စိတ်ဓာတ်ခိုင်မာသူတွေလုပ်သင့်တဲ့အကျင့်များ

စိတ်ဓာတ်ခိုင်မာသူတွေဟာ အခြားသူတွေလို အရာအားလုံးခေါင်းထဲထည့်စဥ််းစားနေတာမျိုးမဟုတ်ဘဲ ကိုယ့်စိတ်နှလုံးနဲ့အာရုံထဲထည့်သင့်တာကိုထည့်ပြီး မထည့်သင့်တာကိုမထည့်သင့်မှန်းနားလည်ကြပါတယ်။ အဲဒါကြောင့်လည်း စိတ်ညစ်စိတ်ရှုပ်စ၇ာဆိုတာ မရှိတာမဟုတ်ပေမယ့် အခြားလူတွေထက်ကို တည်ငြိမ်နေတာပဲဖြစ်ပါတယ်။ အဲဒီ့အတွက် စိတ်ဓာတ်ခိုင်မာသူတွေရဲ့အမူအကျင့်တွေကို အတုယူသင့်တာယူရအောင်ဖော််််််ပြပေးလိုက်ပါတယ်။


၁) စိတ်ဓာတ်ခိုင်မာသူတွေဟာ အချိန်ကြာကြာပူဆွေးမနေတတ်ပါဘူး။
သူတို့မအောင်မြင်ခဲ့တဲ့အရာတွေအတွက် စိတ်သောက‌ရောက်ပူဆွေးနေတာမျိုးနဲ့အချိန်မဖြုန်းဘဲ လက်ခံသင့်တာပြီးအကောင်းဆုံးရှေ့ဆက်သွားဖို့ကြိုးစားတတ်ပါတယ်။

၂) အပြောင်းအလဲတွေကိုလက်ခံတတ်ပါတယ်။ အပြောင်းအလဲတွေကိုအလိုက်သင့်လက်ခံပြောင်းလဲဖို့ကြိုးစားတတ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတတ်ပါတယ်။

၃) သူတို့မထိန်းချုပ်နိုင်တဲ့အရာတွေအတွက် မပူဆွေးပါဘူး။
ဘယ်အရာကတော့ ထိန်းချုပ်နိုင်တယ်၊ ဆက်ကြိုးစားမယ်၊ ဘယ်အရာကတော့မထိန်းချုပ်နိုင်လို့ အာရုံထဲမထည့်ဘူးရယ်လို့ ခွဲခြားနးလည်သူဖြစ်ပါတယ်။

၄) ကြိုတင်မှန်းဆတတ်သူတွေဖြစ်ပါတယ်။
ဘယ်လိုအခြေအနေမှမဆိုဖြစ်လာနိုင်တဲ့အကျိုဆက်တွေကို ကြိုတွေးထားတတ်ပြီး ဖြေရှင်းနိုင်သူတွေလည်းဖြစ်ပါတယ်။

၅) အခြားသူတွေရဲ့အောင်မြင်မှုကိုလည်း မုဒိတာ ပွားတတ်ကြပါတယ်။
အခြားသူများရဲ့ အောင်မြင်မှုကိုကြည့်ပြီး မုဒိတာပွားနိုင်သလို အတုယူသင်ခန်းစာယူပြီး ကြိုးစားတတ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။