စိတ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်ရှိစေဖို့ လုပ်သင့်တဲ့အဆင့် ၄ ဆင့်

အောင်မြင်မှုဆိုတာက ကျရှုံးမှုကိုကျော်ဖြတ်ပြီးဖြစ်လာနိုင်တာပါ။ ကျရှုံးမှုကို အကြိမ်ပေါင်းများစွာကြုံလာရတဲ့အခါ ခံနိုင်ရည်ဖြစ်လာပါတယ်။ ခံနိုင်ရည်ရှိလာဖို့အတွက် စိတ်ပိုင်းဆိုင်ရာက သင့်ရဲ့လုပ်ဆောင်ချက်တွေအပေါ် လမ်းညွှန်ပေးနိုင်တာဖြစ်ပါတယ်။ အဲဒီ့တော့ ကျရှုံးမှုကိုပွေ့ဖက်နိုင်ဖို့ သင့်စိတ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်ရှိဖို့လိုပါတယ်။


ကျရှုံးမှုကြုံရတဲ့ဖြစ်ပေါ်နေတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ ခံနိုင်ရည်ရှိတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ခြင်း ခြားနားမှုရှိပါတယ်။ ကျရှုံးမှုကြောင့် နာကျင်နေတဲ့ခံစားချက်က သင့်ကိုဘာကိုမှခံနိုင်ရည်မရှိစေတော့ပါဘူး။ ခံနိုင်ရည်ရှိတဲ့ခံစားချက်ပိုင်ရှင်ကတော့ သင့်ရဲ့ကျရှုံးမှုတွေကနေ သင့်ရဲ့စွမ်းရည်တွေ၊လုပ်ဆောင်ချက်တွေကို ပြန်ပြီးဆန်းစစ်မယ်၊ သင်ခန်းစာယူမယ်၊ ရှေ့ဆက်ချီတက်မယ်ဆိုတဲ့စိတ်ရှိပါတယ်။ ထိုစိတ်တွေနဲ့ ထပ်ပြီးကြိုးစားပါလိမ့်မယ်။ အဲဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရ ခံနိုင်ရည်ရှိဖို့လိုအပ်ပါတယ်။

၁) သင့်ရဲ့နေ့ရက်တိုင်းကို စိန်ခေါ်ပါ။
လုပ်ဆောင်ချက်တွေလုပ်ပါ။ သင့်ရဲ့ရေရှည်လုပ်ဆောင်နိုင်စွမ်းရှိမရှိကို ဆန်းစစ်တဲံလုပ်ဆောင်ချက်တွေပေါ့။ နေ့တိုင်းလုပ်ဖို့ ကိုယ့်ကိုကိုယ်စိန်ခေါ်ပါ။ ဥပမာ။ မနက်တိုင်း ပြေးမယ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာလုပ်စားမယ်၊ မနက်ကို တစ်နာရီစောပြီး အိပ်ရာထမယ်။ လူတိုင်းကို အကောင်းဘက်ကမြင်ကြည့်မယ် ၊ ဆေးလိပ်ဖြတ်မယ်၊ အရက်ဖြတ်မယ်၊ စတဲ့အရာတွေလိုမျိုးပါ။ အဲဒီလို စိန်ခေါ်မှုတွေကို သင်လုပ်နိုင်ပြီဆိုရင် သင့်ကိုသင်စတင်ပြီး အကောင်းမြင်လာပါတယ်။ ကိုယ့်ကိုကိုယ်လည်း ပိုပြီး ယုံကြည်လာပါတယ်။ “အော်….ငါမလုပ်နိုင်ဘူးထင်ပေမယ့် လုပ်ကြည့်တော့လည်း လုပ်နိုင်သားပဲ” ဆိုတာမျိုးပေါ့။

