စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတွေရဲ့ လက္ခဏာ ၅ချက်

စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးဆိုတာ ဘယ်လိုလူမျိုးလဲ။ အခြေခံအားဖြင့်တော့ အခြားသူများရဲ့ အကူအညီ၊ အထောက်အပံ့ကို မယူဘဲ ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တဲ့သူမျိုး၊ ဘဝမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့သူမျိုးကို ပြောနိုင်ပါတယ်။ အထူးသဖြင့် အဆိုးတွေဘယ်လောက်ကြုံကြုံ လဲကျတိုင်းပြန်ထဖို့ ကိုယ့်ကိုကိုယ်ယုံကြည်အားကိုးတဲ့သူမျိုးပဲဖြစ်ပါတယ်။ ဘယ်သူရဲ့ အားပေးမှုကိုမှ မျှော်လင့်နေတာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင် ဘဝကို ရင်ဆိုင်တိုက်ပွဲဝင်ရဲသူတွေပါ။ သူတို့ရဲ့လက္ခဏာတွေကတော့


၁) သူတို့ိကိုယ်သူတို့ အပြင် အခြားသူများကို လေးစားမှုပြုတတ်သူတွေဖြစ်ပါတယ်။
စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတွေက သူတို့ကိုယ်သူတို့လည်း လေးစားသမှုရှိတတ်ပြီး အခြားသူများကိုလေးစားဖို့လိုတယ်ဆိုတာလည်း သိကြပါတယ်။ အခြားသူများကို လေးစားတတ်ခြင်းက သူတို့ကိုယ်လည်း အခြားသူများက ပြန်လည်လေးစားတတ်လာမယ်ဆိုတာ သိသူတွေပါ။ ဘဝမှာ ရလာတဲ့သင်ခန်းစာတွေကိုလည်း ရှေ့ဆက်ဖို့ခွန်အားအဖြစ်ယူတတ်သူတွေပါ။ သူမအပေါ် အကောင်းဆုံးမတုံ့ပြန်တတ်သူတွေအတွက်လည်း စိတ်မညစ်နေတတ်ဘဲ ကြင်နာခြင်းနဲ့ အနိုင်ယူတတ်ပါသေးတယ်။

၂) သူမတို့က မမှီခိုတတ်တဲ့သူတွေဖြစ်ပါတယ်။
အမျိုးသမီးမို့ အားနွဲ့သူဆိုတဲ့ အယူအဆကို သူတို့က လက်မခံတတ်ကြပါဘူး။ ကိုယ့်ဘ၀ ရပ်တည်မှုအတွက် ကိုယ်တိုင်မှာ တာဝန်ရှိတယ်ဆိုတာ သိကြပါတယ်။ သူတို့ကိုယ် သူတို့သာ အားကိုးတတ်သူတွေဖြစ်ပြီး အခြားတစ်ယောက်ရဲ့အကူအညီကို မမျှော်ကိုးတတ်ပါဘူး။ အဲဒါကြောင့်ကိုပဲ ပိုပြီး စိတ်ဓာတ်ခိုင်မာသူတွေဖြစ်လာရပါတယ်။

၃) သူမတို့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိသူတွေဖြစ်ပါတယ်။
စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပါတယ်။ ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို နားလည်သူတွေပါ။ စိတ်ခံစားချက်ဆိုတာ ရာသီဥတုလိုပဲ အချိန်တစ်ခုအရောက်မှာပြောင်းလဲသွားနိုင်တာကိုလည်း သိသူတွေပါ။ အဲဒါကြောင့် နာကျင်စရာမှန်သမျှကို တသသထိုင်ခံစားနေတတ်သူတွေမဟုတ်ပါဘူး။ ခံစားသင့်တာခံစားလို့ ဘဝကို ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေကိုသာ တွေးနေတတ်တာမို့ ခံစားချက်တွေကိုလည်း ထိန်းချုပ်ပြီးသားဖြစ်သားတတ်ပါတယ်။ ကိုယ့်ရဲ့စွမ်းအင်တွေကို အခြားသူများကြောင့် အကုန်ဆုံးမခံတတ်ပါဘူး။

၄) အခက်အခဲတွေ၊ ဖိအားတွေကို ကြံ့ကြံ့ခံနိုင်သူတွေဖြစ်ပါတယ်။
ဖိအားတွေကြုံလာတဲ့အခါ၊ အခက်အခဲတွေကြုံလာတဲ့အခါ ပိုတိုးတက်လာဖို့၊ skill တွေပိုကျွမ်းကျင်လာဖို့ ဆိုတာ သိတဲ့သူတွေဖြစ်ပါတယ်။ အဲဒါကြောင့်ကိုပဲ စွမ်းရည်လည်းပိုးတိုးလာပါတယ်။ ပိုလည်း ခံနိုင်ရည်ရှိလာပါတယ်။ စိတ်ဓာတ်ပျော့ညံ့သူတွေကတော့ ဖိအားတွေ၊ အခက်အခဲတွေကို ရှောင်ပြေးတတ်ပေမယ့် သူမတို့ကတော့ ရင်ဆိုင်လေ့ရှိသူတွေမို့ အချိန်တစ်ခုအရောက်မှာ အခြားသူများထက်ကို ခြေတလှမ်းသာနေတတ်ပါတယ်။

၅) အကောင်းမြင်စိတ်မွေးတတ်သူတွေဖြစ်ပါတယ်။
ဘယ်အရာကိုမဆို အကောင်းမြင်စိတ်မွေးခြင်းက သင့်ဘဝကို ကောင်းတဲ့သက်ရောက်မှုတွေသာ ဖြစ်စေနိုင်ပါတယ်။ အဆိုးမြင်တဲ့အခါ သင့်ရဲ့ခံစားချက်တွေကို ထိုအဆိုးမြင်စိတ်က လွှမ်းမိုးနေတဲ့အတွက် သင့်အတွက် အဖက်ဖက်က ဆိုးကျိုးသာဖြစ်စေပါတယ်။ အလုပ်လည်းမတွင်သလို၊ ခံစားချက်မကောင်းတဲ့အတွက် ဘယ်အရာကိုမဆို အဆိုးမြင်တဲ့စိတ်သာတိုးလာစေပါတယ်။ အဲဒါကို သိပြီး အကောင်းမြင်တတ်ဖို့ ကြိုးစားတတ်သူတွေဖြစ်ပါတယ်။ အကောင်းမြင်စိတ်မွေးတတ်တဲ့အတွက်ကြောင့်ကိုပဲ စိတ်ခံစားချက်တွေက ပိုကောင်းနေတတ်ပါတယ်။ အဲဒါကြောင့် အရာရာကို စွမ်းဆောင်နိုင်တယ်လို့ ကိုယ့်ကိုကိုယ်ယုံကြည်နေတတ်ပါတယ်။

စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတွေက သူတို့ရဲ့အိပ်မက်တွေအတွက် ဘယ်တော့မှ လက်မလျော့တတ်သူတွေလည်းဖြစ်ပါတယ်။ အဲဒါကြောင့် ကျရှုံးမှုအခါခါ ကြုံရတဲ့အတွက် အတွေ့အကြုံတွေကို သင်ခန်းစာအဖြစ်ယူပြီး ရှေ့ဆက်သွားတတ်တာမို့ ပိုလည်းအောင်မြင်တတ်ကြပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။