စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွတဲ့ကလေးငယ်တွေဖြစ်စေဖို့ လိုအပ်တဲ့အရာများ

ကလေးဘဝရဲ့စိတ်ဒဏ်ရာဟာ လူကြီးဘဝရောက်တဲ့အချိန်ထိ အများကြီး သက်ရောက်နေပါတယ်။ အဲဒါကြောင့် ကလေးဘဝရဲ့စိတ်ခံစားချက်တွေက အရေးကြီးပါတယ်။ ကလေးအတွက် စိတ်ပျော်ရွှင်နေခြင်းက ကလေးရဲ့ တစ်ဘဝလုံး အကောင်းမြင်စိတ်, စိတ်ဓာတ်ကြံ့ခိုင်ခြင်းတွေနဲ့ အချိုးကျနေပါတယ်။ အဲဒီလို စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွနေတဲ့ကလေးငယ်တွေဖြစ်စေဖို့ လိုအပ်တဲ့အရာများကိုဖော်ပြလိုက်ပါတယ်။


၁) ချစ်ခြင်းမေတ္တာဖြင့်ပြုစုပျိုးထောင်ပေးမယ့်မိဘ
ကလေးကို မိဘဆိုတဲ့ အာဏာဖြင့် အုပ်ချုပ်ခြင်းထက် ချစ်ခြင်းမေတ္တာဖြင့်အုပ်ချုပ်ခြင်းက ကလေးရဲ့ဘဝအတွက် ပိုပြီး အကောင်းမြင်ိစတ်များစေသလို၊ ကလေးကိုလည်း အခြားလူတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့လူမျိုးဖြစ်စေပါတယ်။ ချစ်ခြင်းမေတ္တာဖြင့် ပြုစုပျိုးထောင်ခြင်းခံရတဲ့ကလေးဟာ သူ့ရဲ့ မျိုးဆက်သားသမီးတွေအလှည့်ကျရင်လည်း လွတ်လပ်ပျော်ရွှင်တဲ့ကလေးဖြစ်လာအောင် ပြုစုပျိုးထောင်နိုင်ပါတယ်။ သားသမီးနဲ့မိဘကြားမှာလည်း အပြန်အလှန်နားလည်မှုနဲ့ အေးချမ်းတဲ့မိသားစုဘဝမျိုးဖြစ်လာစေပါတယ်။

၂) အားပေးချီးကျူးတတ်တဲ့ပတ်ဝန်းကျင်ကောင်း
ကလေးရဲ့ကောင်းမွန်တဲ့လုပ်ရပ်တွေအတွက် အားပေးချီးကျူးပေးဖို့လိုပါတယ်။ အဲဒါမှသာ ကလေးက ကောင်းမွန်တဲ့အပြုအမူတွေ၊ လုပ်ရပ်တွေကို များများပြုမူမှာဖြစ်ပြီးတော့ သူ့ကိုယ်သူလည်း ယုံကြည်မှုရှိမှာဖြစ်ပါတယ်။ အမြဲတစေ အဟန့်ခံပြီး အပြစ်တင်ခံနေရတဲ့ကလေးဟာ လွတ်လပ်စွာ ပျော်ရွှင်မှုမရှိဘဲ အမြဲတစေ ဘာအပြစ်တင်ခံရမလဲဆိုတဲ့စိတ်နဲ့ ကလေးပီသစွာပျော်နိုင်မှာမဟုတ်ပါဘူး။

၃) အလေ့အကျင့်ကောင်းတွေသင်ပေးတတ်တဲ့ပတ်ဝန်းကျင်
ကလေးအတွက်လိုအပ်တာကလည်း အသိဥာဏ်ရှိတဲ့လူကြီးတွေဝန်းရံထားတဲ့ပတ်ဝန်းကျင်ကောင်းလည်း လိုအပ်ပါတယ်။ အဲဒါမှ အသိဥာဏ်ရှိတဲ့လူကြီးတွေက ကလေးကို သွန်သင်ပေးရမလဲ၊ ကလေးကိုဘယ်လိုပျော်ရွှင်စေမလဲ၊ ကလေးကို ဘယ်လိုကောင်းကောင်းထိန်းကျောင်းမလဲဆိုတာကို သိတဲ့လူကြီးတွေရဲ့ထိန်းကျောင်းမှုအောက်မှာနေရတဲ့ကလေးဟာ နည်းလမ်းမှန်လမ်းပြုစုပျိုးထောင်မှုကြောင့် စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွတဲ့ကလေးငယ်တွေဖြစ်နိုင်တာပါ။ အဲဒါကြေင့် ကလေးကောင်းဖြစ်လာဖို့ လူကြီးကောင်းတွေလိုတယ်လိုဆိုကြတာပါ။

