ဆိုးဝါးတဲ့နေ့တွေမှာ သင့်စိတ်ခံစားချက်တွေပိုကောင်းလာစေမယ့် နည်းလမ်းများ

သင့်ရဲ့ စိတ်ခံစားချက်တွေကို အမြဲလို သတိထားနေဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လှုပ်ရှားရုန်းကန်နေရတာ၊ အခက်အခဲတွေရင်ဆိုင်နေရတာ၊ ပြဿနာတွေဖြေရှင်းနေရတာ စတာတွေအမျိုးမျိုး ကြုံတွေ့နေရတာပါပဲ။ အဲဒါကြောင့် သင့်ခံစားချက်တွေက အမြဲလို အကောင်းဘက်ကချည်းဖြစ်နေမှာ မဟုတ်ပါဘူး။ သင့်စိတ်ခံစားချက်တွေက မကောင်းတဲ့အခါ သင့်ရဲ့လုပ်နိုင်စွမ်းရည်ပေါ်ကို သက်ရောက်မှုရှိလာပါတယ်။ အဲဒါကြောင့် သင့်စိတ်ခံစားချက်တွေကောင်းမှာ သင့်ရဲ့အလုပ်အကိုင်၊ သင့်မိသားစု၊ သင့်ပတ်ဝန်းကျင်၊ သင့်ရဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ သင့်ရဲ့ကျန်းမာရေးအပေါ်မှာပါ သက်ရောက်မှုကောင်းရနိုင်မှာပါ။ သင့်ရဲစိတ်ခံစားချက်တွေဆိုးဝါးနေတဲ့နေ့မျိုးမှာ ဘယ်လိုမျိုး သင့်ရဲ့စိတ်ခံစားချက်ကို ပြန်လည်မြင့်တင်သင့်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။ တခုချင်းဖတ်ပြီး လိုက်လုပ်ကြည့်လိုက်ပါအုံး။


အဲဒီ့ဆိုးဝါးတဲ့ကိစ္စတွေကို ပြန်မတွေးဘဲ အနားပေးလိုက်ပါတော့။
တစ်နေ့တာလုံး သင့်ကိုနှောင့်ယှက်နေတဲ့ကိစ္စမျိုးကိုမတွေးတော့ဘဲ သင့်ကိုချစ်တဲ့သူတွေနဲ့၊ သင့်အပေါ်ကောင်းတဲ့သူတွေအကြောင်းသာတွေးပါ။ ထိုသူတွေကို အချိန်ပေးလိုက်ပါ။ မိသားစု ဒါမှမဟုတ် သင့်သူငယ်ချင်းတွေနဲ့ ဘယ်လိုအချိန်ကုန်ဆုံးမလဲစဉ်းစားပါ။
ခံစားချက်တွေကို မြိုသိပ်မထားဘဲ ပွင့်အံချပစ်လိုက်ပါ။
ငိုပါ၊ အော်ဟစ်ပြစ်ပါ၊ ပေါက်ကွဲပစ်လိုက်ပါ။ သင့်ခံစားချက်ကို မြိုသိပ်ထားရတာက သင့်ကိုပိုပြီး တမြေ့မြေ့တောက်လောင်နေတဲ့မီးလိုမျိုး ပူလောင်စေပါတယ်။ အဲဒါကြောင့် ပေါက်ကွဲပစ်လိုက်ပါ။
အသက်ကို ပြင်းပြင်းရှုသွင်းပါ။
သင့်ရဲ့အသက်ရှုသွင်း၊ ရှုထုတ်တာကိုပဲ အာရုံစိုက်ကြည့်ပါ။ အသက်ပြင်းပြင်းရှုပြီး ခပ်ပြင်းပြင်း ရှုထုတ်ကြည့်ပါ။ သင့်စိတ်နဲ့ခန္ဓာကိုယ်ပေါ့ပါးသွားဖို့ ပြေလျောအောင် နေပါ။ ကောင်းတာတွေမှာသာ အာရုံစိုက်လိုက်ပါ။
သင့်ကိုသင်ကိုသာ အာရုံထားပါ။
