ဆွမ်းမွှေးရွက်ရဲ့ကောင်းကျိုးများ

ဆွမ်းမွှေးရွက်က အရှေ့တောင်အာရှမှာ အတွေ့များပါတယ်။ အင်ဒိုနီးရှားနဲ့မလေးရှားမှာလည်း အသုံးပြုကြပါတယ်။ အမွှေးနံ့သာနဲ့ ဆိုးကျိုးမရှိတဲ့ အရောင်အဆင်းအတွက်သုံးကြပါတယ်။ ဒီမှာကတော့ မုန့်လက်ဆောင်းဖတ်အစိမ်းလေးတွေလုပ်ရာမှာလည်းသုံးပါတယ်။


၁) ဆံသားနက်မှောင်စေခြင်း
ဆွမ်းမွှေးရွက် ၇ရွက်ခန့်ကို ပြုတ်ပြီး ရေကို ညသိပ်ထားလိုက်ပါ။ ထိုရေထဲကို ရဲယိုသီးရောမွှေပြီး သင့်ရဲ့ဆံသားတွေကို မနက်စောစောမှာ လိမ်းပေးခြင်းအားဖြင့် သင့်ဆံသားကို နက်မှောင်စေတယ်လို့ဆိုပါတယ်။

၂) သွေးဖိအားထိန်းပေးနိုင်ခြင်း
သွေးတိုးခြင်းက ရုတ်တရက် လေဖြတ်ခြင်းကဲ့သို့ပြဿနာမျိုးထိဖြစ်နိုင်ပါတယ်။ သွေးတိုးခြင်းအတွက် ဆွမ်းမွှေးရွက်က ထိန်းပေးနိုင်ပါတယ်။

၃) ဗောက်ပျောက်စေခြင်း
ဆံပင်ကျွတ်များခြင်း၊ ဗောက်ထစေခြင်းတို့ကြောင့် စိတ်ညစ်နေရတယ်ဆိုရင် ဆွမ်းမွှေးရွက်က ကူညီနိုင်ပါတယ်။

၄) နာကျင်မှုကိုသက်သာစေခြင်း
laxative properties ပါဝင်တာကြောင့် ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ အဆစ်အမြစ်တွေကိုက်ခြင်းစတဲ့နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။

၅) အစာစားချင်စိတ်ကိုဖြစ်စေခြင်း
ဆွမ်းမွှေးရွက်က ခံတွင်းအရသာကိုကောင်းစေတဲ့အတွက် မုန့်လုပ်ရာမှာ ထည့်သွင်းကြခြင်းဖြစ်ပါတယ်။ အနံ့သင်းသင်းလေးနဲ့ ဆွမ်းမွှေးရွက်နဲ့ဲပြုလုပ်ထားတဲ့ မုန့်လေးတွေက စားချင်စရာဖြစ်နေတာပါ။

တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံ့စားသုံးခြင်းကတော့ ဘယ်နေရာမှာမှ မကောင်းနိုင်ပါဘူး။ ဘယ်အစားအစာမဆို အစာလည်းဆေး ဆေးလည်းအစာဖြစ်အောင် ချင့်ချိန်စားသုံးဖို့တော့လိုပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။