စာဖတ်တဲ့သူတွေက ဘာကြောင့် ပိုအောင်မြင်ကြတာလဲ။

စာဖတ်တဲ့သူတိုင်းက မအောင်မြင်ဘူးဆိုပေမယ့် အောင်မြင်တဲ့သူတိုင်းကတော့ စာဖတ်ကြပါတယ်။ အောင်မြင်တဲ့သူတေါရဲ့အကျင့်ကို ကြည့်လိုက်ရင် စာဖတ်တဲ့အကျင့်တော့ရှိကြတာချည်းပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်တဲ့လူနဲ့ စာမဖတ်တဲ့သူဟာ ကွာခြားမှုတော့ရှိပါတယ်။ အဲဒီ့ကွာခြားမှုတွေကြောင့်ပဲ စာဖတ်တဲ့သူတွေက စာမဖတ်တဲ့လူတွေထက် ပိုအောင်မြင်ဖို့ အားသာသွားတာဖြစ်ပါတယ်။ အဲဒါဆို ဘာအချက်တွေ့ဖြစ်မလဲဖတ်ကြည့်လိုက်ပါအုံးနော်။


၁) စာဖတ်တဲ့သူတွေဟာ ပိုပြီးအာရုံစိုက်နိုင်စွမ်းရှိကြပါတယ်။
စာဖတ်တဲ့အခါ စာအုပ်အစကနေ အဆုံးထိ စိတ်ပါဝင်စားပြီး တမေ့တမြောဖတ်တတ်ကြတယ်ဆိုတာ အာရုံဝင်စားမှုကြောင့်ပါ။ အာရုံဝင်စားတဲ့အခါ အခြားကို အာရုံပျံ့လွှင့်မှုမရှိတော့ဘဲ အာရုံစူးစိုက်မှုကို ကျင့်ယူထားသလိုဖြစ်စေပါတယ်။

၂) ဗဟုသုတ ကြားဖူးနားဝ ကြွယ်ဝပါတယ်။
စာဖတ်တဲ့သူဟာ စာထဲကနေ မှတ်သားစရာတွေကို တကူးတကမမှတ်သားရင်တောင် အခါများစွာဖတ်ရှုကျင့်ဖြစ်တဲ့အခါ ဦးနှောက်ထဲမှတ်သားပြီးသားဖြစ်စေပါတယ်။ အဲဒါကြောင့် သူ့ရဲ့ဗဟုသူတက စာလုံးဝမဖတ်တဲ့သူထက်စာရင်ကို ပိုများနေတတ်ပါတယ်။ ဗဟုသုတတိုးပွားလေလေ အသိဥာဏ်တိုးပွားလေလေမို့ အသိဥာဏ်မှာသူများထက်ကိုသာနေတတ်ပါတယ်။ အဲဒီ့အားသာချက်ကလည်း တစ်နေရာရာမှာ ပိုအောင်မြင်မှုရာ အထောက်အကူပြုပါတယ်။

၃) ဝေါဟာရကြွယ်ဝပါတယ်။
ဝေါဟာရ စကားလုံးအသစ်တွေ၊ အဓိပ္ပာယ်တူရာစကားလုံးတွေကိုတောင်မှ မတူတဲ့ဝေါဟာရအသစ်တွေကို မှတ်သားနိုင်စွမ်းရှိပါတယ်။ အုဲါကြောင့် သူတို့က စာအရေးအသားမှာလည်း သူများထက်ကို ထူးချွန်နေတတ်ပါတယ်။ စကားပြောရာမှာလည်း သူများထက်ကို သာလွန်တဲ့စွမ်းရည်ရှိပါတယ်။ ပညာရှိအမျက်အပြင်မထွက်ဆိုသလို ကိုယ်မနှစ်သက်တဲ့လူကိုတောင်မှ စကားပြောစွမ်းရည်နဲ့ ကိုယ့်ဘက်ပါအောင်ဆွဲဆောင်နိုင်တာမျိုးပေါ့။ အဲဒီ့အတွက် အများက သဘောကျတတ်ပြီး ဦးစီးဦးဆောင်လည်းဖြစ်နိုင်ပါတယ်။

၄) ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိပါတယ်။
စာသမားဆိုပြီး ငတုံးတွေလို ထင်လို့မရပါဘူး။ လူပုံပန်းကတော့ စာကြမ်းပိုးရုပ်ဖြစ်ချင်ဖြစ်နေနိုင်ပေမယ့် စာထဲကနေ အမြင်ကျယ်၊ ဘဝအစုံ၊ ရသ၊ သူတအစုံထိတွေ့ကြုံဖူးထားသူမို့ စာတွေ့အားဖြင့် အတွေ့အကြုံများနေတဲ့အခါ လက်တွေ့ဘဝမှာ ကြုံလာသမျှကိုလည်း သူများထက်ကို ဆင်ခြင်သုံးသပ်နိုင်စွမ်းပိုရှိပါတယ်။ အမှားလားအမှန်လား တကယ်ဖြစ်နိုင်ရဲ့လား လုပ်သင့်ရဲ့လား စသဖြင့် တွေးတောဆင်ခြင်တတ်ခြင်းကြောင့် အမှားနည်းပါတယ်။ မှားခဲ့ရင်လည်းသင်ခန်းစာယူပြုပြင်နိုင်လာပါတယ်။ အဲဒါကြောင့်ကို သူများထက်စာရင် အမှားနည်းတာပေါ့။

၅) ရည်မှန်းချက်သတ်မှတ်နိုင်စွမ်းရှိကြပါတယ်။
ကိုယ့်ကိုယ်ကိုယ်...ဘာဖြစ်ချင်မှန်းတောင်မသိပါဘူး....ဆိုပြီး ညည်းတတ်ကြတဲ့အချို့လူငယ်တွေကို မြင်ဖူးကြမယ်တင်ပါတယ်။ အဲဒီ့လူအများစုဟာ စာမဖတ်ကြတာများပါတယ်။ စာဖတ်တဲ့လူအများစုကတော့ စာအုပ်တွေထဲကနေ လူတွေရဲ့ ဘဝအစုံစုံကို စိတ်ကူးနဲ့ပုံဖော်တတ်ကြတဲ့အတွက်ကို သူတို့အားကျတဲ့အရာတွေနဲ့ပတ်သက်ပြီး စိတ်ကူးယဥ်တတ်ကြပါတယ်။ စိတ်ကူးထဲကအတိုင်းပုံဖော်ဖို့ကြိုးစားတတ်ကြတာမို့ ရည်မှန်းချက်ရယ်လို့ သတ်သတ်မှတ်မှတ်ဖြစ်လာအောင် ဆုံးဖြတ်တတ်ကြပါတယ်။ အဲဒါကြောင့် စာဖတ်သူတွေဟာ ရည်မှန်းချက်ကို သေချာသတ်မှတ်နိုင်စွမ်းရှိကြပါတယ်။
အထက်ပါအချက်တွေအားလုံးဟာ သူတစ်ပါးရဲ့ခေါင်းတစ်လုံးသာဖို့ရာ အများကြီးအထောက်အကူပြုတဲ့အချက်တွေပါပဲ။ အဲဒီ့လျှို့ဝှက်ချက်တွေကြောင့်သာ စာဖတ်သူတိုင်းဟာ စာမဖတ်တဲ့လူထက်စာရင် အားသာချက်ရှိပြီး ပိုတော်တဲ့လူတွေဖြစ်နေကြတာပါ။ အဲဒါကြောင့် စာဖတ်ခြင်းဟာ သင့်ဘဝကို အများကြီးတိုးတက်ဖို့ရာအထေက်အကူပြုစေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။