သင့်ကိုပျော်ရွှင်စေတာက ဘာဖြစ်မလဲ။ သင်ပျော်ရွှင်နေတာကို လုပ်ဖို့ သင့်ကိုသင်အချိန်ပေးလိုက်ပါ။ ဥပမာ သင်အရမ်းကြိုက်တဲ့သီချင်းကို တစ်ယောက်ထဲ နားထောင်နေတာမျိုး၊ လိုက်အော်ဆိုပစ်လိုက်တာမျိုး၊ သင်အရမ်းကြိုက်တဲ့ တီဗွီ စီးရီးကို မထတမ်း အာရုံစိုက်ပြီး ကြည်ပစ်လိုက်တာမျိုးပေါ့။
ပေးနိုင်အောင်ကြိုးစားပါ။
သင့်ဘဝရဲ့ဆိုးဝါးတဲ့နေ့တွေမှာ အခြားတစ်စုံတစ်ယောက်ကို ကူညီပါ၊ ဖေးမပါ။ စာနာနားလည်ပေးလိုက်ပါ။ ကိုယ်တုန်းက ဘယ်လိုဆိုးဝါးခဲ့သလဲ၊ သူလည်း အကူအညီမဲ့နေရှာမှာပဲဆိုတဲ့စိတ်လေးနဲ့ ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်ပြီး ဖေးမကူညီကြည့်လိုက်ပါ။ သင့်ခံစားချက်တွေ ကောင်းမွန်လာပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ ပရဟိတအဖွဲ့ဝင်ပြီး ကူညီတာမျိုး အချိန်ပေးလုပ်ကြည့်ပါ။
ပြန်ရင်ဖွင့်ပါ။
တစ်ယောက်ယောက်ကို သင်ခံစားရတဲ့အကြောင်း ရင်ဖွင့်လိုက်ပါ။ သင့်ပြဿနာတွေအကြောင်းရင်ဖွင့်လိုက်တဲ့အခါ သင့်စိတ်ထဲမှာ ပေါ့သွားသလိုခံစားရမှာပါ။ သင့်ရဲ့မိဘတွေ၊
ဒါမှမဟုတ် သူငယ်ချင်းတွေ၊ သင့်ဆရာမတွေ တစ်ယောက်ယောက်ကိုပေါ့။
အနုပညာဆိုင်ရာတခုခုလုပ်ပါ။
ပုံဆွဲတာ၊ ပန်းချီဆွဲတာ၊ ကဗျာရေးတာ ၊ စာရေးတာမျိုးလုပ်ပါ။ သင့်ခံစားချက်တွေကို အပြင်ကိုဖန်တီးလိုက်တဲ့အနေနဲ့ အနုပညာတစ်ခုခု ဖန်တီးကြည့်လိုက်ပါ။
လေ့ကျင့်ခန်းလုပ်ပါ။
သီချင်းနားထောင်ပြီးလိုက်ကတာမျိုးကလည်း လေ့ကျင့်ခန်းလုပ်တာပါပဲ။ အခြားကိုယ်လက်လှုပ်ရှားမှုမျိုးလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ခံစားချက်တွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။
သင့်က တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့နော်။ လူတိုင်းနီးပါမှာ တခုမဟုတ်တခုတော့ ဆိုးဝါးတဲ့ကိစ္စတွေကြုံတွေ့နေတာချည်းပါပဲ။ အဲဒါကြောင့် သင်တစ်ယောက်တည်း ဒီလိုခံစားမှုတွေခံစားနေရတာမဟုတ်ပါဘူး။ အထက်က အချက်တွေလိုက်လုပ်ကြည့်ရင်း အဆင်ပြေသွားအောင်ကြိုးစားကြည့်ပါ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။