၂) ကိုယ့်စိတ်ကိုကိုယ်မြင်အောင်ကြည့်ပါ။
သင့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ်မူတည်ပြီး သင့်ရဲ့အလုပ်တွေပြီးမြောက်မှုကလည်း ကွာခြားသွားပါတယ်။ သင်ပိုပြီးအာရုံစိုက်နိုင်တဲ့အခါ ပိုပြီး အလုပ်တွေအမှားအယွင်းနည်းနည်းနဲ့ပြီးနိုင်မယ်၊ အာရုံမစိုက်တဲ့အခါ အမှားများမယ်၊ အလုပ်ပြီးချင်မှပြီးမယ် စသဖြင့်ပေါ့။ နေ့တိုင်း သင့်လုပ်ရမယ့်တစ်နေ့တာအလုပ်ကို ချရေးဖို့ အချိန် ၁၀မိနစ်ပေးပါ။ ဘယ်အရာက အရေးကြီးသလဲ၊ ပိုအာရုံစိုက်ရမယ်၊ ဘယ်အရာကတော့ အသေးအဖွဲလေးတွေပါဆိုတဲ့ အလုပ်ကိုသုံးသပ်ဖို့ပါ။ မနက်ခင်းတိုင်းမှာ အဲလိုသုံးသပ်ထားတဲ့အခါ ဘယ်အရာကအရေးကြီးတယ်ဆိုတဲ့အလုပ်ကို သင့်ဦးနှောက်ထဲ မှတ်မိနေပြီး အလေးထားဖို့သတိပေးသလိုဖြစ်နေပါတယ်။ သင့်စိတ်ခံစားချက်က လုံးဝမကောင်းဘူးဖြစ်နေရင်တောင်မှ သင့်အလုပ်ထဲမှာ စိတ်နှစ်ဖို့သတိပေးထားသလိုဖြစ်နေစေပါတယ်။ အဲဒါကြောင့် ကိုယ့်စိတ်ကဘာဖြစ်နေသလဲ…..ဆိုတာကို ရှင်းအောင်သိပါ။ ကိုယ်လုပ်ရမယ့်အရေးကြီးတဲ့အရာကို တန်းစီချရေးလိုက်ပါ။ စိတ်ရှုပ်မှုစိတ်ညစ်မှုတွေကို အချိန်မပေးနိုင်တော့ဘဲ အဲဒါတွေထက်အရေးကြီးတဲ့အရာကို သင်လုပ်မိပါလိမ့်မယ်။

၃) ကိုယ့်အတွင်းစိတ်ထဲကနေ အကောင်းမြင်စိတ်ဖန်တီးပါ။
အကောင်းမြင်စိတ်က အလုပ်ဖြစ်စေပါတယ်။ သင်ရွေးချယ်ထားတဲ့လမ်းကြောင်းမှာ သင့်ကိုသင်အားပေးသလိုမျိုးဖြစ်စေပါတယ်။ သင်စိတ်ထဲဖြစ်လာသမျှကို အကောင်းမြင်စိတ်နဲ့ ပြန်တွေးပါ။ သင့်ကိုအဆိုးမြင်စိတ်က ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ကိုသင် အကောင်းမြင်စိတ်နဲ့မြင်တတ်လာအောင် ကျင့်ယူနိုင်ပါတယ်။

၄) မေ့လွယ်တဲ့စိတ်ကို ကျင့်ပါ။
ဖြစ်ပြီးသမျှကို အတိတ်မှာထားခဲ့ပြီး မေ့လွယ်အောင်ကျင့်ယူပါ။ နာကျင်ခဲ့ရသမျှကို မမေ့ပစ်နိုင်ရင် သင်ပဲဆက်လက်နာကျင်နေအုံးမှာပါပဲ။ သင့်ကိုနာကျင်အောင်ပြုခဲ့သူတွေကဖြင့် မေ့နေလောက်ပါပြီ။ သင်ကတော့ မမေ့နိုင်ဘဲ ဆက်လက်နာကျင်နေရတာ တန်ရဲ့လား။ အဲဒါကြောင့် ဖြစ်ပျက်ခဲ့သမျှတွေမှာ သင်ခန်းစာယူသင့်တာကိုယူလိုက်ပြီးရင် ကျန်တာတွေအားလုံးကို မေ့လွယ်တဲ့စိတ်ရအောင် ကျင့်ယူပါ။ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး နာကျင်မှုတွေကိုမေ့ပစ်တတ်ခြင်းက အနာဂတ်မှာသင့်အတွက်ကြီးမားတဲ့အောင်မြင်မှုရလာနိုင်ပါတယ်။ မကောင်းတဲ့အရာတွေကို နှစ်ခါပြန်မတွေးဘူးလို့ ကိုယ့်ကိုကိုယ်သတိပေးလိုက်ပါ။

အဲဒီ့တော့ စိတ်ဓာတ်ခိုင်မာခြင်း၊ ခံနိုင်ရည်ရှိတဲ့စိတ်ခံစားချက်ဖြစ်လာစေဖို့က အကောင်းမြင်စိတ်ကနေဆင်းသက်လာတာြဖ်စပါတယ်။ အကောင်းမြင်စိတ်ကြောင့်ပဲ ဆုံးဖြတ်ချက်ပြတ်သားခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်းနဲ့ သင့်ရဲ့အောင်မြင်မှုတွေကို ထပ်တိုးလာစေနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် သင်နာကျင်ခံစားရသမျှကို လွယ်လွယ်မေ့ပစ်တတ်တဲ့စိတ်ကိုမွေးပါ။ သင့်စိတ်ကိုသင်နားလည်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။