဖြင့် အကြမ်းဖြင်း ကိုယ်နဲ့ type တူတဲ့လူမျိုးတွေကိုသာ လက်ခံထားတဲ့အခါ အထက်ကပြဿနာလို ပြဿနာမျိုးမကြုံနိုင်တော့ပါဘူး။ မဟုတ်ရင်တော့ ဘယ်ကမှန်းမသိတဲ့လူက ကိုယ့်အားနည်းချက်၊ ကိုယ့်အပြစ်ကို ဝင်ပြောသွားလို့ ကိုယ့်စိတ်အနှောင့်အယှက်ကြုံနိုင်ပါတယ်။ တချို့လည်း ကြုံဖူးကြမယ်ထင်ပါတယ်။

၄)အမြင်မတူရန်သူသဘောမျိုးဖြစ်စေသည့် ရန်ပွဲများ
အထက်ကအချက်လိုပါပဲ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်က ကိုယ်တင်လိုက်တဲ့စာ ဒါမှမဟုတ် အကြောင်းအရာကို ဝင်ပြီး ငြင်းခုံကြရာကနေ ပြဿနာ၊ ငြင်းခုံရတာမျိုး၊ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ကိုယ်မှာအဲဒီလိုစိတ်ထားရှိရင်လည်း “လူတိုင်းဟာ သူခံယူချက်နဲ့သူ” လို့ဖြည့်တွေးပေးသင့်သလို၊ အခြားသူက သူ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ထင်မြင်ယူဆချက်ကို မငြင်းခုံသင့်ပါဘူး။ အုဲါမှသာ စိတ်အနှောင့်အယှက်ကင်းစေမှာပါ။ အဲဒီလိုမဟုတ်ရင်တော့ အမြင်မတူရန်သူ....သဘောနဲ့ အမြင်မတူတာတွေ့တိုင်း စိတ်အနှောင့်အယှက်ဖြစ်နေရပါလိမ်မယ်။

၅) အခြားသူတွေရဲ့ဘဝကို အားကျမိကာ မိမိနှင့်နှိုင်းယှဥ်မိခြင်း
နောက်တစ်ချက်ကတော့ အခြားသူတွေက ဘယ်လိုပျော်ရွှင်နေတယ်.....ဆိုရင် ကိုယ့်ဘဝနဲ့ ကိုယ်‌တောင်မသိလိုက်ဘဲ နှိုင်းယှဥ်မိသွားတတ်ပါတယ်။ ကိုယ်က ဘယ်လို....သူကဘယ်လို....ဆိုတဲ့အကြောင်းအရာမျိုးတွေတွေးပြီး ကိုယ့်စိတ်အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ ကိုယ်က လုံးဝမနှိုင်းယှက်တတ်ဘူးဆိုအုံးတော့......၁၀ခါမှ တစ်ခါလောက်တော့ ကိုယ့်မသိစိတ်ထဲ နှိုင်းယှဥ်မိမှာပါ။ အဲဒါကြောင့် အခြားလူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်မနှိုင်းယှဥ်မိတာအကောင်းဆုံးပါ။ “အော်....သူတို့ဘဝမှာ ပျော်ရွှင်ချိန်ရှိသလို အခက်အခဲနဲ့ကြုံ ချိန်လည်းရှိ အုံးမှာပဲ၊ ကိုယ့်ဘဝမှာလည်း ပျော်စရာအချိန်ရှိသလို စိတ်ညစ်တဲ့အချိန်လည်းရှိတာပဲ” ဆိုပြီး အတွေးဆိုးတေါ ဝင်မလာအောင် တွေးသင့်ပါတယ်။
ရင့်ကျက်နေပြီဖြစ်တဲ့လူအချို့ကတော့ အထက်ကအချက်တွေနဲ့တော့ စိတ်အနှောင့်အယှက်မဖြစ်အောင် ရှောင်ကျဥ်တတ်သွားပါပြီ။ ဘာလို့ဆို သူတို့ဟာ အရှိအတိုင်းလက်ခံတတ်လာတဲ့လူတွေဖြစ်လာလို့ပါပဲ။ Social Media ပေါ်က ဘဝဖြစ်ဖို့ထက် လက်တွေ့ဘဝမှာ ပိုအသုံးဝင်တဲ့အရာတေွကို Social media ပေါ်မှာ ရှာဖွေတတ်လာပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့လက်တွေ့ဘဝမှာ အသုံးတည့်မယ့်အရာတွေ၊ ကိုယ့်ဘဝအတွက်အကျိုးရှိစေမယ့်အရာတေါကိုသာ Social Media ပေါ်မှာ ရှာဖွေလေ့လာရင်း စိတ်အနှောင့်အယှက်မဖြစ်အောင် အသုံးပြုကြဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။