၄)လွတ်လပ်စွာအသစ်အဆန်းတီထွင်ဖန်တီးနိုင်ခွင့်၊ ဆန်းသစ်နိုင်ခွင့်
ကလေးက စာအုပ်တွေမှာ လျှောက်ခြစ်လို အဆူခံရတာ၊ အုတ်နံရံတွေမှာ လျှောက်ရေးလို့ အရိုက်ခံရတာတွေက ကလေးရဲ့ ဆန်းသစ်တီထွင်ချင်တဲ့စိတ်ကို ဟန့်တားသလိုဖြစ်စေပါတယ်။ အဲဒါကြောင့် ကလေးမှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်ဆိုတာကို လူကြီးက နားလည်ဖို့ လိုပါတယ်။ ကလေးရဲ့ ဆန်းသစ်နိုင်စွမ်းကို အားပေးပါ။ ဘယ်လိုအားပေးမလဲ ဆိုတာကို နည်းမှန်လမ်းမှန်နဲ့ လူကြီးကရွေးချယ်တတ်ဖို့လိုတာပါ။ ဥပမာ။ကလေးက အုတ်နံရံမှာပုံတွေလျှောက်ခြစ်တယ်ဆိုတာမြင်ရင် အပြစ်မတင်ဘဲ ကလေးတွက် စိတ်ကြိုက်ရေးခြယ်ခါင့်ရမယ့် စာအုပ် ဒါမှမဟုတ် ပုံဆွဲစာအုပ်ပြောင်းပေးပြီး ဆွဲခိုင်းတာမျိုးလုပ်ပေးလိုက်ပါ။

၅) အရှိကိုအရှိအတိုင်းသင်ယူတတ်ဖို့
လောကမှာ မိဘက အမြဲကာကွယ်ပေးနိုင်မှာမဟုတ်တဲ့အတွက် အနိုင်ရှိသလို၊ အရှုံးနဲ့ကြုံလာခဲ့ရင်လည်း ကြံ့ကြံ့ခိုင်နိုင်အောင်ပြင်ဆင်ထားနိုင်ဖို့ ပြောြပထားသင့်ပါတယ်၊ နမူနာတွေလည်း ပြပြီး သင်ခန်းစာယူဖို့သွန်သင်ထားသင့်ပါတယ်။ ကိုယ့်မှာရှိထားတာကို လက်ခံတတ်ဖို့၊ ကိုယ့်ရဲ့ဘုရားပေးတဲ့ဘဝအခြေအနေအတိုင်းကို အကောင်းဆုံးလက်ခံတတ်တဲ့စိတ်ဖြစ်အောင် မိဘက သင်ပေးဖို့လိုပါတယ်။ အဲဒါမှသာ ကလေးဟာ သူ့ရဲ့အားနည်းချက်၊ အားသာချက်အကုန်လုံးကို အားငယ်စိတ်မဖြစ်ဘဲ လက်ခံတတ်ပြီးဘဝကိုရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ အဲဒါမှလည်း ကလေးဟာ စိတ်ဒဏ်ရာကင်းပြီး ရွှင်လန်းတက်ကြွတဲ့ကလေးငယ်တွေဖြစ်လာနိုင်မှာပါ။

၆) စိတ်လုံခြုံမှုရှိစေခြင်း
ကလေးရဲံစိတ်လုခြုံမှုရှိခြင်းဟာ မိဘ၊အုပ်ထိန်းသူတွေနဲ့အင်မတန်မှ ဆက်စပ်နေတာပါ။ မိဘအုပ်ထိန်းသူတော်ရင်တော်သလို၊ ဥာဏ်ရှိရင်ရှိသလို ကလေးကို ပြုစုပျိုးထောင်နည်းလမ်းမှန်ကန်ရင်မှန်ကန်သလို ကလေးဟာ စိတ်ဒဏ်ရာမရဘဲ ပျော်ရွှင်စွာကြီးပြင်းလာနိုင်မှာပါ။ အဲဒါကြောင့် ကလေးရဲစိတ်လုံခြုံမှုအတွက် မိဘဟာ ကလေးအတွက် အမှန်တရားအတွက်ဆို ရှေ့ကရှိနေကြောင်း၊ ကလေးဟာအစွမ်းအစမဲ့သူမဟုတ်ကြောင်းမိဘက ကလေးကိုယ်ကလေးယုံကြည်မှုတိုးလာအောင် ကူညီပေးရမှာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။